Tuesday, October 02, 2012

သံလိုက်ဓာတ်ဖြတ်သန်းမှုကြောင့် ဖုန်းလိုင်းများ ပြတ်တောက် မည့် သတင်း မမှန်ကန် ဟုဆို

Posted by drmyochit Tuesday, October 02, 2012, under | No comments

 

မိုဘိုင်းဖုန်း ဆင်းမ်ကတ် များနှင့်ဖုန်းလိုင်းများပြတ်တောက် နိုင်မည့် သံလိုက်ဓာတ်တစ်ခုအောက်တို ဘာ၁ရက် နေ့ ဖြတ်သန်းမည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်းမြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူ တစ်ဦးက အတည် ပြုပြောသည်။
 
ယင်းသံလိုက်ဓာတ်သည် နံနက်၎နာရီမှညနေ၅နာရီ အထိဖြတ်သန်းမည်ဟု သတင်း များထွက်ပေါ် ခဲ့ပြီး နေ့လည် ၁နာရီ ခွဲခန့်မှစတင်ကာမြို့နယ်များ တွင်သတင်း များပိုမိုပျံ့နှံ့လာခဲ့ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍မြန်မာ့ ဆက်သွယ်ရေးမှတာဝန်ရှိသူတစ်ဦး က”သတင်းတွေကတော့ကြားနေရတာ အစုံဘဲ၊ အင်တာနက်လိုင်းတွေ ပါပြတ် တောက်မယ်ဆိုတာရော၊ဘယ်က နေဘယ်လိုသတင်း တွေထွက် နေမှန်း လည်းမသိဘူး၊ဒီသတင်းတွေလုံးဝမဟုတ် ပါဘူးလို့ပြောချင်ပါတယ်”ဟုပြော သည်။
 
ယင်းသံလိုက်ဓာတ်ဖြတ်သန်း မည်ဆိုပါကအင်တာနက်လိုင်းများ ပါ ပြတ်တောက်မည် ဆိုခြင်း ကြောင့်ရတနာ ပုံ Call Center သို့ဆက်သွယ်စုံစမ်း မေးမြန်းသူများပြားခဲ့ပြီးယင်းစင်တာ မှတာဝန်ရှိသူတစ်ဦး က”ဒီနေ့တစ်နေ ကုန်ဖုန်းလှမ်းဆက်တဲ့ Customer တွေကို ဒီသတင်းဘဲ ဖြေရှင်းနေရတာ၊ နေ့လည်၁နာရီလောက်ကတည်း ကဖုန်းတွေတောက်လျှောက်ဝင် နေတာပါ၊ကတ်တွေ ပြတ်မယ်၊ လိုင်းတွေပြတ်မယ် ဆိုတာမဟုတ်ပါ ဘူး၊ကောလဟာလပါ”ဟုပြောသည်။
 
စမ်းချောင်း မြို့နယ်နေ မိုဘိုင်း ဖုန်းအသုံးပြုသူမသူဇာက”ကျွန်မတို့ သူငယ်ချင်းအချင်းချင်း လှမ်းပြီး သတင်း ပေးကြတာ၊ဒီသတင်းကြားတာနဲ့ ဖုန်းတွေတောင်ပိတ်ထားလိုက်တယ်၊ ဖုန်းတော့ အပြတ် မခံနိုင် ဘူး လေ၊”ဟု ပြောသည်။
 
ယင်းသံလိုက်ဓာတ်ဖြတ်သန်း မည်ဆိုသည့် သတင်းသည်ရက် အနည်းငယ်ခန့်က အင်တာနက်ပေါ် တွင် ထွက်ပေါ်လာသည့် သတင်းတစ် ရပ်ပင်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ထပ်မံပြောသည်။
 
From: ကချင်နေ့စဉ်သတင်း 



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်