Thursday, December 27, 2012

ယနေ့ စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန်

Posted by drmyochit Thursday, December 27, 2012, under | No comments



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စုံစမ်းစစ်ဆေးရေးကော်မရှင်
သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၁၂)
၁၃၇၄ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်)

၁။စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းများမှ မီးလောင်ဒဏ်ရာရရှိသည့် လူနားများအား ဆေးကုသမှု ကိစ္စရပ်များကို နိုင်ငံ တော်မှ တာဝန်ယူလျက် ရှိပါသည်။

၂။စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လိုအပ်သည် များကို ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိရာ သံဃာတော် ဦးတိက္ခ ဉာဏအား ၁၃-၁၂-၂၀၁၂ ရက်နေ့တွင်လည်းကောင်း၊ ရှင်သဇ္ဇနအား ၂၅-၁၂-၂၀၁၂ ရက်နေ့တွင်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနိုင်ရန် စီစဉ် ဆောင်ရွက်ပေး ခဲ့ပါသည်။ အဆိုပါ သံဃာတော် (၂)ပါးသည် ဗန်ကောက်မြို့ရှိ PHRA MONGKUT HOSPITAL တွင် ဆေကုသမှု ခံယူ လျက် ရှိပါသည်။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ် နိုင်ရန်နှင့် လူမှု ဘဝ အကျိုး သက်ရောက်မှု ကို အကဲဖြတ် နိုင်ရန် အတွက် မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံအား တာဝန် ပေးအပ်ခဲ့ရာ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသည် အောက်ပါ ဘာသာရပ် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ငန်းများကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်-

(က) Ecology Expert (၁)ဦး

(ခ)Natural Hazard and Environmental Management (၁)ဦး

(ဂ) Project Development Analyst Expert (၁)ဦး

(ဃ) Health, Safety and Environment Consultant (၁)ဦး

(င) Environmental Engineering Consultant (၁)ဦး

(စ) Soil and Water Expert (၁)ဦး

(ဆ) Environmental Mapping Expert (၁)ဦး

(ဇ) Social Impact Assessment Expert (၂)ဦး

(ဈ) Air Quality Expert (၁)ဦး

(ည) EIA Consultant (၁)ဦး

(ဋ) Cultural Expert (၁)ဦး

၎။ အဆိုပါ ပညာရှင် ပေါင်းစုံ ပါဝင်သည့် အဖွဲ့သည် ကနဦး အစီရင် ခံစာကို (၂)ပတ်အတွင်း စုံစမ်း စစ်ဆေး ရေး ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ပါသည်။



From: Shwe Myanmar Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်