၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိ သူများ ရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်များမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်ဘဲ့လမ်း ထောင့် တွင် တိုယိုတာ ကဒီနားယာဉ်နှင့် တက္ကစီ တစ်စီးတို့ တိုက်မိ ခဲ့ရာ တက္ကစီယာဉ်မောင်းမှာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၂ နာရီအချိန်တွင် ဂွတ်တလစ်ဈေးကွေ့၌ တိုယိုတာ ကလူဂျာ ယာဉ်သည် လမ်းဘေးတယ်လီဖုန်း ကွန်ကရစ်တိုင်အား ၀င်တိုက်မိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲတစ်နာရီခွဲ ၀န်းကျင်ခန့်တွင် တာမွေမြို့နယ် ဗညား ဒလ လမ်း အနီး တိုယိုတာမတ်တူးနှင့် အငှားယာဉ်တစ်စီး တိုက်မိခဲ့ရာ အငှားယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီး သည် လေးဦးအနက် တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Eleven Media Group
Time in Rangoon


0 comments:
Post a Comment