Friday, May 23, 2014

Journey to the west နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံမှာ ရိုက်ကူးလိုပါတယ်ဟု ပြောခဲ့တဲ့ စွန်းဝူခုန်း

Posted by drmyochit Friday, May 23, 2014, under | No comments



ကမ္ဘာကျော် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲဖြစ်တဲ့ Journey to the west ရဲ့နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့အတူ  မြန်မာနိုင်ငံမှာ ရိုက်ကူးလိုကြောင်းကို မျောက်မင်း စွန်းဝူခုန်း Liu Xiao Ling Tong က တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်မှာ မေလ၂၂ရက်နေ့၊ ၉နာရီက ပြုလုပ်ခဲ့တဲ့ ပရိသတ်တွ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။ ဒီအခမ်းအနားမှာပဲ Liu Xiao Ling Tong ကသန်လျင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့် တိုင်းရင်းသား လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာကို ငွေကျပ်ဆယ်သိန်းလှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံက မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းကနေပြီး Lin Xiao Ling Tong ကိုဂုဏ်ပြုမှတ်တမ်းလွှာ နဲ့ အမှတ်တရပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Liu Xiao Ling Tongဟာ ပရိသတ်တွေနဲ့တွဲပြီး ဓာတ်ပုံအရိုက်ခံခြင်း၊ Journey to the west ဇာတ်လမ်းတွဲမှာ သူကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ အမူအရာတစ်ချို့ကိုပြန်လည် သရုပ်ဆောင်ပြသခြင်း၊ ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးသီချင်းများကို ပရိသတ်တချို့နဲ့အတူ စင်ပေါ်မှာ တွဲဖက်သီဆိုခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

Liu Xiao Ling Tong ဟာ မြန်မာနိုင်ငံကို ရောက်ရှိခိုက် ရန်ကုန်မြို့က ယဉ်ကျေးမှု တက္ကသိုလ်နဲ့ သန်လျင်မြို့နယ်ရှိ တိုင်းရင်းသားလူငယ် ဖွံဖြိုးရေးပရဟိတဂေဟာကို သွားရောက် လေ့လာမှာဖြစ်သလို၊ ရွှေတိဂုံဘုရားကိုလည်း သွားရောက်ဖူးမြော်မှာဖြစ်ပြီးတော့ နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာလည်း ရန်ကုန်မှာကဲ့သို့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတစ်ပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

မျောက်မင်းစွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong ကို ၁၉၅၉ခုနှစ် ဧပြီ ၁၂ရက်နေ့တွင် ရှန်ဟိုင်းမြို့မှာမွေးဖွားခဲ့ပြီး သူဟာ ဟန်လူမျိုးတစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ကိုယ်တိုင်က မျောက်မင်းစွန်းဝူခုန်း နေရာမှာ သရုပ်ဆောင်ခဲ့ဖူးပြီး သူ့အသက်၆နှစ်အရွယ်ကတည်းက သရုပ်ဆောင်ပညာကို ဖခင်ဖြစ်သူထံမှ သင်ယူလေ့လာခွင့် ရရှိခဲ့သူဖြစ်တယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေအနက် ၁၉၈၆ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အများအပြားမှာလည်း ပြသခဲ့ပြီးဖြစ်တဲ့ Journey to the west ဇာတ်လမ်းတွဲဟာ အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းတွေမှာ သူ့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှု တွေကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကနေLiu Xiao Ling Tong ကို ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခံရ  တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်