Friday, June 06, 2014

လယ်သစ်အရှေ့ကျေးရွာမှ မိန်ကလေးမွေးဖွားပြီး (၂)လအကြာ ဖိုအင်္ဂါ ထွက်ပေါ်လာ

Posted by drmyochit Friday, June 06, 2014, under | No comments

တနင်္သာရီ ဇွန်(၄) ရက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ အုပ်စု-လယ်သစ် အရှေ့ရွာနေ ဦးမင်းစိုး+ဒေါ်ရင်မူ တို့၏ ပထမ သမီးဦး ရတနာကို မြိတ်ပြည်သူ့ဆေးရုံတွင် မတ်လ(၂၄)ရက်၌ မွေးဖွား ခဲ့စဉ်က မိန်းခလေးစင်စစ် မွေးဖွားလာခဲ့ပြီး အသက်(၂)လ အရွယ်ရောက် လာသည့် အခါ သူ့အလိုလို (ဖို)အင်္ဂါ တစ်ခုထွက်ပေါ်လာပြီး (ဖို+မ) အင်္ဂါ ယှဉ်တွဲပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အား ရပ်နီးရပ်ဝေးမှ သတင်းကြား၍ လာရောက်ကြည့်ရှုသူများ လေ့လာသူများနှင့် စည်ကားလျက်ရှိသည်။ ၎င်းသမီးလေးကို (နာမည်မမှည့်ရသေး)ကြောင်းနှင့် သူမသည် အပေါ့သွားသည့် အခါတွင် မိန်းမအင်္ဂါဖြင့် ဆီးသွားကြောင်း သိရှိရသည်။

၎င်း မိန်းမလေး၏ ကျန်းမာရေး အနေအထားအရ ကြင်နာဂရုဏာထားသော အားဖြင့် ကူညီထောက် ပံ့လိုပါက လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှရင်မှတစ်ဆင့် ဖုန်းနံပါတ် Ph: 09876 3692သို့ ဆက်သွယ် လှူဒါန်း/ကူညီမှု ပေးနိုင်ပါကြောင်း သိရှိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်