ကွာလာလမ်ပူ ၊ မတ် ၂၅
မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားသော MH 370 လေယာဉ်ပျံနှင့် ပတ်သက်၍ ယမန်နေ့ညက မလေးရှားဝန်ကြီးချုပ် နာဂျစ်က နောက် ဆုံးတွေ့ရှိချက်များကို ကြေငြာခဲ့သည့်အားလျော်စွာ ၎င်းခ ရီးစဉ် တွင်ပါ သွားသော ခရီးသည်များအားလုံးနှင့် လေ ယာဉ်အ မှုထမ်း အားလုံးတို့သည် လေယာဉ်မှုအတူ ပျောက် ဆုံးသွားပြီဆိုသည့် နာကျင်ဖွယ် ပကတိတရားတစ်ခုအား ကျွန်ုတို့လက်ခံရတော့မည်ဟု မလေးရှား လေကြောင်းလိုင်း ဥက္ကဌ မိုဟာမက်ယူဆွတ်က ပြောလိုက်သည်။
ထိုကဲ့သို့ မီဒီယာမှထုတ်ပြန်မကြေငြာခင်တွင် ခရီးသည်များနှင့်ဝန်ထမ်းများ၏ ကျန်ရစ်သူ မိသားစုဝင်များ အား တစ်ဦးချင်းစီ တယ်လီဖုန်းဖြင့်လည်းကောင်း ၊ SMS ဖြင့်လည်းကောင်း ဝမ်းနည်းဖွယ်ရာသတင်းကို အသိပေးခဲ့သည်။ ထိုကြောင့် မိသားစုဝင်တစ်ထောင်ခန့်မှာ မီဒီယာများအရင် ကြိုတင်သိရှိခဲ့သည် ဆိုသည်။
ယခုအခါ ကူညီဖြေသိမ့်သူ ဦးရေ ၇၀၀ ပါဝင်သည့် ကွန်ယက်တစ်ခုကို မလေးရှားလေကြောင်းလိုင်း ကစီ စဉ်ခဲ့ကာ ခရီးသည်တစ်ဦးချင်းစီ ၏မိသားစုတိုင်းအား ကူညီဖြေသိမ့်သူ ၂ ဦးနှုန်းဖြင့်အားပေးနှစ်သိ မ့်လျှက် ရှိကြောင်း၊ ခရီးသည်တစ်ဦးချင်းစီအတွက် ကနဦးအကူငွေ ကန်ဒေါ်လာ (၅၀၀၀) ထောက်ပံ့ခဲ့ကြောင်း ၎င်းထုတ်ပြန်ကြေငြာချက်မှ သိရသည်။
သို့သော် မလေးရှားလေကြောင်းလိုင်းအနေဖြင့် ထိုဝမ်းနည်းဖွယ်အဖြစ်အပျက် ဖြစ်ပွားခဲ့ရပုံနှင့် အကြောင်းရင်းကိုမူ ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးပေ။
ref : malaysia air line
photo - AFP - reuters
Popular Myanmar News Journal
Time in Rangoon


0 comments:
Post a Comment