Friday, May 23, 2014

ဆီးရီးယား သတို့သမီးများ ရောင်းရန်ရှိသည်ဟု ဖေ့စဘုတ်၌ ကြော်ငြာ

Posted by drmyochit Friday, May 23, 2014, under | No comments




May 23, 2014

အာရပ်မီဒီယာများ၌ ဖော်ပြနေကြသည်မှာ ဆီးရီးယား ဒုက္ခသည် အမျိုးသမီးများ ၎င်းတို့ကိုယ်ကို ရောင်းကုန်သတို့သမီးများအဖြစ် ဖေ့စဘုတ်ပေါ်၌ ကြော်ငြာနေကြသည့်အကြောင်းများ ဖြစ်သည်။


အာရပ်နေ့စဉ်သတင်းစာ အယ်လ်ဟာယတ်၏ ဖော်ပြချက်အရ ဖေ့စဘုတ် စာမျက်နှာ(page|ပေ့ဂ်ျ) "Syrian Refugees for Marriage" ၌ ညှိနှိုင်းဈေးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည့် သတို့သမီးရောင်းကုန် ဆီးရီးယားအမျိုးသမီးများ၏ ဓာတ်ပုံများကို ကြော်ငြာထားသည်။ ထိုစာမျက်နှာ (ပေ့ဂ်ျ) သည် ၎င်း စတင်သည့် မေ ၁၆ မှ ထိုပေ့ဂ်ျအား ဖျက်သိမ်းသွားသည့် တစ်ပတ်အတွင်း Like ၁၈၀၀၀ ကျော် ရရှိခဲ့သည်။

လက်ဘနွန်သတင်းပေါ်တယ်တစ်ခု၏ ဖော်ပြချက်အရ "ထိုပေ့ဂ်ျကို အာရပ်ကမ္ဘာမှ အသက်အရွယ်မရွေး၊ ဘာသာမရွေး share လုပ်ခဲ့ကြသည်" ဟူ၏။

ထိုပေ့ဂ်ျ ပိတ်သိမ်းသွားသောအခါ ထိုနာမည်နှင့်ပင် နောက်ထပ် ပေ့ဂ်ျတစ်ခု ပေါ်လာပြန်သည်။

ထူးခြားသည်မှာ နောက်ပေါ်လာသောပေ့ဂ်ျ၏ cover photo အား ကုရ်အာန်စာသားများနှင့် ဖော်ပြထားခြင်း ဖြစ်သည်။ ပေ့ဂ်ျ၏ ရည်ရွယ်ရင်းဖြစ်သော "အမျိုးသမီးများအား ရောင်းကုန်တင်လက်ထပ်ခြင်းကို အစ္စလာမ်၌ ခွင့်ပြုသည်" ဟု ကုရ်အာန်အား အထောက်အထားပြုခြင်း ဖြစ်သည်။

မျိုးမင်းသန်း
Ref-http://english.alarabiya.net/en/variety/2014/05/22/Syrian-refugee-brides-advertised-on-Facebook.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်