Tuesday, October 02, 2012

သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား သောင်းချီသော လူအုပ်ကြီးမှ သိက္ခာရှိရှိ သောင်းသောင်းဖျဖျကြိုဆို (၈)

Posted by drmyochit Tuesday, October 02, 2012, under | No comments

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ န ယူးယောက်မြို့တွင် ပြုလုပ်သော (၂၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၉း၂၀ က ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင် ရာလေဆိပ် သို့  ပြန်ရောက်ပြီဖြစ်ပြီး  သောင်းချီသော လူအုပ်ကြီးမှ သိက္ခာရှိရှိ သောင်းသောင်းဖျဖျကြိုဆို ခဲ့ကြသည်။

 


နိုင်ငံတော်သမ္မတဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေ ညီလာခံကိုတက်ရောက်၍ မြန်မာနိုင်ငံသို့ပြန်ရောက်

Posted by drmyochit Tuesday, October 02, 2012, under | No comments



မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နယူးယောက်မြို့တွင် ပြုလုပ်သော (၂၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၉း၂၀ က ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်ရောက်ပြီဖြစ်ကြောင်း သိရသည်။

သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား သောင်းချီသော လူအုပ်ကြီးမှ အဆင့်တန်းရှိရှိ သောင်းသောင်းဖျဖျကြိုဆို (၇)

Posted by drmyochit Tuesday, October 02, 2012, under | No comments

၆၇ကြိမ်မြောက်ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နိုင်သည့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား  သောင်းချီသော လူအုပ်ကြီးမှ စည်းကမ်းရှိရှိ သောင်းသောင်းဖျဖျကြိုဆို ခဲ့ကြသည်။

အီရန် နိုင်ငံက ပြည်တွင်းထုတ် လက်ဖြောင့် ရိုင်ဖယ်နှင့် နည်းဗျူဟာမြောက် စစ်သုံးယာဉ်တို့အား ထုတ်ဖော် ပြသခဲ့ခြင်း

Posted by drmyochit Tuesday, October 02, 2012, under | No comments


 Photo: အီရန် နိုင်ငံက ပြည်တွင်းထုတ် လက်ဖြောင့် ရိုင်ဖယ်နှင့် နည်းဗျူဟာမြောက် စစ်သုံးယာဉ်တို့အား ထုတ်ဖော် ပြသခဲ့ခြင်း

အီရန်နိုင်ငံသည် ပြည်တွင်းထုတ် တာဝေး ပစ်ခတ်နိုင်သည့် Shaaher လက်ဖြောင့် ရိုင်ဖယ်နှင့် Neinava နည်းဗျူဟာ မြောက် စစ်သုံးယာဉ် တို့အား စက်တင်ဘာလ ၂၉ ရက်နေ့က တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သည့် အခမ်းအနား တစ်ရပ်တွင် ထုတ်ဖော် ပြသခဲ့ ကြောင်း Press TV သတင်း ဌာနက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ လက်ဖြောင့် ရိုင်ဖယ်သည် ၁၄.၅ မီလီ မီတာ ပြောင်းအချင်း ရှိပြီး တာဝေး ၃ ကီလိုမီတာ(၁.၈ မိုင်ခန့်) အထိ ထိရောက်မှု ရှိကြောင်း၊ ၁၈၅ စင်တီမီတာ အရှည်ရှိပြီး ၂၂ ကီလို ဂရမ် အလေးချိန် ရှိကြောင်းနှင့် ထိရောက်စွာ ပစ်ခတ် အသုံးပြုနိုင်ရန် အတွက် တပ်ဖွဲ့ဝင် ၃ ဦး လိုအပ်ကြောင်း သိရှိရပါသည်။ 

