Tuesday, October 02, 2012

KIA မှ မန်စီတွင် အတင်းအကြပ် လူသစ်စုဆောင်း၊ လူ(၄၀)ဦး ဖမ်းဆီးခေါ်သွား

Posted by drmyochit Tuesday, October 02, 2012, under | No comments



IA/KIO တို့သည် ဗမာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၂ ခုနှစ် အစပိုင်းမှစတင်၍ အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းများဖြင့် အင်အားဖြည့်တင်းလျက်ရာ စက်တင်ဘာလ(၂၈ နှင့် ၂၉) ရက်နေ့ များ မှာ  မန်စီမြို့နယ် အတွင်းမှလည်း လူသစ်(၄၀)ဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

တပ်မဟာ(၃) လက်အောက်ခံ အူလန်ပါခရိုင်မှူး ဇော်ရှန်းနဲ့အဖွဲ့ဝင်(၁၀)ဦးဟာ စက်တင်ဘာလ (၂၈) ရက်နေ့ မှာမန်စီမြို့နယ် ကွတ်လုံကျေးရွာ၊ ကုန်ခမ်းကျေးရွာ၊ ပန်ခမ်းကျေးရွာနဲ့ နားလုံကျေးရွာ ၀န်းကျင်တို့ တွင် လယ်လုပ်နေသော ရှမ်းလူမျိုးနဲ့ ကချင်လူမျိုး(၁၅)ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရ ပါတယ်။

ဒါ့အပြင် တပ်မဟာ(၃)လက်အောက်ခံ ရင်း(၂၇)မှ ဒုတပ်ရင်းမှူး မရန်ထွဲဝါနဲ့ KIO မှ ပန်ခမ်းပါမြို့နယ်မှူး လအောင်တို့ နှစ်ဦးပေါင်း၍  အယောက်(၃၀)လောက်ဟာ မန်စီမြို့နယ် လယ်တောကျေးရွာသို့ စက်တင် ဘာလ(၂၇)ရက်နေ့ ကတည်းက ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကျေးရွာများမှ လူ(၂၅)ဦးအား ခေါ်ဆောင် ကာ စက်တင်ဘာလ(၂၉)ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။
ထိုနှစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သော လူသစ်(၄၀)ယောက်တို့ဟာ SSA(တောင်ပိုင်း) တပ်ရင်း(၁၀၁)နှင့် ပူးပေါင်းပြီး မန်စီမြို့နယ် မံအိုက်ကျေးရွာ အနီး နမ့်ဝမ်းချောင်းဘေးရှိ ၀ါရုံတောတွင် နှစ်ပတ်ခန့် လူသစ်သင် တန်းပေး သွားပြီး ရှေ့တန်းစခန်းများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။
စက်တင်ဘာလ ထဲတွင် KIA နှင့် ဗမာစစ်တပ်တို့၏ တိုက်ပွဲများ၌ KIA ဘက်က စစ်ပညာမတက်သေးသော တပ်သား သစ်များ ကျဆုံးမှု များနေသောကြောင့် ဒေသခံများဟာ ဖမ်းဆီးခံရသူများအား စိုးရိမ်ပူပန်လျက် ရှိကြောင်း သိရှိရပါတယ်။

From: ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်