
ပါကစ္စတန် နိုင်ငံအစိုးရက
အိန္ဒိယနိုင်ငံမှ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက လုပ်ဆောင်ခဲ့သည့် နျူကလီး ယားစွမ်းအင်သုံး
ရေငုပ်သင်္ဘော မိတ်ဆက်မှုကြောင့် ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေမှုများ
ဖြစ်လာ နိုင်ကြောင်း ပြောကြားခဲ့ သည်ဟု အေအက်ဖ်ပီ သတင်း၌ ဖော်ပြသည်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ အဘူဒူရယ် ဘာဆစ်က အိန္ဒိယနိုင်ငံသည်
လက်နက် စနစ်များကို ဆက်လက် လုပ်ဆောင် နေသောကြောင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုများကို
ထိခိုက် စေနိုင်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံကမူ လုံခြုံရေးအတွက် စောင့်ကြပ်မှုများကို
လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နျူကလီးယား လက်နက် အပြိုင်လုပ်ဆောင်မှုများ နှစ်နိုင်ငံအကြား ဖြစ်လာ နိုင်ကြောင်း သုံးသပ်ရပြီး
၁၉၇၄ ခုနှစ်တွင် အိန္ဒိယက နျူကလီးယား ပစ္စည်းတစ်ခု ဖောက်ခွဲစမ်းသပ်ခဲ့ပြီး တုန့်ပြန်မှုအဖြစ်
၁၉၉၈ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံက နျူကလီးယား လက်နက်ကို စမ်းသပ်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ရေငုပ်သင်္ဘောသစ်တွင် နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်လာမှုများကို တားမြစ်နိုင်သည့်
စွမ်းရည်များ ရှိကြောင်း သိရသည်။
Time in Rangoon

0 comments:
Post a Comment