Friday, February 21, 2014

ကျပ်သိန်းသုံးရာနီးပါးနှင့် လူ၃၃ဦးလူကုန်ကူးခံခဲ့ရမှု မကွေးတိုင်းတွင်ဖြစ်ပွားခဲ့ကြောင်းသိရ

Posted by drmyochit Friday, February 21, 2014, under | No comments


မကွေး၊ ဖေဖော်ဝါရီ ၂၁။

မြန်မာနိုင်ငံတွင်လူကုန်ကူးမှုများကိုစီမံချက်ချမှတ် အကောင်အထည်ဖော်နေသော်လည်း ကျေးလက်ဒေသနေ ၀င်ငွေနည်းပါသော တောင်သူများကို လူကုန်ကူးသူများအနေဖြင့် ပစ်မှတ်ထားသောကြောင့် တစ်ရွာတည်းတွင် လူ၃၃ဦးနှင့် ငွေကျပ်သိန်းသုံးရာနီးပါးကိုလိမ်လည်မှုများ ရှိနေကြောင်းမကွေးတိုင်းဒေသကြီင်္း ပွင့်ဖြူမြို့နယ်ရှိ သရက်တောကျေးရွာအုပ်စု အတွင်းမှသမင်ခြံကျေးရွာသားများက အတည်ပြုပြောဆိုသည်။
“ကျွန်မတို့က အိမ်ထောင်ကျခါစဆိုတော့ အိမ်ပိုင်လည်းမရှိသေးဘူးလေ ဒါကြောင့်မျှော်လင့်ချက်နဲ့ လွှတ်လိုက်တာပါ။ ဒါပေမဲ့အသွားအပြန် ကုန်ကျစရိတ်၉သိန်းလောက် ကုန်သွားတယ် အတိုးနဲ့ဆိုတော့ ၁၁သိန်းလောက်တော့ ကုန်သွားတာပေါ”ဟု ကိုအောင်အောင်၏ဇနီးဖြစ်သူကပြောဆိုသည်။
အဆိုပါကျေးရွာသားများကို ထိုင်းနိုင်ငံတွင် တစ်လ၄သိန်းခန့် ရရှိမည်ဟုဆိုကာ ၀န်ဆောင်ခအဖြစ်တစ်ဦးကို ငွေကျပ်လေးသိန်းငါးသောင်းဖြင့် ခေါ်ယူခဲ့သောကြောင့် အဆိုပါကျေးရွာသား၃၃ဦးမှာ ကော့သောင်မှတဆင့် တဖက်နိုင်ငံသို့လူကုန်ကူးခံရမှုဖြစ်ပွားခဲ့ကြောင်း လူကုန်ကူခံရမှုတွင် ပြန်လည်လွတ်မြောက်လာသူ တစ်ဦးဖြစ်သူ ကိုအောင်အောင်က မြ၀တီသတင်းစာသို့ ပြောကြားသည်။
ယင်းသို့လူကုန်ကူးခံခဲ့ရသော သူများသည်နေရပ်မှ မသွားရောက်ခင်ကတရားဝင်သွားရောက်ရမည်ဟု ပြောဆိုသောကြောင့် လေယာဉ်ဖိုးနှင့် ၀န်ဆောင်ကကျပ်၎သိန်းငါးသောင်းချက်ချင်း ပေးခဲ့ရပြီး ရန်ကုန်မှတဆင့် ကော့သောင်းသို့သာ လေယာဉ်ဖြင့်ပို့ဆောင်ပေခဲ့ပြီး လူကုန်ကူးပွဲစားများအဆင့်ဆင့်ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းတို့က ပြောဆိုသည်။
ထိုလူကုန်ကူးသူများအနေဖြင့် တစ်ဖက်နိုင်ငံမှ အလုပ်ရှင်များထံတွင် တစ်ဦးလျင်ဘတ်၈ထောင်မှ၂သောင်းအထိ ပွဲစားခရရှိကြပြီး လူကုန်ကူးသူများ အနေဖြင့် တစ်ဖက်နိုင်ငံသို့ ရေလမ်းကုန်လမ်းမှ အဆင့်ဆင့်ပို့ဆောင်ကြပြီး တဖက်နိုင်ငံသို့ ရောက်ရှိပြီးအလုပ်လုပ်ကိုင်သော အခါတွင်လည်း နောက်ထပ်ဝန်ဆောင်ခ ၂သိန်းငါးသောင်းကို လုပ်အားခများမှ ထပ်မံဖြတ်တောက်ကြသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောဆိုသည်။
ယင်းပြင်လုပ်အားခများကိုလည်း အမျိုးမျိုးဖြတ်တောက်ကြသည့်အပြင် နေ့စဉ်စားသောက်ကြသော အစာအစာများကိုလည်း ကာလပေါက်ဈေးထက် အနည်းဆုံးတစ်ဘတ်ဈေးပိုပေးရကြောင်းလည်း သိရသည်။ ထိုသို့လူကုန်ကူခံရသော အခြေအနေမှန်များသိသွားသူများ အနေဖြင့်လည်းအိမ်ပြန်ချင်ပါက တစ်ဦးနောက်ထပ်ကျပ်၎သိန်းငါးသောင်း ထပ်မံပေးရပြီး လာရောက်ရွေးထုတ်မည့်သူ ရှိမှသာပြန်ခွင့်ရရှိကြကြောင်းလည်း သိရသည်။
ထိုသို့အိမ်ပြန်ချင်သူများအနေဖြင့် ထိုင်းနိုင်ငံလူဝင်မှုဥပဒေအရ ဖမ်းဆီးခံရပြီးမှသာ အိမ်ပြန်ခွင့်ရရှိကြကြောင်းလည်း သိရသည်။ အထက်မြန်မာနိုင်ငံရှိ ဒေသအများစုမှ တောင်သူများအနေဖြင့် စားဝတ်နေရေးခက်ခဲလာမှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ ထိုသို့လူကုန်ကူးမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေရခြင်းဖြစ်သည်။

ဘကြီးအောင်(မကွေး)
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်