Wednesday, December 11, 2013

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားလဲလှယ်

Posted by drmyochit Wednesday, December 11, 2013, under | No comments




မောင်တော၊ ဒီဇင်ဘာ ၁၀

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် နှစ်နိုင်ငံ အကျဉ်းသားများကို အပြန်အလှန် လဲလှယ်ခဲ့ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူများ ထံမှ သိရှိရသည်။

ထိုင်းငါးဖမ်းသင်္ဘောတွင် လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံသား ငါးဦးသည် ၂၀၀၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပိုင်နက်တွင် နယ်မြေကျူးကျော်မူဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံက ပြန်လည် လွှဲပြောင်းပေးခဲ့သည့် အသက် ၁၅ နှစ်အရွယ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား လူငယ်နှစ်ဦးမှာလည်း လွန်ခဲ့သည့် ခြောက်လခန့်က ငါးဖမ်း ထွက်ရာမှ မြန်မာပိုင်နက်တွင် ဖမ်းဆီးခံခဲ့ရသူ များဖြစ်ကြောင်း ယင်းအစည်းအဝေး တက်ရောက်ခဲ့သူ တောင်ပြိုလက်ဝဲ လူမှုကူညီရေး အသင်းမှ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက လွှဲပြောင်း ပေးလိုက်သည့် မြန်မာနိုင်ငံသား ငါးဦးမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ နှစ်ဦး၊ ကျောက်တော်မြို့နယ်မှ တစ်ဦးနှင့် ကျောက်ဖြူမြို့နယ်မှ တစ်ဦးတို့ဖြစ်ပြီး ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar အကျဉ်းထောင်တွင် ထိန်းသိမ်းခံ ခဲ့ရကြောင်း ၄င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွတ်မြောက်လာသူ များကို တောင်ပြိုလက်ဝဲ လူမှုကူညီရေး အသင်းက ငွေကျပ်တစ်သောင်းစီ လှူဒါန်းခဲ့ပြီး ၄င်းတို့ကို စစ်တွေမြို့ရှိ လူမူကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသို့ လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ လူဝင်မူကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးမှူး က ပြောကြားသည်။

(ခင်မောင်အေး)
The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်