Friday, September 05, 2014

ဂျာမနီနိုင်ငံ၏ ပညာရေးစနစ်နှင့်သုတေသနလုပ်ငန်းများကို လေ့လာသင်ယူလိုဟု သမ္မတဦးသိန်းစိန်ပြော

Posted by Unknown Friday, September 05, 2014, under | No comments



ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဂျာမနီဝန်ကြီးချုပ်မာကယ်လ်နှင့်အတူတွေ့ရသ့် သမ္မတဦးသိန်းစိန်

ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသောသမ္မတဦးသိန်းစိန်က ဂျာမနီနိုင်ငံထံမှ ဖက်ဒရယ်ပြည် ထောင်စုအစိုးရစနစ်တည်ဆောက်ပုံနှင့်အစဉ်အ လာကောင်းခဲ့သည့် ပညာရေးစနစ်နှင့် သုတေသန လုပ်ငန်းအားထုတ်မှုတို့ကို လေ့ လာသင်ယူလိုကြောင်းပြောကြား သည်။

ထို့ပြင် မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်သည့် ရင်းနှီးမြှုပ် နှံမှုအဖြစ် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေး နိုင်ပြီး နည်းပညာနှင့်ကျွမ်းကျင်မှု တို့ယူဆောင်လာနိုင်သော ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် ဂျာမနီဝန် ကြီးချုပ်အားတိုက်တွန်းပြောကြား ခဲ့သည်။

လက်ရှိတွင် အစိုးရက NCCT (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့)နှင့် ဆွေးနွေးပွဲ၌ ဖက်ဒရယ်ပြည် ထောင်စုစနစ် ထူထောင်ရေုး သဘောတူလိုက်ပြီဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့ အချို့က ဖက်ဒရယ်အပေါ် သဘောထားကွဲလွဲမှုအချို့ဖြစ် ပေါ်နေသော်လည်း သမ္မတကမူ ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူ ထောင်ရန် ဂျာမနီနိုင်ငံထံမှ သင်ယူလိုကြောင်း ယခုခရီးစဉ်တွင် စတင်ပြောကြားခဲ့သည်။

‘‘ကျွန်တော် ဂျာမနီနိုင်ငံက နေ သင်ယူစရာတွေရှိပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအစိုးရ စနစ်၊ မြို့ပြတိုးတက်မှုပုံစံ၊ စီးပွား ရေးလုပ်ငန်းတွေ၊ အဆင့်မြင့်ကုန် ပစ္စည်းထုတ်လုပ်မှု၊ အစဉ်အလာ ကောင်းတဲ့ပညာရေးစနစ်၊ စည်း ကမ်းရှိမှုတို့ကို အများကြီးလေ့လာ သင်ယူဖို့လိုအပ်နေပါတယ်’’ဟု စက်တင်ဘာ ၃ ရက်တွင် ဝန်ကြီး ချုပ်မာကယ်လ်နှင့်ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတဦးသိန်းစိန်ကပြောကြားခဲ့ သည်။ သမ္မတဦးသိန်းစိန်သည် ဂျာမနီနိုင်ငံသို့ ပထမဆုံးခရီးစဉ် အတွင်းဖရန့်ဖတ်မြို့မှ ဘာလင် မြို့သို့ရထားစီး၍သွားရောက်ခြင်း မှာလည်း ဥရောပနိုင်ငံများ၏ ရထားစနစ်ကို လေ့လာလို၍ဖြစ် ကြောင်း သမ္မတနှင့်အတူလိုက်ပါ သွားသည့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားသည်။

ဂျာမနီနိုင်ငံသည် မြန်မာနိုင် ငံထံတင်ရှိနေသောအကြွေး ယူရို ၁ ဘီလီယံထဲမှ ထက်ဝက်ကို ယခု နှစ်ဖေဖော်ဝါရီက ဂျာမနီသမ္မတ ဂျိုအာချင်ဂေါက်ခရီးစဉ်အတွင်း လျှော်ပေးခဲ့ပြီး ကျန်တစ်ဝက်ကို တစ်နှစ်လျှင် အတိုး ၃ ရာခိုင်နှုန်း ဖြင့် ၁၅ နှစ်အတွင်း အရစ်ကျပေး ရန်သဘောတူခဲ့သည်။

ထို့ပြင် ဂျာမနီသည် မြန်မာ နိုင်ငံအား ဂျပန်နိုင်ငံပြီးပါက ထောက်ပံ့ကူညီမှုအများဆုံးပေး ထားသည့်နိုင်ငံဖြစ်ပြီး လက်ရှိ တွင် ဂျာမနီကားကုမ္ပဏီဖြစ်သည့် မာစီးဒီးကားကုမ္ပဏီလာရောက် ဖွင့်လှစ်ထားပြီး BMW ကား ကုမ္ပဏီပြခန်းလည်း ထပ်မံဖွင့်ရန် စီစဉ်နေပြီဖြစ်သည်။

မြန်မာနိုင်ငံသည် အင်အား ကြီးနိုင်ငံနှစ်ခုကြားရပ်တည်နေရ ပြီး ပြည်သူများဘဝရပ်တည်ချက် ခိုင်မာရန် ဥရောပက မြန်မာပြည် တွင် ပညာရေးဈေးကွက် ရင်းနှီး မြှုပ်နှံပြီး မြန်မာကျောင်းသားများ အား စရိတ်သက်သာစွာဖြင့် ကျောင်းတက်နိုင်ရန် အကူအညီများပိုမိုပေးသင့်ကြောင်း ပညာရေးလေ့လာသူများကထောက်ပြကြသည်။ သမ္မတ၏ယခုဥရောပခရီးစဉ် နှင့်အချိန်ကိုက်၍ နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့သုံးဖွဲ့က ဥရောပ သမဂ္ဂအဖွဲ့ထံ လူ့အခွင့်အရေး စောင့်ကြည့်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီး ဝန်ကြီးချုပ်မာကယ်လ် ကလည်း မြန်မာနိုင်ငံတွင် တိုင်းရင်း သားဒေသများ လူနည်းစုအပေါ် တန်းတူညီမျှရှိရန်နှင့် သည်းခံရန်၊ မြန်မာလူ့အခွင့်အရေးအခြေအနေကို မပြတ်စောင့်ကြည့်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

သို့သော် ဥရောပခရီးစဉ်တိုင်း တွင် အမြဲလိုလိုဖိအားပေးခံရသည့် ဘင်္ဂါလီအရေးကိစ္စကို ယခုခရီးစဉ် အတွင်း သမ္မတအားဖိအားပေးပြော ကြားခြင်းမရှိဘဲ ၂၀၁၅ ရွေး ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတ ရန်သာ ဦးတည်ပြောကြားသွား ကြောင်း VOA သတင်းဌာနကဖော် ပြသည်။စက်တင်ဘာ ၄ ရက်တွင် သမ္မတဦးသိန်းစိန်သည် ဂျာမနီ သမ္မတဂျိုအာချင်ဂေါက်နှင့် တွေ့ဆုံမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ဂျာမနီ-မြန်မာသံတမန်ရေးဆက် သွယ်မှု နှစ် (၆၀)ပြည့်ပွဲသို့ ဂျာမနီ သမ္မတ၊ ဝန်ကြီးချုပ်တို့၏ ဖိတ်ကြားချက်ဖြင့် တက်ရောက်ခဲ့ခြင်းဖြစ် ပြီး ဂျာမနီခရီးစဉ်ပြီးနောက် နယ် သာလန်နှင့် ဆွစ်ဇာလန်နိုင်ငံများသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်