Tuesday, October 02, 2012

မြန်မာတစ်နိုင်ငံလုံး၏ ကုန်စည်စီးဆင်းမှု အခြေအနေ စာရင်း ကောက်ယူမည်

Posted by drmyochit Tuesday, October 02, 2012, under | No comments

From : Myanmar Express

မြန်မာတစ်နိုင်ငံလုံး၏ ကုန်စည်စီးဆင်းမှု အခြေအနေကို သိရှိနိုင်ရန်အတွက် ရန်ကုန်မြို့ကို ဗဟိုပြု၍ ရန်ကုန်- ပဲခူး လမ်းပိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၊ ရန်ကုန်-ပုသိမ် လမ်းပိုင်းဟူ၍ လမ်းအပိုင်းသုံးပိုင်း သတ်မှတ်ပြီး ထွက်ခွာသော ကုန်တင်ယာဉ်နှင့် ကုန်ပစ္စည်း တင်ဆောင်မှု အခြေအနေများကို စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်းမှ သိရသည်။ ရန်ကုန်-ပဲခူး လမ်းအပိုင်းကို ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်၍ စာရင်းကောက်ယူလျက်ရှိပြီး အဓိကအားဖြင့် အဆိုပါ လမ်းပိုင်းများတွင် ကုန်တင်ယာဉ် ထွက်ခွာ သတင်းပို့စနစ်ဖြင့် စာရင်းကောက်ယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စာရင်း ကောက်ယူခြင်းအားဖြင့် မြန်မာတစ်နိုင်ငံလုံး၏ ကုန်စည်စီးဆင်းမှုကို အကြမ်းဖျင်း သိရှိနိုင်မည်ဖြစ်ပြီး အဆိုပါ စနစ်သည် ကုန်စည်စီးဆင်းမှုပမာဏ တိုးချဲ့နိုင်ရေးနှင့် ကုန်းလမ်းပို့ဆောင်မှုကဏ္ဍ မြှင့်တင်နိုင်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်