Friday, May 23, 2014

ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၈ဝ ကျော် သေဆုံး

Posted by drmyochit Friday, May 23, 2014, under | No comments


မေ၊၂၃။

ပါကစ္စတန်စစ်ဘက်က နိုင်ငံမြောက်ပိုင်း မြောက်ဝါဇီရစ္စတန်ဒေသမှာလေကြောင်းထိုးစစ်ဆင်မှုတစ်ရပ် ပြုလုပ်ခဲ့ တာကြောင့် စစ်သွေးကြွ ၈ဝ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်ရဟတ်ယာဉ်နဲ့ဂျက်လေယာဉ်များဟာ အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်
အနီးမှာရှိတဲ့Miranshah Mir Ali နှင့် Boya မြို့ အပါအဝင် နေရာအများအပြားကိုလေကြောင်း တိုက်ခိုက် မှုပြုလုပ်ခဲ့ တဲ့အပြင် စစ်သွေးကြွလို့ယူဆရသူများ ခိုအောင်းနေတဲ့ နေရာတွေကိုလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ ပါတယ်။

ဒါ့အပြင်  ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နေရာများရှိ ဝင်လမ်း၊ထွက်လမ်းများကို ပိတ်ဆို့ခြင်း၊ အဆိုပါနေရာများ တွင် ကာဖျူးအမိန့်ထုတ်ပြန်ခဲ့ခြင်းတို့လည်းပြုလုပ်ခဲ့ပါတယ်။   စစ်သွေးကြွတွေဘက်ကမည်သူမည်ဝါ သေဆုံးဒဏ်ရာရတယ်ဆိုတာကို ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိပေမယ့်လည်း အဲဒီစစ်သွေးကြွ
တွေဟာအစိုးရတပ်ဖွဲ့ယာဉ်တန်းကိုတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူများဖြစ်ကြောင်းဒေသန္တရ သတင်း ဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။

Source; Daily Mail
ဘာသာပြန် David
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်