Friday, February 21, 2014

ဖူကူရှီးမား နျူဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွ ရေများစိမ့်ထွက်ခဲ့

Posted by drmyochit Friday, February 21, 2014, under | No comments

ရေဒီယိုသတ္တိကြွ အဆိပ်သင့် ရေများသည် ဓာတ်ပေါင်းဖို တစ်ခုရှိ အဆို့တစ်ခုအား မတော်တဆ မှားယွင်း၍ ဖွင့်မိခဲ့ခြင်းကြောင့် လျှံထွက်သွားခြင်းဟု ဆိုသည်


ဂျပန်နိုင်ငံရှိ ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံမှ ရေဒီယိုသတ္တိကြွနေသောရေများ ပင် လယ် ထဲသို့ မတော်တဆ စီးဝင်သွားကြောင်း စက်ရုံကို ထိန်းချုပ်လည်ပတ်နေသည့် TEPCOက ပြောကြား ခဲ့သည်။ အဆိုပါ ရေဒီယိုသတ္တိကြွ အဆိပ်သင့် ရေများသည် ဓာတ်ပေါင်းဖို တစ်ခုရှိ အဆို့တစ်ခုအား မတော် တဆ မှားယွင်း၍ ဖွင့်မိခဲ့ခြင်းကြောင့် လျှံထွက်သွားခြင်းဟု ဆိုသည်။ ယင်းဓာတ်ပေါင်းဖိုသည် (၂၀၁၁) ခုနှစ်က ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခြင်းနှင့် ငလျင်ကြီးလှုပ်ခတ်ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ပြီး နျူကလီးယား ယိုစိမ့်မှုများ ပေါ်ပေါက်ခဲ့သော ဓာတ်ပေါင်းဖိုလည်း ဖြစ်သည်။

နောက်ပိုင်းတွင်လည်း ပြဿနာအချို့ ရှိနေသည့်တိုင် ယခုစိမ့်ထွက်မှုမှာ ဩဂုတ်လနောက်ပိုင်း အဆိုးရွား ဆုံး ပြဿနာဟု သတင်းများက ဖော်ပြခဲ့သည်။ TEPCOက မတော်တဆ မှားယွင်းမှုကြောင့် ရေဒီယို သတ္တိကြွနေ သည့် ရေထုတန်ချိန် (၁၀၀)မျှသည် ပင်လယ်ထဲသို့ စီးဝင်သွားခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဩဂုတ် လက ဖြစ်စဉ်တွင်မူ ရေထုတန်ချိန် (၃၀၀)မျှထိ ပင်လယ်ထဲ စီးဆင်းရောက်ရှိခဲ့ပြီး ပတ်ဝန်းကျင် ဒေသများ တွင် စိုးရိမ်အဆင့် ကြေညာချက် ထုတ်ပြန်သတိပေးခဲ့ရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ရေတစ်လီတာလျှင် (၁၀)Becquerelယူနစ်ထက် ပိုများသောရေသည် သောက်သုံးရန် မသင့်ဟု အကြံပြုထားသည်။

ဖူကူရှီးမားရှိ ဓာတ်ပေါင်းဖိုမှ စိမ့်ထွက်လာသော ရေထုသည် တစ်လီတာလျှင် Becquerel သန်း(၂၃၀)မျှ ပါဝင်နေသည်။ TEPCOမှ ပြောရေးဆိုခွင့်ရ အရာရှိ မာဆာယူကီအိုနိုက "ဒီလို မတော်တဆ ယိုစိမ့်မှုမျိုးနဲ့ လူတွေ အထိတ်တလန့် ဖြစ်စေခဲ့တဲ့အတွက် ကျွန်တော်တို့ အနူးအညွတ် တောင်းပန်ပါတယ်။ ဒီရေတွေက ကန့်သတ်ထားတဲ့ ပင်လယ်ပြင် နယ်နိမိတ်ကနေ သမုဒ္ဒရာထဲ စီးသွားမယ့် အခြေအနေတော့ မရှိနိုင် ပါဘူး"ဟု ပြောကြားခဲ့သည်။ ဖူကူရှီးမား ဓာတ်ပေါင်းဖိုတွင် ပြီးခဲ့သည့် နှစ်အတွင်း၌လည်း ရေဒီယို သတ္တိ ကြွရေ ထု ယိုစိမ့်မှု ပြဿနာများ မကြာခဏ ကြုံခဲ့ရသေးသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်