Wednesday, June 04, 2014

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ခြင်းသည် ၅၉ တစ်တည်းအတွက်မဟုတ်ပဲ ၀ှက်ဖဲတစ်ချပ်ရှိနေကြောင်းကိုဖေါ်ထုတ်ခြင်း

Posted by drmyochit Wednesday, June 04, 2014, under | No comments

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) အခြေခံဥပဒေ ပြင်ဆင်ခြင်းမှတဆင့် လွှတ်တော်အတွင်း ပုဒ်မ ၄၃၆ အား ပြင်ဆင်သင့်သည်မှာ မှန်ကန်သော်လည်း လွှတ်တော်ကိုယ်စား ၇၀% (သို့မဟုတ်) ၇၅% ၏ ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်သည်ဟု ပြောင်းလဲ သင့်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း မှ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မကို တင်ကြပ်ထားမှု မရှိပါက အခြေခံဥပဒေပါ ပြဌာန်းချက်များကို လွယ်လင့်တကူ ပြင်ဆင်ခြင်း ဖျက်သိမ်းခြင်းများ ပြုလုပ်နိုင်သွားမည် ဖြစ်သည်။ ထိုသို့ လွယ်ကူစွာ ပြုပြင် ဖျက်သိမ်း နိုင်ခြင်းရှိသွားပါခဲ့သည် ရှိသော် အခြေခံဥပ အခန်း(၁) မှ ပုဒ်မ ၄၂(ခ) ကို ဖျက်သိမ်းခဲ့သည် ရှိသော် မြန်မာနိုင်ငံရေး ပိုမိုရှုပ်ထွေးလာနိုင်သည်ကို သတိချပ်စေလိုပါသည်။
မြန်မာနိုင်ငံရေးတည်ငြိမ်ရေး အတွက် အရေးပါကြောင်းပြောကြားလိုပါသည်။ ထိုပုဒ်မမှာ အခန်း(၁) ပုဒ်မ ၄၂ (ခ) ဖြစ်ပြီး မှာ ပြဌာန်းထားသည်မှာ အောက်ပါ အတိုင်းဖြစ်သည်
၄၂ (ခ) နိုင်ငံတော် အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု။

အထက်ဖေါ်ပြပါ ပုဒ်မ သည် အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံရဲ့ ပထ၀ီ အနေအထားအရ မည်သည့် နိုင်ငံရဲ့ စစ်တပ်ကိုမျှ တပ်ချခွင့်ပြုလို့ မဖြစ်နိုင်သော ကြောင့်ပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှကို စစ်ရေးအရ သြဇာလွမ်းမိုးထားဖို ကြံစည်နေသော အနောက်နိုင်ငံတွေ အတွက် အဓိကကျသော နယ်မြေ တစ်ခုဖြစ်နေပါသည်။
အခြေခံ ဥပဒေ ပါ ပုဒ်မ ၄၃၆ အား လျော့ရဲစွာ ထားလိုက်ပါက လွှတ်တော်တွင်း အနောက် သြဇာခံ အချို့ စိုးမိုးခဲ့သော် အမေရိက တိုက်သားတို့ရဲ့ အကြံအစည်အကောင်ထည်ဖေါ် ဆောင်ရွက်လာပါက အိန္ဒိယ နှင့် တရုတ်အတွက် အနီးကပ် စောင့်ကြည့်ခံသလို ဖြစ်လာနိုင်ပါတယ်။ အကယ်၍သာ ပုဒ်မ (၄၃၆) ပြင်ဆင် ပြီးသည်နောက် အနောက်နိုင်ငံများနှင့် အဆင်ပြေသော ပါတီ နိုင်ငံတော် အာဏာရရှိခဲ့သော် အနောက်နိုင်ငံခြား တပ်များအား အန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာအား ထိန်းချုပ်နိုင်ရေး အတွက် မြန်မာနိုင်ငံ ကိုကိုးကျွန်းတွင် စစ်အခြေစိုက် စခန်း ဖွင့်လှစ်ခွင့် ပေးမည်မှာ သေခြာ သလောက် ရှိနေပါသည်။ ထို့အပြင် မြန်မာနိုင်ငံ အလယ်ပိုင်း မသုံးလုံး နယ်မြေ ဖြစ်သော မြင်းခြံ ၊ မတ္ထီလာ ၊ မန္တလေး တို့တွင် အမေရိကန် နိုင်ငံမှာ စစ်အခြေစိုက် စခန်း ဖွင့်လှစ်ထားရှိကာ အန္ဒိယနှင့် တရုတ် နိုင်ငံများအား ဒုံးကျည် စခန်းများ ဖွင့်လှစ်ပြီး ခြိမ်းခြောက်နိုင်မည့် အခြေအနေ ရှိနေပါသည်။အနောက်သြဇာခံများ အာဏာ ရရှိပြီးနောက် အမေရိက တိုက်သားတို့ မြန်မာမြေမှာ တပ်စွဲခွင့် ရခဲ့သော် တရုတ်တို့ သည်တိုင်းနေ မည်လား။ အိန္ဒိယ နိုင်ငံသည် ဒီအတိုင်း နေမည်လား ၊ ၄င်းတို့၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအား ကျူးကျော်လာနိုင်မည့် အခြေအနေ ရှိနေပါသည်။ အင် အားကြီး နိုင်ငံတွေကြားက မြန်မာနိုင်ငံဟာ မိမိတို့၏ ပိုင်နက်မြေပေါ်မှာ မည်သည့် တပ်ကိုမှ တပ်စွဲခွင့် ပေးလို့မရနိုင်တဲ့ အကြောင်းတရားတွေပင်။ မြန်မာ နိုင်ငံသည် စီးပွားရေးအရသာ မဟာဗျူဟာ ကျနေသည်မဟုတ်ပဲ စစ်ရေးအရပါ မဟာဗျူဟာ ကျသောနေရာ ဖြစ်နေလေရာ အရာရာ သတိရှိဖို့လိုအပ်ပါကြောင်း နှင့် ပုဒ်မ (၄၃၆)အား လျော့ရဲစွာ ပြင်ဆင်ရန် မသင့်ပါကြောင်း တင်ပြအပ်ပါသည်။


အောင်ရဲစိုး(ဥပဒေ)

https://www.facebook.com/485597864883974/photos/a.485624251548002.1073741828.485597864883974/540330629410697/?type=1&theater

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်