Wednesday, December 11, 2013

Hobbit ကျေးရွာလေးကို Lego တုံးများဖြင့် ဖန်တီးပြခဲ့သည့် ဆယ်ကျော်သက်နှစ်ဦး

Posted by drmyochit Wednesday, December 11, 2013, under | No comments

အသက်(၁၇)နှစ်ရှိ ဘလိတ်ခ်ဘေအာနှင့် အသက်(၁၈)နှစ်အရွယ် ဂျက်ဘစ်တနာတို့သည် ယင်းရွာငယ် ပုံတူလေးအတွက် နာရီပေါင်း (၄၀၀)ကျော် အချိန်ယူ တည်ဆောက်ခဲ့


Hobbit ဇာတ်ကားများကို နှစ်သက်သည့် ပရိသတ် နှစ်ဦးသည် Hobbitကျေးရွာလေး တစ်ခုကို လက်တွေ့ ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ကစားစရာ Legoတုံးလေး (၈၀၀၀၀)ကို အသုံးပြုပြီး အလွန်အနုစိတ်သည့် Hobbitရွာငယ်လေး တစ်ခု၏ ပုံစံငယ်ကို ဖန်တီးခဲ့ကြသည်။ အသက်(၁၇)နှစ်ရှိ ဘလိတ်ခ်ဘေအာနှင့် အသက်(၁၈)နှစ်အရွယ် ဂျက်ဘစ်တနာတို့သည် ယင်းရွာငယ် ပုံတူလေးအတွက် နာရီပေါင်း (၄၀၀)ကျော် အချိန်ယူ တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ၊ ပင်ဆယ်လ်ဗေးနီးယားမှ လူငယ်လေး နှစ်ဦးသည် တောင်ထွတ်ပေါ်တွင် စီတန်း ဆောက်လုပ်ထားသည့် အိမ်ပုလေးများနှင့် ကျေးရွာတစ်ခုကို အရောင်အသွေး စုံလင်သော Legoတုံးလေးများဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကျေးရွာလေးတွင် လေရဟတ်လေးတစ်ခု၊ ချောင်းငယ်လေးနှင့် ဈေးကလေးတို့ကိုပင် ထည့်သွင်း ဆောက်လုပ်ထားသေးသည်။ အဆိုပါ ပုံစံငယ်လေးသည် (၅၆)လက်မ အမြင့်ထိရှိပြီး အလေးချိန် ပေါင်(၂၀၀)ထိ လေးလံကြောင်းလည်း သိရသည်။


ဒီဇင်ဘာလလယ်တွင် ရုံတင်မည့် Hobbit ဇာတ်ကားသစ် The Desolation of Smaug အမီ ယခုရွာငယ်လေးကို တည်ဆောက်ခြင်းဟု ဘလိတ်ခ်က ရှင်းပြခဲ့သည်။ "ကျွန်တော်က Legoတုံးလေးတွေနဲ့ သဘာဝ ရှုမျှော်ခင်းပုံလေးတွေ တည်ဆောက်ရတာကို သဘောကျပါတယ်။ Lord of the Ringsထဲက ပုံတွေကိုလည်း တည်ဆောက်ဖူးတယ်။ ဒါပေမဲ့ ဒီလက်ရာကတော့ အနုစိတ် အနိုင်ဆုံးပဲ"ဟု ဘလိတ်ခ်က ပြောကြားသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်