Sunday, December 08, 2013

စည်ပင်ဝန်ထမ်းအချို့ နှင့် မိကျောင်းကန်သပိတ်စခန်းဖွင့်လှစ်သူများ ပဋိပက္ခဖြစ်ပွား အမျိုးသမီး ၉ဥိးထိခိုက်ဒဏ်ရာရ

Posted by drmyochit Sunday, December 08, 2013, under | No comments



ဘိုးဘွားပိုင်မြေများ ပြန်မရမချင်း အသေခံတောင်းဆိုမည်ဟု သရဏဂုံတင် သပိတ်စခန်းဖွင့်လှစ်ထားသည့် မိကျောင်းကန် ရပ်ကွက်နေပြည်သူများနှင့် တပ်မြိုနယ်စည်ပင်ရှိဝန်ထမ်းများ ပဋိပက္ခဖြစ်ပွားမူဖြစ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းအတွင်းမှအမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

မိကျောင်းကန် သပိတ်စခန်း အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆီးဂိမ်းလုံခြုံရေးအတွက်နှင့် တံတိုင်းခတ်ခြင်းများ စတင်လုပ်ဆောင်ခဲ့ပြိးတံတိုင်းခတ်သည့် တပ်စည်ပင်ဝန်ထမ်းများနှင့် ပဋိပက္ခအသွင်ဆောင်မည့် သဘောများရှိခဲ့ကြောင်း သပိတ်စခန်းဦးဆောင်သူများကဆိုသည်။

" တံတိုင်းခတ်တာ သစ်ပင်ခုတ်တာတွေက သူတို့ အလုပ်သူတို့ လုပ်တာဆိုပေမယ့် မထိတထိနဲ့ ဆိုတော့ ပြသနာဖြစ်မှာစိုးလို့ အရင်ရက်တွေထဲက ထိန်းသိမ်းထားခဲ့တာ အခုလိုအတင်းအဓမ္မပုံစုံလုပ်တော့ ဖြစ်ကုန်တာပေါ့။ ပြည်သူချင်းရန်တိုက်ပေးနေသလိုပါပဲ " ဟု
သပိတ်စခန်း အနီးမှ တက်ကြွလူပ်ရှားသူ ကိုသိန်းအောင်မြင့်ကဆိုသည်။

အဆိုပါ ပဋိပက္ခကြောင့် သပိတ်စခန်းအတွင်းမှ အမျိုးသမီး ၉ ဥိးထိခိုက်ဒဏ်ရာ ရခဲ့ပြိး သယန်းကျွန်း ပြည့်သူ့ ဆေးရုံသို့  တက်ရောက်ဆေးဝါးကုသနေရကြောင်းသိရသည်။

မိကျောင်းကန် မြေနေရာကိစ္စနှင့် သပိတ်စခန်းဖွင့်လှစ်ခြင်းနှင့် ပတ်သတ်၍ လွတ်တော်ကိုယ် စားလှယ် များဖြစ် သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ လွတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် NDF ပါတီ လွတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ မှ
ဝင်ရောက်ညှိနိုင်းမူများ ပြုလုပ်ခဲ့ပြီး မြေယာကော်မရှင် နှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ ပြင် မိကျောင်းကန် အရေးအတွက် ရက်ပိုင်းအတွင်း မြိုတော်ဝန်နှင့် သပိတ်စခန်းဖွင့်လှစ်သည့် ပြည်သူများ တွေ့ ဆုံပေးမည်ဖြစ်ကြောင်းသိရသည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃ ရှိသိမ်းဆည်းခံမြေယာများအတွက် သယန်းကျွန်းမြိုနယ် ဝေဇယန္တာလမ်းမဘေးတွင် နိုဝင်ဘာ ၂၆ရက်မှ စတင်သပိတ်စခန်းဖွင့်လှစ်
ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမိန့် ဖြင့် ကိုးကြိမ်မြောက် ဆန္ဒထုတ်ဖော်ကာ နှစ်ကြိမ်မြောက် သပိတ်စခန်းဖွင့်လှစ်တောင်းဆိုခဲ့သော်လည် တောင်းဆိုချက်များအား လိုက်လျောခြင်းမရှိဘဲ
အရေးယူ ဖမ်းဆီးမူများသာရှိခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့ က ဘိုးဘွားပိုင်မြေပြန်ရဖို့ အတွက် တောင်းဆိုနေတာ မရမချင်းဆက်လုပ်သွားမှာ အသေခံလုပ်ဖို့ လဲ သရဏဂုံတင်ပြီးသား။
နောက်ဆုံးအစာငတ်ခှံဆန္ဒပြသွားမယ် ဒီလိုတံတိုင်းလာခတ်တဲ့လုပ်ရပ်ကိုလဲ လက်မခံနိုင်ဘူး" ဟု သပိတ်စခန်းတွင် ပါဝင်သည့် မိကျောင်းကန်ပြည်သူတစ်ဦးကဆိုသည်။

သယန်းကျွန်းမြိုနယ် မိကျောင်းကန် (၁၊၂၊၃) ရပ်ကွက်ရှိမြေယာများ ဘိုးဘွားပိုင်မြေများဖြစ်ပြီး ပါလီမန် ဒီမိုကရေစီလက်ထက်မှစကာ စည်ပင်ခွန် စသည့်အခွန်ခများ ပေးဆောင်နေထိုင်ခဲ့ကြောင်း
တပ်ပိုင်နယ်မြေဟုဆို၍ မြေယာများအား သိမ်းယူသွားခဲ့ကြောင် သပိတ်စခန်းဖွင့်လှစ်သည့် မိကျောင်းကန်ပြည်သူများမှ ကြေညာ၍ မြေယာများပြန်ရသည် အထိ တောင်းဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပန်မိုးဝါ(ရိုးရာလေး)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်