Thursday, December 27, 2012

ဗန်းမော်မှလွယ်ဂျယ် ဒုက္ခသည်များအတွက်ပေးပို့သည့်ဆန်တင်ယာဉ်အား ကေအိုင်အေမိုင်းကြောင့်ပျက်စီး

Posted by drmyochit Thursday, December 27, 2012, under | No comments

မနေ့က လွယ်ဂျယ်မှာရှိတဲ့ ကချင်စစ်ဘေး ဒုက္ခသည်တွေအတွက် ဆန်များ ပို့ဆောင်ရန်အတွက် ဂျစ်တစ် စီးက ဗန်းမော်မြို့ကနေ ဆန်တွေတင်ပြီး ထွက်ခွာခဲ့သည်။ ညနေ ၂နာရီခွဲလောက်တွင် စိန်လုံနဲ့ ဗျစ်ဝိုင်း ကြား ထဲမှာ ကေအိုင်အေ ထောင်ထားတဲ့မိုင်းကိုနင်းမိပေါက်ကွဲပါတယ်။ အဲဒီလိုပေါက်ကွဲခဲ့လို့ ကားအောက် ပိုင်း ပျက်စီးသွားခဲ့ပြီး ယာဉ်နောက်လိုက်လည်း ဒဏ်ရာရရှိခဲ့ပါသည်။ ဒဏ်ရာရရှိတဲ့ ယာဉ်နောက်လိုက်ကို မိုးမောက် ဆေးရုံသို့ စိန်လုံရွာကလူတွေက ပို့ဆောင်ပေးခဲ့ပါသည်။




ကေအိုင်အေက လမ်းတွေမှာမိုင်းထောင်တော့ ခရီးသွားတွေ ကုန်တင်ယာဉ်တွေပါထိကုန်တာပေါ့ သူတို့က အစိုးရတပ်ကို မိုင်းထောင်တယ်ဆိုပေမယ့်လည်း အဲဒီလမ်းတွေကို ဒီကလူတွေဘဲသုံးနေကြတာပါ။ အခုသူတို့ထောင်ထားတဲ့မိုင်းကြောင့် လွယ်ဂျယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်အတွက် တင်ဆောင်ပေးထားတဲ့ ဆန်တင်တဲ့ကားက ပျက်စီးသွားတဲ့အတွက် အရင်ကတည်းက ဒုက္ခရောက်နေတဲ့ အထဲအခုတော့ စားနပ် ရိက္ခာပါပြတ်မယ့် အနေအထားနဲ့ကြုံအုံးမှာလို့ စိန်လုံက လူတစ်ဦးကပြောဆိုခဲ့ပါသည်။


ကချင်နေ့စဉ်သတင်းမှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်