Wednesday, March 12, 2014

K-popဂီတအဖွဲ့တစ်ခု ထူထောင်မည့် ဂျက်ကီချန်း

Posted by drmyochit Wednesday, March 12, 2014, under | No comments


ဂျက်ကီသည် ကိုယ်ပိုင် K-pop အဖွဲ့တစ်ခုကို စီမံဖန်တီးကာ စီစဉ်သူအဖြစ် နောက်ကွယ်မှ တာဝန်ယူ သွားမည်ဟု ဆိုသည်။

ဟောင်ကောင် နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်း အနေဖြင့် တောင်ကိုရီးယား၏ K-pop ဂီတလော က ထဲတွင် အမျိုးသား အဆိုတော်အဖွဲ့တစ်ခု ထူထောင်ပေးသွားမည်ဟု သိရသည်။ ဂျက်ကီသည် ကိုယ်ပိုင် K-pop အဖွဲ့တစ်ခုကို စီမံဖန်တီးကာ စီစဉ်သူအဖြစ် နောက်ကွယ်မှ တာဝန်ယူသွားမည်ဟု ဆိုသည်။ အဆိုပါ ဂီတအဖွဲ့သစ်ကို ယခုလကုန်ပိုင်းတွင် မိတ်ဆက် ကြေညာဖွယ် ရှိနေကြောင်း တောင်ကိုရီးယား မီဒီယာများက ဆိုသည်။ ဂီတအဖွဲ့၏ အမည်ကို JJCCဟု အတိုကောက် အမည်ပေးဖွယ် ရှိနေပြီး သို့မဟုတ်ပါကလည်း Double JCဟု မှည့်ခေါ်နိုင်ကြောင်း သိရသည်။ ယင်းအဖွဲ့တွင် ကိုရီးယားမှ (၄)ဦးအပြင် တရုတ်မှ (၁)ဦးလည်း ပါဝင်မည်ဟု ဆိုသည်။

ဂျက်ကီ၏ ကုမ္ပဏီဖြစ်သော Jackie Chan Group Koreaက ယင်းအဖွဲ့ကို ကိုင်တွယ် တာဝန်ယူမည် ဖြစ်သည်။ ဖွဲ့စည်းမည့် အဖွဲ့ဝင် အားလုံးသည် အရပ် (၁.၈)မီတာအထက်တွင် ရှိကြပြီး အသက်(၂၀)ဝန်းကျင်များ ဖြစ်မည်ဟုလည်း သိရသည်။ ဂျက်ကီသည် အဖွဲ့ကို ဖွဲ့စည်းမှုနှင့် အဖွဲ့သားများ ရွေးချယ်စိစစ် အတည်ပြုပြီးနောက် လေ့ကျင့်ပေးမှုများတွင် ထဲထဲဝင်ဝင် ပါဝင်မည်ဟုလည်း ဆိုသည်။ ယခုအစီအစဉ်သည် ဂျက်ကီ၏ K-pop အနုပညာ နယ်ပယ်တွင် ပထမဆုံးအကြိမ် ပါဝင်ဆက်နွယ်မှု ဖြစ်လာကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်