Friday, March 14, 2014

တရုတ်ဂြိုဟ်တုမှ လေယာဉ်အစိတ်အပိုင်းများ ရှာတွေ့သည်ဆိုခြင်းကို မလေးရှားငြင်းဆို

Posted by drmyochit Friday, March 14, 2014, under | No comments

မလေးရှား လေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများက တရုတ်ဂြိုဟ်တု၏ အဆိုပြုသော နေရာသို့ လေယာဉ်များဖြင့် သွားရောက်ရှာဖွေခဲ့သော်လည်း မည်သည့်ပစ္စည်း အစအနမျှ မတွေ့ခဲ့ရဟု ကြေညာခဲ့သည်



တရုတ်ဂြိုဟ်တုမှ ထောက်လှမ်းရှာဖွေမှုအရ ရေပြင်ပေါ်တွင် လေယာဉ်ပျက်၏ အစိတ်အပိုင်းများဟု ယူဆရသည့် အရာများ တွေ့ရှိသည်ဆိုသော သတင်းကို မလေးရှား အာဏာပိုင်များက ငြင်းဆန်ခဲ့သည်။ မလေးရှား လေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများက တရုတ်ဂြိုဟ်တု၏ အဆိုပြုသော နေရာသို့ လေယာဉ်များဖြင့် သွားရောက်ရှာဖွေခဲ့သော်လည်း မည်သည့်ပစ္စည်း အစအနမျှ မတွေ့ခဲ့ရဟု ကြေညာခဲ့သည်။ ထို့ကြောင့် စနေနေ့ကတည်းက ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် မလေးရှား လေကြောင်းလိုင်း ခရီးစဉ် အမှတ်(၃၇၀) လေယာဉ်ကို ရှာဖွေတွေ့ရှိရေး လမ်းစသည် ဒုံရင်းအခြေအနေအတိုင်း ပြန်လည်မှုန်ဝါး ပျောက်ကွယ်သွားခဲ့သည်။

(တရုတ်ဂြိုဟ်တုမှ ထောက်လှမ်းတွေ့ရှိခဲ့သည့် လေယာဉ်ပျက်၏ အစိတ်အပိုင်းဟု ယူဆရသည့် အရာဝတ္တု)



မလေးရှား ပြည်သူ့လေကြောင်းဌာန အကြီးအကဲ ဒါတက်ခ် အက်ဇ်ဟာရူဒင် အက်ဘ်ဒူလ်ရာမန်က ကြာသပတေးနေ့တွင် ဂြိုဟ်တုက ထောက်လှမ်းတွေ့ရှိသည်ဆိုသော နေရာ၌ သွားရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထောက်များထံ ပြောဆိုခဲ့သည်။ “ဘာမှရှိမနေဘူး။ ကျွန်တော်တို့ အဲဒီနေရာထိ သွားရှာဖြစ်ပါတယ်။ ဘာဆိုဘာမှ ရှိမနေဘူး”ဟု ၎င်းက ဆိုသည်။ ဗီယက်နမ်ရေတပ်မှ တာဝန်ရှိသူများက အဆိုပါ နေရာတွင် မိမိတို့အနေဖြင့် အစောပိုင်းက စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးပြီးဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

(မလေးရှားအစိုးရ တာဝန်ရှိသူများအား မတ်လ ၁၃ ရက်က
ကွာလာလမ်ပူလေဆိပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်)

တနင်္ဂနွေနေ့က တရုတ်ဂြိုဟ်တုတစ်စင်း ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြန်လည်စစ်ဆေးရာ တောင်တရုတ် ပင်လယ် တစ်နေရာတွင် အစအနများ ပြန့်ကြဲနေသည့် ပုံရိပ်မျိုးကို တွေ့ရှိခဲ့ရခြင်းဟု သိရ သည်။ ယခုအခါ လေယာဉ်ကို မလေးရှားနှင့် အရှေ့တောင်အာရှ နိုင်ငံအတော်များများက ဖြန့်ကျက် ရှာဖွေနေဆဲဖြစ်ပြီး တရုတ်နိုင်ငံကလည်း အင်တိုက်အားတိုက် ကူညီလျှက် ရှိသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် (၂၃၉)ဦး လိုက်ပါသွားပြီး အများစုသည် တရုတ်နှင့် ထိုင်ဝမ်နိုင်ငံသားများ ဖြစ်ကြသည်။ လေယာဉ်သည် ကွာလာလမ်ပူမှ တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းရင်း အကြောင်းရင်း မသိရဘဲ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။


From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်