Neinava နည်းဗျူဟာမြောက် ယာဉ်သည် စစ်လက်နက် ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား သယ်ယူ ပို့ဆောင်ရေး အတွက် ပုံစံရေးဆွဲ ထုတ်လုပ် ထားသည့် ယာဉ်ဖြစ်ပြီး အလေးချိန် ၂.၅ တန်ရှိကြောင်း၊ မြင်းကောင်ရေ ၂၄ဝ စွမ်းအားရှိ အင်ဂျင် တပ်ဆင် ထားကြောင်း၊ အလျား ၇ မီတာရှိကာ အကျယ် ၂.၅ မီတာရှိပြီး အမြင့် ၂.၈ မီတာရှိကြောင်း၊ သာမန် လမ်းများတွင် မောင်းနှင်မည် ဆိုပါက အလေးချိန်၅ တန်အထိ တင်ဆောင် မောင်းနှ င် နိုင်ကြောင်းနှင့် မြေအနေအထား အမျိုးမျိုးတွင် ၂.၅ တန် အလေးချိန်ကို တင်ဆောင် ကာ မောင်းနှင် နိုင်စွမ်း ရှိကြောင်း သိရှိရပါသည်။ အီရန်နိုင်ငံ အနေဖြင့် ပြည်တွင်းထုတ် Saeqeh အမည်ရှိ မျိုးဆက်သစ် ဂျက်တိုက် လေယာဉ်များကို ထုတ်လုပ်လျက် ရှိကြောင်းနှင့် အီရန် လေတပ်ဖွဲ့ရှိ လေယာဉ် အုပ်များတွင် နာမည် အသစ် တစ်မျိုးဖြင့် မကြာမီ ဖြည့်တင်းပေး သွားမည်ဖြစ်ကြောင်း အီရန် ဒုတိယ လေတပ် ဦးစီးချုပ် ဗိုလ်မှူးချုပ် အဇစ်နာ ဆီယာဇာဒက်က ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
အီရန်နိုင်ငံသည် ပြည်တွင်းထုတ် တာဝေး ပစ်ခတ်နိုင်သည့် Shaaher လက်ဖြောင့် ရိုင်ဖယ်နှင့် Neinava နည်းဗျူ ဟာမြောက် စစ်သုံးယာဉ် တို့အား စက်တင်ဘာလ ၂၉ ရက်နေ့က တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သည့် အခမ်းအနား တစ်ရပ်တွင် ထုတ်ဖော် ပြသခဲ့ ကြောင်း Press TV သတင်း ဌာနက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ လက်ဖြောင့် ရိုင်ဖယ်သည် ၁၄.၅ မီလီ မီတာ ပြောင်းအချင်း ရှိပြီး တာဝေး ၃ ကီလိုမီတာ(၁.၈ မိုင်ခန့်) အထိ ထိရောက်မှု ရှိကြောင်း၊ ၁၈၅ စင်တီမီတာ အရှည်ရှိပြီး ၂၂ ကီလို ဂရမ် အလေးချိန် ရှိကြောင်းနှင့် ထိရောက်စွာ ပစ်ခတ် အသုံးပြုနိုင်ရန် အတွက် တပ်ဖွဲ့ဝင် ၃ ဦး လိုအပ်ကြောင်း သိရှိရပါသည်။ 

ပင်တဂွန်စစ်ဌာနချုပ်က မောင်းသူမဲ့လေယာဉ်သစ် ထုတ်လုပ်မည် ဖြစ်ကြောင်း ပြောကြား

Posted by drmyochit Tuesday, October 02, 2012, under | No comments


Photo: ပင်တဂွန်စစ်ဌာနချုပ်က မောင်းသူမဲ့လေယာဉ်သစ် ထုတ်လုပ်မည် ဖြစ်ကြောင်း ပြောကြား

ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ဖော် ပြောကြားချက်အရ အမေရိကန် တပ်ဖွဲ့ များသည် မောင်းသူမဲ့လေယာဉ်သစ် ထုတ်လုပ်မည်ဟု အေပီသတင်းဌာန၌ ဖော်ပြသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက မောင်းသူမဲ့ လေယာဉ် သစ်အား ထုတ်လုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။ ယခင်မောင်းသူမဲ့ လေယာဉ်များထက် နည်းပညာ ပိုမိုမြင့်မားကာ လူထိန်းချုပ်မှု နည်းပါး မည်ဖြစ်ပြီး နည်းပညာမြင့် မောင်းသူမဲ့ လေယာဉ်များကြောင့် ဝေဟင်တွင် ကင်းထောက်မှုများ ပိုမိုတိုးတက် စေမည်ဟု အမေရိကန် လေတပ်မှ သိပ္ပံပညာရှင် မာ့ခ်မေဘာရီက ပြောကြားသည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ် သစ်များတွင် တာဝေးကို ပျံသန်းနိုင်ခြင်းနှင့် ရေဒါ ရှောင်တိမ်းနိုင်သည့် စနစ်များ ပါဝင်မည်ဟု သိရသည်။ 
 
ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ဖော် ပြောကြားချက်အရ အမေရိကန် တပ်ဖွဲ့ များသည် မောင်းသူမဲ့လေယာဉ် သစ် ထုတ်လုပ်မည်ဟု အေပီသတင်းဌာန၌ ဖော်ပြသည်။

နျူဒုံးကျည်တပ်ဖွဲ့ တည်ထောင်ရန် ရုရှားက ကြိုးပမ်း

Posted by drmyochit Tuesday, October 02, 2012, under | No comments


Photo: နျူဒုံးကျည်တပ်ဖွဲ့ တည်ထောင်ရန် ရုရှားက ကြိုးပမ်း

ရုရှားနိုင်ငံရေတပ်က ၂ဝ၅ဝ ပြည့်နှစ်တွင် အများလက်ခံနိုင်သော နျူကလီး ယား ဒုံးလက်နက်တပ်ဖွဲ့ကို တည်ထောင် နိုင်ရန်အတွက် ကြိုးပမ်းလျက် ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။

ရုရှားရေတပ် ဗိုလ်ချုပ်ဗလာဒီ မီယာဗိုင် ဆော့ကီက ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၂ဝ၅ဝ ပြည့်နှစ်၌ အများ လက်ခံနိုင်သော နျူကလီးယား ဒုံးလက် နက် တပ်ဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကာ နိုင်ငံအတွင်း အဆိုပါ အစီအစဉ်အား ပါဝင် လက်ခံခြင်းရှိ၊ မရှိနှင့် စီးပွားရေး အခြေအနေများကို ချိန်ဆကာ အကောင် အထည် ဖော်မည်ဖြစ်သည်။

ရုရှားနိုင်ငံ ရေတပ်ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန်အတွက် သင်္ဘောများအား နည်းပညာမြှင့်ကာ တိုက်ခိုက်ရေး စွမ်းရည် ပိုမိုကောင်းမွန်သည့် စစ်သင်္ဘော များကိုလည်း နည်းပညာ မြှင့်ထားကြောင်း သိရသည်။ 

 
ရုရှားနိုင်ငံရေတပ်က ၂ဝ၅ဝ ပြည့်နှစ်တွင် အများလက်ခံနိုင်သော နျူကလီး ယား ဒုံးလက်နက်တပ်ဖွဲ့ကို တည် ထောင်နိုင်ရန်အတွက် ကြိုးပမ်းလျက် ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။

သမ္မတဦးသိန်းစိန် နိုင်ငံရေးအမြတ်ထုတ်ဟု ကေအိုင်အို တုန့်ပြန်

Posted by drmyochit Tuesday, October 02, 2012, under | No comments


 
ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခနှင့်ပတ်သက်၍နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည် ထောင်စု ခရီးစဉ် ၌ ပြောကြားခဲ့သော သဘောထားများမှာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာဖြစ်သည်ဟု ထိုင်း နိုင်ငံ အခြေစိုက် ကေအိုင်အို ဒုတိယနိုင်ငံခြားရေးတာဝန်ခံက ဆိုသည်။

