Friday, May 23, 2014

တောင်ကိုရီးယား စစ်သင်္ဘောအနီးသို့ မြောက်ကိုရီးယား ပစ်ခတ်

Posted by drmyochit Friday, May 23, 2014, under | No comments

ဆိုးလ်

မြတ်ဆုကို

နှစ်နိုင်ငံ အငြင်းပွားနေသော ရေပြင်အတွင်း တောင်ကိုရီးယား စစ်သင်္ဘောတစ်စီး အနီးသို့ မြောက်ကိုရီးယားဘက်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာက ထုတ်ပြန် ပြောကြားလိုက်သည်။

နှစ်နိုင်ငံ အနောက်ပိုင်းနယ်စပ်ရှိ ရေပိုင်နက်  အငြင်းပွားရာ နေရာရှိ ယွန်ပြွန်းကျွန်း အနီး   ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း  ယွန်ဟပ် သတင်း ဌာန က ဖော်ပြသွားသည်။   အင်္ဂါနေ့က အငြင်းပွားရေပြင်ကို ကူးဖြတ် ခုတ်မောင်းသော မြောက်ကိုရီးယား သင်္ဘောသုံးစင်းကို တောင်ကိုရီးယားဘက်က သတိပေးသည့် အနေဖြင့် ပစ်ခတ်ခြောက်လှန့်ခဲ့ရာ ထိုကိစ္စကို တုံ့ပြန်မည်ဟု  မြောက်ကိုရီးယားက  ခြိမ်းခြောက်မှု  ဖြစ်ပွား ပြီးနောက် ယခု ကြာသပတေး တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။၂၀၁၀ ခုနှစ်တွင်မြောက်ကိုရီးယားသည် ယွန်ပြွန်းကျွန်းကိုလက်နက်ကြီးများနှင့်  ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား ရေတပ်သားနှစ်ဦး နှင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။

တောင်ကိုရီးယား ရေပိုင်နက်ထဲမှာ ကင်းလှည့်နေတဲ့ စစ်သင်္ဘော တစ်စီးနားကို အမြောက်ဆန်တွေ ကျလာတာ ဖြစ်ပါတယ်။ သင်္ဘောကို ထိခိုက်မှု တစုံတရာမရှိပါဘူး ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။  နှစ်နိုင်ငံ အနောက်ပိုင်း ပင်လယ်ပိုင်နက် နယ်နမိတ်ကိုကုလသမဂက ရေးဆွဲပေးထားသော်လည်း မြောက်ကိုရီးယားဘက်က လက်မခံ မှုကြောင့် နယ်မြေအငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။  နှစ်နိုင်ငံသည် အပစ်အခတ် ရပ်စဲရေး သဘောတူချက်သာ ရထားသေးသောကြောင့် မူအားဖြင့် စစ်ရေးရင်ဆိုင်နေသည့် အခြေအနေမျိုးသာ ဖြစ် သည်။  ၂၀၁၀ နှစ်ဦးပိုင်းတွင်လည်း တောင်ကိုရီးယား စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုကြောင့် (၄၆)ဦး သေဆုံးခဲ့သည်။    မြောက်ကိုရီးယား က တော်ပီဒိုနှင့် ထုမှုကြောင့်ဟု တောင်ကိုရီးယားက စွပ်စွဲပြောကြားခဲ့ပြီး မြောက်ကိုရီးယားက ငြင်းဆိုထားသည်။

Source: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်