Sunday, December 08, 2013

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူများအတွက် Mobile အမျှဝေပွဲ လုပ်မည်

Posted by drmyochit Sunday, December 08, 2013, under | No comments

ခရီးသွားလာရင်းဖြင့် ယာဉ်တိမ်းမှောက်သေ ဆုံးခဲ့ ကာ မကျွတ်လွတ်သေးသူများ အတွက် အမျှ အတန်းပေးဝေ ပွဲ အား လားရှိုး -မန္တလေး
လမ်း ပိုင်း အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူစာရေးဆရာ သီပေါကိုလတ် ထံမှ သိရှိရသည်။

'' ဒီပွဲကိုလုပ်တာ ဘာအရောင်အသွေးမှ မပါပါဘူး၊ အဓိက လမ်းတွေပေါ်မှာသေဆုံးပြီး မကျွတ် လွတ်နိုင်ဖြစ်နေ တဲ့ သူတွေကို ကျွတ်လွတ်သွားစေချင်တဲ့စေတနာနဲ့ ခရီးသွားပြည်သူတွေအပေါ်မှာ ဒီလိုမကျွတ်လွတ်တဲ့သူတွေအနှောင့်အယှက်ပေးတာမျိုး မကြုံရအောင်ဆိုတဲ့ စေတနာနဲ့ လုပ်တာပါ '' ဟု
အဆိုပါ ပွဲစီစဉ်သူမှ ပြောသည်။

အဓိကပြုလုပ်မည့်နေရာများမှာ ယာဉ်မကြာခဏတိမ်မှောက်လေ့ရှိသည့် နာမည်ကြီးနေရာများဖြစ်သော စဥ့်အင် - လားရှိုး၊ စဥ့်အင် - ကုန်းသာအကြား၊ သီပေါ - ကျောက်မဲအကြား မောင်ဖုန်းတောင်ဒေသ၊
ကျောက်မဲ - နောင်ချိုအကြား ဂုတ်တွင်းအတက်အဆင်းနေရာနောင်ချို - ပြင်ဦးလွင် အကြားနှင့် ပြင်ဦးလွင် - မန္တလေးအကြား (၂၁)မိုင်အဆင်း၊ (၂၆) မိုင် (၆) ဖာလုံ အတက်နေရာများတွင် အဓိကထား
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

'' ဒီလိုပွဲမျိုးက အမျိုးသမီးနဲ့ကလေးတွေပါရင် အန္တရာယ်များတယ်၊နောက်ပြီး အရက်သေစာသောက်တဲ့သူ၊ နောက်တတ်ပြောင်တတ်တဲ့သူတွေ ပါလို့မရပါဘူး၊ သေချာဂရုစိုက်ပြီး လုပ်ပေးသွားမှာ ဖြစ်ပါတယ် '' ဟု အဆိုပါပွဲတွင် ပါဝင်ကူညီပေးသူများမှ ပြောသည်။

ပွဲဖြစ်မြောက်ရေးအတွက် ယခင် နေပြည်တော် - မန္တလေးလမ်းပိုင်း အကျွတ်အလွတ် ပွဲပြုလုပ်ခဲ့ဖူးသူများ ထံမှ လည်း အကြံဥာဏ်များ ရယူထားကြောင်းနှင့် ရရှိသောအတွေ့အကြုံပေါ်မူတည်ပြီးနေပြည်တော် - မန္တလေး၊ မူဆယ် - လားရှိုးလမ်းပိုင်း ယာဉ်တိမ်းမှောက်မှုမကြာခဏဖြစ်ပွားလေ့ရှိသော နေရာများတွင် လည်း ဆက်လက်၍အမျှအတန်းပေးဝေ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိတ်ပါဝင်စားသူများအနေဖြင့် သိရှိလိုသည်များ၊ အကြံဥာဏ်ပေးလိုသည်များရှိပါက သီပေါစာရေး ဆရာအ သင်းရုံး၊ဖုန်းနံပါတ် ၀၉ - ၄၀၃၇၀၈၈၉၇ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်