အိန္ဒိယ၏ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောသည် ဒေသတွင်းလုံခြုံရေး စိုးရိမ်ဖွယ်ရှိဟု ပါကစ္စတန်ဆို

Posted by drmyochit Tuesday, October 02, 2012, under | No comments

 Photo: အိန္ဒိယ၏ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောသည် ဒေသတွင်းလုံခြုံရေး စိုးရိမ်ဖွယ်ရှိဟု ပါကစ္စတန်ဆို

ပါကစ္စတန် နိုင်ငံအစိုးရက အိန္ဒိယနိုင်ငံမှ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက လုပ်ဆောင်ခဲ့သည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော မိတ်ဆက်မှုကြောင့် ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေမှုများ ဖြစ်လာ နိုင်ကြောင်း ပြောကြားခဲ့ သည်ဟု အေအက်ဖ်ပီ သတင်း၌ ဖော်ပြသည်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ အဘူဒူရယ် ဘာဆစ်က အိန္ဒိယနိုင်ငံသည် လက်နက် စနစ်များကို ဆက်လက် လုပ်ဆောင် နေသောကြောင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုများကို ထိခိုက် စေနိုင်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံကမူ လုံခြုံရေးအတွက် စောင့်ကြပ်မှုများကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နျူကလီးယား လက်နက် အပြိုင်လုပ်ဆောင်မှုများ နှစ်နိုင်ငံအကြား ဖြစ်လာ နိုင်ကြောင်း သုံးသပ်ရပြီး ၁၉၇၄ ခုနှစ်တွင် အိန္ဒိယက နျူကလီးယား ပစ္စည်းတစ်ခု ဖောက်ခွဲစမ်းသပ်ခဲ့ပြီး တုန့်ပြန်မှုအဖြစ် ၁၉၉၈ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံက နျူကလီးယား လက်နက်ကို စမ်းသပ်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ရေငုပ်သင်္ဘောသစ်တွင် နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်လာမှုများကို တားမြစ်နိုင်သည့် စွမ်းရည်များ ရှိကြောင်း သိရသည်။


ပါကစ္စတန် နိုင်ငံအစိုးရက အိန္ဒိယနိုင်ငံမှ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက လုပ်ဆောင်ခဲ့သည့် နျူကလီး ယားစွမ်းအင်သုံး ရေငုပ်သင်္ဘော မိတ်ဆက်မှုကြောင့် ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေမှုများ ဖြစ်လာ နိုင်ကြောင်း ပြောကြားခဲ့ သည်ဟု အေအက်ဖ်ပီ သတင်း၌ ဖော်ပြသည်။
 

ကင်ညာခရစ်ယာန်ဘုရားကျောင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

Posted by drmyochit Tuesday, October 02, 2012, under | No comments


ကင်ညာခရစ်ယာန်ဘုရားကျောင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ကင်ညာနိုင်ငံတွင် ကလေးများ ရှိနေသည့် ခရစ်ယာန် ဘုရားကျောင်းကိုလက် ပစ်ဗုံး တစ်လုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲများက တနင်္ဂ နွေနေ့ တွင် ဘုရားကျောင်းအတွင်း ဝတ်ပြုနေသော ကလေးငယ်များအနက် လက်ပစ် ဗုံးကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးမှာ ဆိုးရွားပြင်းထန်စွာ ဒဏ်ရာ ရခဲ့ ကြောင်း ပြောကြားခဲ့သည်။








ကချင်နှင့်သျှမ်းပြည် စီးပွားရေးလုပ်ငန်ရှင်များ မျက်စိကျစရာ နေရာဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်ပြော

