Saturday, March 08, 2014

မြန်မာနိုင်ငံတွင် နှစ်နှစ် အတွင်း လူကုန်ကူးခံရသူ ၆၄၇ ဦးအနက် ကယ်တင်ရန် ၁၃၀ ဦးကျန်ရှိ

Posted by drmyochit Saturday, March 08, 2014, under | No comments


ရန်ကုန် ၊ မတ် - ၇

မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း လူကုန်ကူးခံရသူ ၆၄၇ ဦးရှိသည့်အနက် ကယ်တင်ရန် လူကုန် ကူးခံရသူဦးရေ ၁၃၀ဦးကျန် ရှိနေ ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ် ဖွဲ့မှူးရုံး (နေပြည် တော်) မှ သိရသည်။

““လူကုန်ကူးခံရတဲ့သူတွေထဲမှာ မိန်းကလေးဦးရေကပိုများတယ်။ ဥပ မာ လူသုံးရာမှာ မိန်းကလေးကနှစ်ရာ လောက်ပါတယ်။ ကျန်တာယောက်ျား လေးတွေ ပဲ လူကုန်ကူးမှုတွေဖြစ်ရတဲ့ အကြောင်း ရင်းကတော့ သူတစ်ပါး ကို အယုံလွယ်တာရယ်၊ အသိပညာ အားနည်း တာရယ်၊ မိသားစုအခက် အခဲတွေကြောင့် မလုပ်သင့်တာလုပ် ရင်းနဲ့ မဖြစ်သင့် တာဖြစ်ကုန် တာ””ဟု မြန်မာနိုင်ငံလူ ကုန်ကူးမှုတား ဆီး နှိမ်နင်းရေးတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လူကုန်ကူးမှုတားဆီးကာကွယ် ရေး(ဗဟို)၏ ထုတ်ပြန်ချက် များ အရ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင်၂၀၁၂ခု နှစ်မှ ၂၀၁၃ ခုနှစ် အထိ နှစ်နှစ် တာ ကာလအတွင်း လူကုန်ကူးမှု ၃၂၂မှုဖြစ် ပွားခဲ့ပြီး လူဦးရေ ကျား ၁၈၉ဦးနှင့် မ ၄၅၈ဦး စုစုပေါင်း ၆၄၇ဦးထိရှိ သည့် အနက် ၅၁၇ဦးအား ကယ်တင်နိုင်ခဲ့ ပြီးလူကုန်ကူးခံရသူ အမျိုးသား ၅၁ဦး နှင့် အမျိုးသမီး ၇၉ဦးအားကယ်တင် ရန်ကျန် ရှိနေသေးကြောင်း ၎င်းင်းအ ရာရှိကဆိုသည်။

““ပြည်ပလုပ်ငန်း အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီတွေ တိုးတက် များ ပြား လာတာဟာ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးကို တိုက်ရိုက်လျှော ကျစေ ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြား ကို သွားရောက်လုပ် ကိုင်မယ့်သူတွေ က ကုမ္ပဏီတွေနဲ့ တိုက်ရိုက် စကားပြော အလုပ်လုပ်ရတော့ ကြားက ပွဲစားတွေ ရဲ့ လှည့်ဖြားတာတွေကိုမခံရတော့ ဘဲ ပြည်ပက လုပ်ငန်း ကုမ္ပဏီတွေ နဲ့ ချိတ် ဆက်ပေးတဲ့အတွက် လူကုန်ကူးမှုကို မဖြစ်စေတော့ပါ ဘူး””ဟု ရန်ကုန်လူ ကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ စုမှူး ရဲမှူး ရိုလင်က ဆိုသည်။

မြန်မာနိုင်ငံမှ တခြားပြည်ပနိုင် ငံများသို့လူကုန်ကူးမှုတွင် တရုတ်နိုင်ငံ သို့ အများ ဆုံးလူကုန်ကူးခံရကြောင်း နှင့် ဒုတိယအများ ဆုံး ထိုင်းနိုင် ငံဖြစ် ကြောင်း မြန်မာနိုင် ငံလူကုန်ကူးမှုတား ဆီးနှိမ်းနင်းရေး တပ်ဖွဲ့မှူး ရုံး(နေပြည် တော်)မှ သိရသည်။

NMK [--Democracy today Daily Newspaper--]
Myanmar News Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်