Wednesday, November 20, 2013

ကရင်ပြည်နယ် မှာ ပြဇာတ်ကရင်း ဘောလုံးကန်ခဲ့တဲ့ ရာဇာနေ၀င်း

Posted by drmyochit Wednesday, November 20, 2013, under | No comments


ဇာတ်ကားတွေကို ဆက်တိုက် ပြန်လည် ရိုက်ကူးလာပြီ ဖြစ်တဲ့ ရာဇာနေဝင်းက ပြေတီဦး၊ မိုးယုစံ တို့နဲ့ ပွိုင်စင် ၁၅ဝဝ ဆိုတဲ့ ဇာတ်ကား ကို ရိုက်ကူး နေပါတယ်။ ဒီ ဇာတ်ကား မှာတော့ အချစ်ကြီးတဲ့ လူပျိုကြီး အဖြစ် သရုပ်ဆောင် ရတာ ဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ရင်း သီချင်းခွေ အတွက် လည်း စီစဉ်နေတဲ့ ရာဇာနေဝင်း က “ဒီကားထဲမှာ ဇာတ်က ဟာသ ပုံစံမျိုး ဆိုတော့ ရယ်ရတာလေးတွေ လည်းပါတယ်။ ဇာတ်ကားတွေက ရိုက်ရတာ ဇာတ်ရုပ်တွေ ကတော့ အမျိုးမျိုး ပါပဲ။ ဒါပေမဲ့ ရယ်စရာ ဟာသ ကားလေးတွေ ပိုများတယ်။ ဒါကလည်း ကုမ္ပဏီ နဲ့ ဒါရိုက်တာ စီစဉ်တဲ့ ဇာတ်တွေလည်း များပါတယ်။ ပြီးရင် သီချင်း ခွေက လုပ်နေတာ သုံးပုဒ်လောက် ကျန်သေး တယ်။ စီစဉ်ထားတာတော့ ပြီးတာနဲ့ ထုတ် မယ်။ ဒီနှစ်ကုန် ပိုင်းလောက်တော့ ဖြစ် မယ် ထင်ပါတယ်။” လို့ ပြောပြ ပါတယ်။

ရာဇာနေဝင်းက နိုဝင်ဘာ ၁ဝ ရက်နေ့ ကရင်ပြည်နယ် ကိုဖျော်ဖြေရေး နဲ့ ဘောလုံး ကန်ဖို့ အတွက် သွားရောက်မယ် လို့ ပြောပြတာကြောင့် “ပြဇာတ် ကမယ်။ ကိုကျော်ဇောလင်း တို့နဲ့ပါ။ ပြဇာတ်ကလည်း ညီအစ်ကို ၄ယောက်မှာ အစ်ကိုက အကြီးဆုံး ဟာသပြဇာတ်လေး ပါပဲ။ နောက်ရန်ပုံငွေပွဲ ဆိုတော့ ဘောလုံး လည်း ကန်မယ်။” လို့ ပြောပြခဲ့ပါ တယ်။

မေမွန်မောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်