Wednesday, March 12, 2014

မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေဥက္ကဋ္ဌ၏ သမီးနှင့် ရှမ်းလူငယ်နှစ်ဦးကို KIA ဖမ်းဆီး

Posted by drmyochit Wednesday, March 12, 2014, under | No comments


မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ၏ သမီးဖြစ်သူနှင့် မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းရေး အနေနဲ့ ၂၀၁၄ ၊ မတ်လ ၁၁ ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ သိရသည်။

မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုင်းမောင်၏ သမီးဖြစ်သူကို KIA ကချင်လွတ်မြောက်ရေး တပ်မတော်က အိမ်အထိ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ် နှစ်ဦဖြစ်တဲ့ စိုင်းအိုက်ကြာ အသက်(၂၀) အဘ-ဦးစံနဲ့ စိုင်းထွန်း အသက်(၂၀) အဘ-ဦးစံမိုတို့ကို အဆိုပါ မတ်လ ၁၁ ရက်နေ့ နံနက် ၇း၀၀ နာရီခန့်အချိန်တွင် မိုင်းခေါင်ရွာအထွက် ၁ ဖာလုံခန့်အကွာ ခက်ပရာလမ်းတွင် KIA တပ်ရင်း (၂၇) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဗန်းမော်ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးစံတေက ပြောကြားသည်။

ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်းကတော့ “အဖမ်းဆီးခံရတဲ့ လူငယ်တွေ ပြန်လွတ်ရေးပဲ ကျွန်တော်တို့က လုပ်ဆောင်နေတာပါ၊ ဘာမှ အဆန်းတကြယ် လုပ်နေတာလည်း မဟုတ်ပါဘူး၊ မိဘတွေကလည်း ဒီလို ဖမ်းဆီးစုဆောင်းတာကို သဘောမတူဘူးလေဗျာ၊ ဒီလို အဓမ္မဖမ်းဆီးတာကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ပဲ ယူဆပါတယ်” လို့ ပြောကြားသည်။
ပန်ဆက်နှင့် မိုင်းခေါင်ရွာက အမျိုးသား/အမျိုးသမီး ရှမ်းလူငယ် သုံးဦးကို KIA က တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုနှင့် ပက်သက်ပြီး KIO နည်းပညာအထောက်အကူပြုအဖွဲ့က ဦးခွန်နောင်ကို ၄င်း၏ လိပ်စာကာဒ်ပါ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေပါတယ်လို့ ပြန်လည်ပြောကြားခဲ့ပါသည်။

ဧရာဝတီမြစ်ဖျားဆီက

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်