Friday, September 05, 2014

ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်နေချိန်တွင် OIC ရောက်လာခြင်းကို ရခိုင်အမျိုးသားရေး အင်အားစုများ ဝေဖန်

Posted by Unknown Friday, September 05, 2014, under | No comments



OIC အဖွဲ့ရခိုင်ပြည်နယ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ − ရခိုင်လူငယ်များအဖွဲ့) 


နိုင်ငံသားပြုခွင့်ရသူများ နှင့် တရားမဝင် ဝင်ရောက်လာသူ များကွဲပြားစေရန် ၁၉၈၂ ခုနှစ် ဥပဒေဖြင့် စိစစ်နေသည့်ကာလ တွင် ရခိုင်ပြည်နယ်သို့ OIC လာ ရောက်ခြင်းသည် ကောင်းသော လက္ခဏာမဟုတ်ကြောင်း အစ္စ လာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ရာတွင် ရခိုင်အမျိုးသားရေးအင်အားစုများက ပြောကြားလိုက်သည်။

OIC ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းရှိတ် ဟာမစ်အာလ်ဘာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်လူမှု အဖွဲ့အစည်းများ စက်တင်ဘာ ၃ ရက်တွင် စစ်တွေမြို့၌ တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ် စပ်ရေးရာ ဝန်ကြီးက ပဋိပက္ခ အလွန်ကာလတွင် ဒေသခံများ အနေဖြင့် UN, INGO, OIC အပါ အဝင်နိုင်ငံတကာအဖွဲ့အစည်း များ၏ လုပ်ရပ်များအပေါ် သံသ ယစိတ်များဖြစ်ပေါ်လာရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက် ခဲ့သူများက ပြောသည်။

‘‘နိုင်ငံသားပြုခွင့်ရသူ၊ တရား မဝင်ခိုးဝင်လာသူ ကွဲပြားအောင် စိစစ်နေတဲ့ အခုလိုအချိန်မျိုးမှာ OIC လာတာ ကောင်းတဲ့လက္ခ ဏာမဟုတ်ဘူး။ ဒါကြောင့် လက် မခံနိုင်ဘူးလို့ ကျွန်တော်က ပြော ခဲ့ပါတယ်’’ ဟု တွေ့ဆုံပွဲတက် ရောက်ခဲ့သော စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင် ဦးသန်းထွန်းက ပြော သည်။

OIC အထူးကိုယ်စားလှယ် ကလည်း သတင်းမှားများကို မယုံ ကြည်၍ လာရောက်လေ့လာခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံတစ် နိုင်ငံ၏ ပြည်တွင်းရေးကို ဝင် ရောက်စွက်ဖက်ခွင့်မရှိကြောင်း နှင့် မြန်မာနိုင်ငံတွင်လည်း OIC ရုံးခွဲများဖွင့်လှစ်ထားမှုမရှိကြောင်း ပြန်လည် ရှင်းလင်းပြောကြားခဲ့ သည်။

လက်ရှိ အခြေအနေနှင့် အစိုးရ၏ဆောင်ရွက်နေမှုများကို နိုင်ငံတကာသတင်းဌာနများက ထုတ်ပြန်မှုများသည် ဖြစ်ရပ်မှန် နှင့် ကွဲလွဲနေပြီး အပြုသဘော မဆောင်ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ်က OIC အဖွဲ့သို့ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။

အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ကို ၁၉၆၉ ခုနှစ်က တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်သည်။

ယမန်နှစ်ကလည်း OIC ရုံးခွဲ မြန်မာနိုင်ငံတွင် လာရောက်ဖွင့် လှစ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး ကန့်ကွက်ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်