ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ သွားပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူအားလုံး အသက်ရှင်ကျန်ရစ်တာ မရှိနိုင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် Najib Razak က ပြောလိုက်ပါတယ်။
နောက်ဆုံးရရှိခဲ့တဲ့ သတင်းအချက် အလက်တွေအရ ဝေးလံခေါင်ဖျားတဲ့ အိန္ဒိယ သမုဒ္ဒရာ ထဲမှာ လေယာဉ် ပျက်ကျ ခဲ့တာ ဖြစ်ကြောင်း နဲ့ ဒီလေယာဉ်ပျောက်ကို ခြေရာခံတဲ့ နည်းပညာတွေဟာ အရင်တုန်းက တခါမှ အသုံးမပြုဖူးတဲ့ အဆင့်မြင့် နည်းပညာတွေကို အသုံးပြု ခဲ့တယ်လို့လည်း မလေးရှား ၀န်ကြီးချုပ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ ကိုလည်း မလေးရှား လေကြောင်းလိုင်းက ဆက်သွယ်ပြီး တယ်လီဖုန်း ကနေတဆင့် သတင်း စကားတွေ ပြောပြ လိုက်ပြီလို့ ဆိုပါတယ်။
လူပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ လေယာဉ်အမှတ် MH 370 ဟာ မတ်လ ၈ ရက်နေ့ ကတည်းက ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ပျံသန်းနေခဲ့ရာကနေ လမ်းကြောင်းသွေဖီပြီး ဘာကြောင့် အိန္ဒိယ သမုဒ္ဒရာထဲရောက်ခဲ့သလဲ ဆိုတာကိုတော့ အခုချိန်အထိ မသိရှိရသေးပါဘူး။
ABC Radio Australia
Time in Rangoon


0 comments:
Post a Comment