Wednesday, November 20, 2013

မကျွတ် ကျွတ်အောင်ချွတ်

Posted by drmyochit Wednesday, November 20, 2013, under | No comments


မိတ်ဆွေတို့ထဲမှာ သီတင်းသာ အခါခါကျွတ်သွားတယ်။ တစ်ကိုယ်တည်း အထီးကျန်ဘ၀က မကျွတ်သေးသူတွေ ရှိနေပါတယ်။

သူတို့ခမျာ သနားဖို့ အကောင်းသားဗျာ။ ကျွတ်ချင်လျက်နဲ့ အစွမ်းအစမရှိဘဲ ဖြစ်နေရတာ။ တစ်ချို့ကလည်း အမူလွန်သွားတာ။


တစ်ချို့ကျတော့ အရွေးလွန်တာ။ တစ်ချို့ကျတော့ ဇ မရှိတာ။ တစ်ချို့ကျတော့ မစရဲတာ။

ဘာ့ကြောင့်ပဲဖြစ်ဖြစ် လူတိုင်းက သူ့ရဲ့ ဖူးစာဖက်ကို ရချင်ကြမှာပဲလေ။ ဖူးစာဖက်ဆိုတာကလည်း လက်ထပ်ယူဖြစ်သွားရင် ဖူးစာဖက် ဖြစ်သွားတာပဲလေ။

ခက်တာက လက်ထပ်ယူဖို့ ချစ်သူ။ ချစ်သူမရှိတာက ပြဿနာပဲ။

ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းလေး ပေးပါရစေ။ အကြမ်းဖျင်းပဲ ပြောမှာနော်။

အသံကောင်းသူက ဂီတသံနဲ့ လူကို ဆွဲဆောင်တယ်။ သင်က အသံမကောင်းရင် အသုံးမ၀င်ချေ။

နောက်တစ်ခုက အဆင်း။ အဆင်းလှတာလည်း ဆွဲဆောင်နည်းပါ။ ဒါပေမယ့် အဲဒါက လူတိုင်းအတွက်မပာုတ်လို့ ထားတော့။

အကောင်းဆုံးက အထိအတွေ့။

သင် သေချာမှတ်ထားပါ။

ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်နည်းက အထိအတွေ့ အကောင်းဆုံးပဲ။

ဘယ်လိုလုပ်ရမယ်ဆိုတာတော့ ကိုယ့်ဖာသာ မီးစင် ကြည့်ကပေတော့။

ပြည်ငြိမ်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်