Wednesday, June 04, 2014

ရေအောက်မှထူးဆန်းသောအသံ MH 370 ပျက်ကျသံလေလား

Posted by drmyochit Wednesday, June 04, 2014, under | No comments

ပါ့သ်- ပျောက်ဆုံးနေသောမလေးရှားလေယာဉ် MH 370 ၏ နောက်ဆုံးအချိန်များနှင့် ဆက်စပ်နေဖွယ်ရှိသည်ဟုဆိုသော ရေအောက်မှ အသံတစ်ခု၏မှတ်တမ်းကို သြစတြေးလျသုတေသီများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။

အားထုတ်ကြိုးပမ်းရကျိုးနပ်ဖွယ်မရှိသော်လည်း ပါ့သ်မြို့အနီးကာတင်းတက္ကသိုလ်မှ သုတေသီများသည် ရေအောက်အသံနားဆင်သောကိရိယာများမှ မှတ်တမ်းများကိုလေ့လာနေကြသည်။ ပျောက်ဆုံးလေယာဉ် ကူညီရှာဖွေရေးကြိုးပမ်းမှုတွင် ရေအောက်နျူကလီးယားပေါက်ကွဲမှုလက္ခဏာများကိုစောင့်ကြည့်ရန် ကိရိယာများ၏မှတ်တမ်းများကိုလေ့လာခြင်းလည်းပါဝင်သည်။

‘‘လေယာဉ်ပျက်ကျမှုနဲ့ဆက်စပ်နေနိုင်တဲ့ အချက်ပြလက္ခဏာတစ်ခုကို ကိရိယာအများအပြားမှာ ဖမ်းမိခဲ့ပါတယ်’’ဟု ကာတင်းတက္ကသိုလ်အဏ္ဏဝါသိပ္ပံနှင့်နည်းပညာဌာန (CMST) မှ အလက်ဒွန်ကန်ကပြောကြားသည်။

ကြိမ်နှုန်းအလွန်နိမ့်သောအသံမှာ မလေးရှားလေယာဉ်ရေပြင်ပေါ်ပြုတ်ကျချိန်တွင် ထွက်ပေါ်လာသည့်အသံလား (သို့တည်းမဟုတ်) လေယာဉ်နစ်မြုပ်ပြီးထွက်ပေါ်လာသော ပေါက်ကွဲသံလား ဆိုသည်ကို သုတေသီများဆန်းစစ်လေ့လာနေကြသည်မှာ သီတင်းပတ်များစွာရှိပြီဟု မစ္စတာဒွန်ကန်ကပြောသည်။ သို့သော် ယင်းအသံဖြစ်ပေါ်ခြင်းအကြောင်းရင်းမှာ သဘာဝအဖြစ်အပျက်တစ်ခု လည်းဖြစ်နိုင်သည်ဟု သုတေသီများကဆက်ပြောသည်။

ကြိမ်နှုန်းနိမ့် အသံလှိုင်းများမှာ တစ်စက္ကန့်လျှင် ၁ ဒသမ ၅ ကီလိုမီတာနှုန်းနှင့် ရေထုအတွင်းဖြတ်သန်းသွားနိုင်ကြောင်းသိရသည်။ ‘‘လတ်တလောမှာတော့ ဒီအသံဟာလေယာဉ်ရဲ့တည်နေရာ တခြားအချက်အလက်တွေနဲ့တော့ တစ်ထပ်တည်းကျပုံမရပါဘူး’’ဟု ဒွန်ကန်ကပြောကြားသည်။

အကြောင်းမှာ ၎င်းတို့ကြားရသောအသံသည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း လက်ရှိလေယာဉ်ကို အာရုံစိုက်ရှာဖွေနေသော နေရာ၏အနောက်မြောက်ဘက် ကီလိုမီတာထောင်ချီဝေးသောဧရိယာမှ လာသည်ဟု ကာတင်းတက္ကသိုလ်မှ သုတေသီများကယုံကြည်နေ၍ဖြစ်သည်။ သို့ဆိုလျှင်ပင် သုတေသီများအနေဖြင့် အသံထွက်ပေါ်ရာရင်းမြစ်ကို တိတိကျကျမပြောနိုင်ပေ။ ၎င်းတို့ဖမ်းမိသော အသံကို လူ၏နားဖြင့်ကြားနိုင်ရန် ဆယ်ဆခန့်မြန်နှုန်းမြှင့်ထားကြောင်း သုတေသီများကပြောသည်။

_Ref: CNN
7 Day Daily


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်