Thursday, February 20, 2014

ဆံပင်ကောက်ကောက် ပွပွလေးနဲ့အထာကျနေအောင် အိမ်မှာ ကိုယ်တိုင်ဖန်တီးကြည့်မလား

Posted by drmyochit Thursday, February 20, 2014, under | No comments


ဆံပင်ကို အပူချောင်းနဲ့ကောက်ထားပြီး သပ်ရပ်လွန်းနေတဲ့ ဆံပင်ပုံစံမျိုးတွေ မြင်ဖူးပါသလား။ ခုလေးမှ အပူချောင်းနဲ့ ကောက်ပြီးထွက်လာမှန်း သိသာလွန်းတဲ့ ဆံပင်စတိုင်လ်မျိုးဟာ ဘေးနားက ကြည့်ရသူတွေအတွက် ရယ်ရနိုင်ပါတယ်။ ဒါပေမယ့် လူငယ်ဆန်ပြီး ကောက်သားလည်းပါမယ်၊ ပွပွယောင်းယောာင်းလေးနဲ့ ပဲများထားတဲ့ အထာမျိုးမထွက်တဲ့ ဆံပင်ပုံစံမျိုး လုပ်ကြည့်ချင်တယ်ဆိုရင်တော့ ခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း ကိုယ်တိုင်လုပ်ကြည့်လိုက်ရုံပါပဲ။ တစ်ခုတော့ရှိတယ် ဆံပင်ရှည်မှ ဖြစ်မှာနော်။
၁။ပထမအဆင့်ကတော့ ရှန်ပူ နဲ့ ဆံပင်ပျော့ဆေးသုံးပြီး ခေါင်းလျှော်လိုက်ပါ။ 


၂။အဲ့ဒီနောက်မှာတော့ ဆံပင်ကို မုစ်လိမ်းလိုက်ပါ။ အရမ်းအများကြီး မလိမ်းမိအောင်တော့ ဂရုစိုက်ရမှာပါ။ 


၃။အဆင့်သုံးမှာတော့ ဆံပင်ကို ဒရိုင်ယာ၊ ဘရက်ရှပ်အလုံးကြီးကို သုံးပြီး ဆံပင်ကို အခြောက်ခံရင်း ပုံသွင်းဖို့ပါပဲ။ အဲ့ဒီလို ပုံသွင်းတဲ့အခါ ဆံပင်ကို ခွဲခွဲပြီး သွင်းဖို့လိုပါတယ်။ 


၎။ပထမဆုံးအခြောက်ခံပုံသွင်းပြီးတဲ့ ဆက်ရှင်ကို ပုံမှာပြထားသလို လိမ်ပေးပါ။ လိမ်တဲ့အခါ အတွင်းကနေ အပြင်ဘက်ကို လိမ်တဲ့ပုံစံမျိုး လိမ်ပေးပါ။ 


၅။ပြီးသွားရင် လိမ်ထားတဲ့ ဆံပင်ဆက်ရှင်လေးကို ဒီအတိုင်းလေး ပြန်ချထားလိုက်ပါ။ 


၆။အဆင့်ခြောက်မှာတော့ ရှေ့ဆံပင်တွေကို အခြောက်ခံ၊ ပုံသွင်း၊ လိမ်ပေးပါ။ ရှေ့ဆံပင်ဆိုတာ အားလုံးထက် အရင်ဆုံးလုပ်ထားဖို့ လိုလို့ပါ။ 


၇။ကျန်တဲ့ ဆံပင်တွေကို ခုနကဖော်ပြထားသလို အခြောက်ခံပြီး ပုံသွင်း၊ အဲ့ဒီနောက် လိမ်ပေးရုံပါပဲ။ ပြီးရင် ပြန်ချထားလိုက်ပါ။ 


၈။ခေါင်းတစ်ခေါင်းလုံးက ဆံပင်တွေကို ခုနလို လုပ်ပေးနေချိန် အရင်လိမ်ထားပြီးသား ဆံပင်တွေကို ပုံပျက်မသွားပါစေနဲ့။ 


၉။ခေါင်းအနောက်ခြမ်းက ဆံပင်တွေကတော့ ပုံသွင်းရတာ နည်းနည်းခက်ပါလိမ့်မယ်။ ဒါပေမယ့် ခုန မုစ်လိမ်း အခြောက်ခံထားတော့ သိပ်စိတ်ပူစရာတော့ မလိုပါဘူး။ 


၁၀။ခေါင်းတစ်ခေါင်းလုံး ပုံသွင်းပြီးတဲ့အခါ ပထမဆုံးလုပ်ထားတဲ့ ဆံပင်လေးတွေက နည်းနည်းတောင် ပြေချင်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သဘာဝဆန်ဆန်လှနေမှာမို့ စိတ်မပူပါနဲ့။ အားလုံးပုံသွင်းပြီးတာနဲ့ ခေါင်းကို တစ်ချက်နှစ်ချက်ခါလိုက်ပြီး လက်ချောင်းလေးတွေနဲ့ ဆံပင်ကို နည်းနည်း ထိုးခွဲပေးလိုက်ပါ။ ဒါဟာ ပုံသွင်းထားမှန်း မသိသာစေဖို့ပါ။ အားလုံးအဆင်ပြေသွားပြီဆိုရင်တော့ ကြာရှည်ခံဖို့ စပရေးနည်းနည်းဖျန်းပေးလိုက်ရုံပဲပေါ့။ 

Add caption


Ref:luckymag.com
Trend Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်