Saturday, March 08, 2014

သန္ဓေတားဆေးနှင့် အသားအရေ

Posted by drmyochit Saturday, March 08, 2014, under | No comments


သန္ဓေတားနည်းအမျိုးမျိုးဟာ ဘေးထွက်ဆိုးကျိုးအနည်းနဲ့ အများဆိုသလို ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် သန္ဓေတားဆေးတွေဟာ ရင်သားတွေကို ပိုကြီးမားတာ ဖြစ်စေနိုင်သလို ကိုယ်အလေးချိန်အနည်းငယ် မြင့် တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အလားတူ အသားအရေအပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။

အရင်က ရာသီလာချိန်မှာ ဝက်ခြံပေါက်တာမျိုး ဖြစ်ဖူးပါသလား။ ဒါကသင်တစ်ယောက်တည်းဖြစ်တာ မ ဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာအန်ဒရိုဂျင်ဟော်မုန်းရှိပါတယ်။ ရာသီမလာခင်မှာ ဒီဟော် မုန်းဟာ အဆီပိုတွေထွက်ရှိအောင် ခန္ဓာကိုယ်ကိုလှုံ့ဆော်ပါတယ်။ ပုံမှန်အားဖြင့် အဆီဆိုတာ သင့်အသား အရေအတွက် ကောင်းပါတယ်။ သင့်အသားအရေ ကျန်းမာလှပစေဖို့ အဆီတွေကို အဆက်မပြတ်ထုတ်ပေး
နေပါတယ်။ ဒါပေမဲ့အဆီတွေကို အလွန်အမင်းထုတ်လိုက်ရင် အဆီတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ သန္ဓေတားဆေးသောက်တဲ့အခါ အဆီပိုအများအပြား ထွက် ရှိစေတဲ့ အန်ဒရိုဂျင်ဟော်မုန်းကို သွားတားနိုငင်တာကြောင့် ဝက်ခြံနဲ့ တခြားအဖုအပိမ့်ထွက်နှုန်း လျော့နည်း သွားပါတယ်။ ဒါကြောင့်ဝက်ခြံကုသဖို့ သန္ဓေတားဆေးတချို့ကို FDA အတည်ပြုထားတာ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာတော့သန္ဓေတားဆေးသောက်တာကြောင့် အသားအရေကို ပြောင်းပြန်အကျိုးသက်
ရောက်မှုရှိသွားပါတယ်။ သန္ဓေတားဆေးတွေက ဝက်ခြံအဖုအပိမ့်ကိုကင်းစင်စေတယ်ဆိုပေမယ့် သင့်အရေ
ပြားဟာ နေရောင်ခြည်ဒဏ်အပေါ်ပိုပြီး ထိခိုက်လွယ်သွားတတ်ပါတယ်။ ဒါကြောင့်မျက်နှာပေါ်အမည်းကွက်
တွေ ပေါ်လာတာမျိုး ဖြစ်တတ်ပါတယ်။

ဇွန်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်