KIO အဖွဲ့၏ ဗဟိုဌာနချုပ်(လိုင်ဇာ) တွင်
စက်တင်ဘာလ (၂၉) ရက်၌ အစည်းအဝေးတစ်ခုကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် KIO ခေါင်းဆောင်
ဦးဇောင်းဟရားမှ UNFC အတွင်း၌ သဘောထားကွဲလွဲ လျက်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အစည်းအဝေးကို (၂၉) ရက်နေ့လည်ပိုင်းမှာ
လိုင်ဇာဟိုတယ်၌ ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော် နှင့်
KIO ဗဟိုကော်မတီဝင်များ၊ လိုင်ဇာရှိ ရပ်မိ ရပ်ဖများ၊ တစ်ဖက် တရုတ်နိုင်ငံဘက်မှ ကချင်လူမျိုးခေါင်းဆောင်များ
စုစုပေါင်း ၄၅ ယောက်လောက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ထိုအစည်းအဝေးမှာ ဦးဇောင်းဟရားက အမေရိကန်သို့
ရောက်ရှိနေသော UNFC အဖွဲ့ကိုယ်စားလှယ်များမှ ဦးသိန်းစိန် ထံသို့ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာ
နှင့် ကြေငြာချက်မှ အချို့ အချက်များအား သဘော မကျသည့်အဖွဲ့များ ရှိကြောင်း နှင့် ၄င်းအနေဖြင့်လည်း
သဘောမကျကြောင်း၊ ထို့အပြင် UNFC ကော်မ တီတွင် အဖွဲ့အားလုံး၏ တာဝန်ရှိသူများဖြင့်
အစည်းအဝေးလုပ်သဘောတူ ထားပြီးဖြစ်သည့် အချက်တစ် ချက်ဖြစ်သည့် KIA မှ အစိုးရ နှင့်
ငြိမ်းချမ်းရေး သဘောတူညီမှု အခြေအနေ တိုးတက်ခြင်းမရှိသေးသည့် ကာလတစ်လျှောက်မှာ UNFC
ဝင် မည်သည့် အဖွဲ့ကမှ အစိုးရနဲ့ ဘယ်လိုတွေ့ဆုံမှုမျိုးမှ မလုပ်ပါဘူး ဆိုတဲ့အချက်လည်းရှိကြောင်း၊
ကြေငြာချက်ပါ ထိုသဘောတူညီချက်နှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင် မှုများအား ကော်မတီဝင်
အဖွဲ့အစည်း များမှ ပြုလုပ်လျက်ရှိသဖြင့် အချင်းချင်း သဘောထား ကွဲလွဲလျက် ရှိကြောင်း
ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် UNFC အဖွဲ့ဝင်ဖြစ်သော KNU အနေဖြင့်လည်း
လက်နက်ကိုင်အဖွဲ့အစည်းနှင့် KNU ဗဟိုကော် မတီကြားတွင် အကြီးအကျယ် သဘောထားကွဲလွဲလျက်ရှိသည့်အပေါ်တွင်လည်း
ဝေဖန် ဥပမာပေး ပေးပြော ကြားခဲ့ပါတယ်။
UNFC သည် တိုင်းရင်းသားလက်နက်ကိုင်
(၁၂) ဖွဲ့ဖြင့်ဖွဲ့စည်းခဲ့ပြီး KIO တစ်ဖွဲ့မှ အပ ကျန်အဖွဲ့ အစည်း (၁၁) ဖွဲ့မှာ အစိုးရနှင့်သီးခြားစီ
ငြိမ်းချမ်းရေး ဆွေးနွေး၍ သဘောတူလက်မှတ်များ ရေးထိုးခဲ့ပြီးဖြစ်သည်။ ထိုကော်မတီဝင်အဖွဲ့များတွင်ပင်
အချို့အဖွဲ့များမှာ လူအင်အားမရှိဘဲ အမည်ခံ ဖွဲ့စည်းထားသော အဖွဲ့အစည်း များလည်း ပါဝင်သည်။
From: ကချင်နေ့စဉ်သတင်း
Time in Rangoon


0 comments:
Post a Comment