Thursday, December 27, 2012

ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ်

Posted by drmyochit Thursday, December 27, 2012, under | No comments


ကဘူးလ်မြို့ရှိ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဌာနချုပ်၌ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ် ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင် သည်ဟု သံသယရှိသော အမျိုးသမီး တစ်ဦးကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်။

ရက်ပိုင်းအတွင်း ယာဉ်တိုက်မှုသုံးခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများရှိခဲ့

Posted by drmyochit Thursday, December 27, 2012, under | No comments

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိ သူများ ရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်များမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်ဘဲ့လမ်း ထောင့် တွင် တိုယိုတာ ကဒီနားယာဉ်နှင့် တက္ကစီ တစ်စီးတို့ တိုက်မိ ခဲ့ရာ တက္ကစီယာဉ်မောင်းမှာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

ဒီ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

Posted by drmyochit Thursday, December 27, 2012, under | No comments

Bamaw

ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက် တပ်ဖွဲ့ တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန် တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိ တဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် သရုပ်ဆောင်၂၁ဦး ရွေးချယ်မည်

Posted by drmyochit Thursday, December 27, 2012, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်မည့် ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်၂၁ဦးကို ယခုလအတွင်း ရွေးချယ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက The Voice Weekly သို့ ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ရက်အတွင်း စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြမည်

Posted by drmyochit Thursday, December 27, 2012, under | No comments

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ ရက်အတွင်း လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန် သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်း ထုတ်ပြန် ချက် ၄/၂၀၁၂ တွင် ဖော်ပြထားသည်။ 

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်

Posted by drmyochit Thursday, December 27, 2012, under | No comments


မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) က သူမကြုံတွေ့ခဲ့ရသည်များကို မီဒီယာများအား ရှင်းပြ နေစဉ် 
ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီး သည် များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ ခဲ့ရ သည်များကို Eleven Media Group သို့ ပြောပြခဲ့သည်များအား ဖော်ပြအပ်ပါသည်။ 

မြန်မာနိုင်ငံမြို့ကြီးတွေမှာ VISA ကဒ်နဲ့ ငွေထုတ်နိုင်ပြီ

Posted by drmyochit Thursday, December 27, 2012, under | No comments

နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Visa ငွေထုတ်ကဒ် ကိုင်ဆောင်ထား သူတွေဟာ နိုင်ငံခြားဧည့်ခရီးသွားတွေ အများစုသွားလာလည်ပတ်ကြတဲ့ နေရာတွေအပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး စတဲ့ မြို့တွေမှာ ရှိတဲ့ သမဝါ ယမဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေမှာ တပ်ဆင်ထားတဲ့ ATM ခေါ် ငွေထုတ်စက် အလုံး ၉ဝ မှာ စတင် ငွေထုတ်နိုင်ပြီလို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်

Posted by drmyochit Thursday, December 27, 2012, under | No comments

အခုပွင့်လင်းရာသီမှာ ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲ တွေ ဖြစ်နေချိန်မှာ ရှမ်းပြည်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရ တပ်တွေက တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။

ဆင်ဘိုမြို့က လူငယ်သုံးယောက် တရုတ်ပြည်မှာ ရောင်းစားခံရ

Posted by drmyochit Thursday, December 27, 2012, under | No comments

ဒီဇင်ဘာလအတွင်းက ကချင်ပြည်နယ် ဆင်ဘိုမြို့က ဆယ်ကျော်သက် လူငယ် ၃ ယောက်ဟာ တရုတ်ပြည်မှာ လူကုန်ကူးခံရပြီး အဲဒီအထဲက မိန်းကလေး တစ်ယောက်ကတော့ တရုတ် အမျိုးသားနဲ့ အိမ်ထောင်ပြုလိုက်ရတယ်လို့ သိရပါတယ်။

မိန်းမပျို ရောင်းစားနေတဲ့ မြန်မာ ၂ ဦး ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

Posted by drmyochit Thursday, December 27, 2012, under | No comments

ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင် ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိ ရပါ တယ်။

Wednesday, December 26, 2012

အဲပုဂံလေယာဉ် မတော်တဆမှု နှစ်ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

Posted by drmyochit Wednesday, December 26, 2012, under | No comments


ရေးသားသူ- သတင်းအဖွဲ့

ရန်ကုန်၊ဒီဇင်ဘာ-၂၅

အဲပုဂံလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W9-011 ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးသည်တင် ဖော်ကာ လေယာဉ် တစ်စီးသည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မတော် တဆမှုဖြစ် ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ဘန်ကောက် Dusit ဆေးပညာဝန်ဆောင်မှုမှ မြန်မာနိုင်ငံတွင် လာမည့်နှစ်အတွင်း ဆေးရုံတည်ဆောက် ရန် စီစဉ်

Posted by drmyochit Wednesday, December 26, 2012, under | No comments

Bangkok Dusit Medical Services Plc(BGH) က လာမည့် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဆေးရုံလာ ရောက်တည် ဆောက်ရန် အစီအစဉ်ရှိနေသည်ဟု ထိုင်းနိုင်ငံ သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။ 

အဖျက်စွမ်းအားကြီးသော STUXNET virus က အီရန်အား ထပ်မံတိုက်ခိုက်

Posted by drmyochit Wednesday, December 26, 2012, under | No comments


အဖျက်စွမ်းအားကြီးသော STUXNET virus က Version ပြောင်းလဲကာ အီရန်နိုင်ငံအား နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ကြောင်း သိရသည်။ အဆိုပါ Worm ဟာ အီရန်နိုင်ငံရဲ့ အရေးပါဆုံး Power Plant နှင့် အီရန်တောင်ဘက်ပိုင်းရှိ စက်ရုံများအား အဓိကထား တိုက်ခိုက်ခြင်းဖြစ်သည်။

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

Posted by drmyochit Wednesday, December 26, 2012, under | No comments


Wednesday, 26 December 2012
ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

လေယာဉ်ဖြတ်သန်းမှု နှစ်ဆခန့်မြင့်တက်လာခြင်းကြောင့် လေကြောင်းလမ်းညွှန်ကိရိယာများ တိုးချဲ့တပ်ဆင်မည်

Posted by drmyochit Wednesday, December 26, 2012, under | No comments


ပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့် လေကြောင်း လမ်းညွှန် ဆက် သွယ် ရေး စက်များ တိုးချဲ့ တပ်ဆင်ရန် အတွက်နေရာသုံးနေရာ၌လျာထားသည်ဟု လေကြောင်း ပို့  ဆောင် ရေး ညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိ သည်။ လေကြောင်း လမ်းညွှန် ဆက်သွယ်ရေး စက်များ တပ်ဆင်ခြင်းဖြင့် မြန်မာ့လေပိုင်နက် အတွင်း ဖြတ်ကျော်ပျံသန်းသော ပြည်ပမှ လေယာဉ်များအတွက် အထောက် အကူ များစွာရရှိပြီး ဝေဟင်၌ လေယာဉ်အချင်းချင်းမတော်တဆထိခိုက်မှုများမှ ကင်းဝေး နိုင်မည်ဖြစ်သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်