Posted by drmyochit Tuesday, October 02, 2012, under | No comments

၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး ကွန်မြူနတီ (ASEAN Economic Community- AEC) ဖြစ်လာ ပါက ကချင်နှင့် သျှမ်းပြည်သည် အင်အားကြီးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျစရာ နေရာ ဖြစ်လာနိုင်ကြောင်း ထိုင်း ပညာရှင် များက ပြောဆိုပါသည်။
Dulyaphak Preecharach (Photo:SHAN) 

သံလိုက်ဓာတ်ဖြတ်သန်းမှုကြောင့် ဖုန်းလိုင်းများ ပြတ်တောက် မည့် သတင်း မမှန်ကန် ဟုဆို

Posted by drmyochit Tuesday, October 02, 2012, under | No comments

 

မိုဘိုင်းဖုန်း ဆင်းမ်ကတ် များနှင့်ဖုန်းလိုင်းများပြတ်တောက် နိုင်မည့် သံလိုက်ဓာတ်တစ်ခုအောက်တို ဘာ၁ရက် နေ့ ဖြတ်သန်းမည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်းမြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူ တစ်ဦးက အတည် ပြုပြောသည်။

သဘာဝဓာတ်ငွေ့ စီမံကိန်း ၂ ခုမှ ဒေါ်လာ ၁၆ ဘီလီယံကျော် မြတ်

Posted by drmyochit Tuesday, October 02, 2012, under | No comments

 
မုတ္တမကွေ့ရှိ ရဲတံခွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်း (ဓာတ်ပုံ – vimutti.co.cc) 

ဧရာဝတီသတင်းဌာန. ၁ရက်နေ့ အောက်တိုဘာ ၂၀၁၂  — ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီး နှစ် ခုမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၆ နှစ်တာကာလအတွင်း အမြတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၆.၆ ဘီလီယံ ကျော် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့် ကြည့်နိုင်ဖို့ တရားဝင်အဖွဲ့ ဖွဲ့စည်းရန် လိုအပ်

Posted by drmyochit Tuesday, October 02, 2012, under | No comments



ကရင်နီပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင် လေ့လာစောင့်ကြည့်နိုင်ဖို့ ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်ရုံဆွေးနွေးပွဲ (ဓါတ်ပုံ-ကေတီ)
ကရင်နီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင်လေ့လာ စောင့်ကြည့်နိုင်မည့် Monitoring အဖွဲ့ ဖွဲ့စည်းနိုင်ဖို့နဲ့ နည်းလမ်း အကောင် အထည် ရှာဖွေဖော်ထုတ် နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ လူမှုအခြေပြု အသင်းအဖွဲ့များ  ယမန်နေ့က ထိုင်း၊ မြန်မာနယ် စပ်မှာ အလုပ်ရုံဆွေးနွေးပွဲ ၂ ရက်သာ ပြုလုပ်သွား ကြပါတယ်။ 

ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ ကိုဒီနေ့ရုံးထုတ်

Posted by drmyochit Tuesday, October 02, 2012, under | No comments


 

စက်တင်ဘာလ ၂၁ ရက်၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က တစ်နိုင်ငံလုံး စစ်ပွဲတွေ ရပ်တန့်ရေး အတွက် ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (ခေါ်) အယ်လ်ခေါန်ထွယ် တို့ကို ငြိမ်းချမ်း စွာစုဝေး ခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ စမ်းချောင်းမြို့ နယ်တရားရုံး မှာ ဒီကနေ့ စတင် တရား စွဲဆိုလိုက်ပါတယ်။ 

ဖားကန့်ဒေသ အခြေအနေငြိမ်သက်

Posted by drmyochit Tuesday, October 02, 2012, under | No comments




ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေ စတင်ပြီး တိုက်ပွဲတွေနည်းသွားပြီး အခြေအနေငြိမ် သက်နေ တာကြောင့် ဒုက္ခသည် စခန်းက စစ်ဘေးရှောင်နေတဲ့ လူတချို့ ရပ်ရွာနေအိမ် ပြန်သွားကြတယ်လို့ သိရပါတယ်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်