Thursday, December 27, 2012

အမေရိကန်မှ ခရစ္စမတ်ကာလ မုန်တိုင်း

Posted by drmyochit Thursday, December 27, 2012, under | No comments


အမေရိကန်နိုင်ငံတွင် ခရစ္စမတ် နှစ်သစ်ကူးကာလအတွင်း မုန်တိုင်းတိုက်ခတ်မှုနှင့် ဆီးနှင်းအများအပြား ကျရောက် မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ဒေသခံ တစ်သိန်းကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ ရကြောင်း The Wall Street Journal သတင်းက ပြောကြားသည်။

မုန်တိုင်းနှင့် ဆီးနှင်းထူထပ်မှုကြောင့် ခရစ္စမတ်ကာလ ခရီးသွားသူများမှာ လေယာဉ်ခရီးစဉ် နှောင့်နှေး မှု များ ကြုံတွေ့ရသည်။

ကြုံတောင့်ကြုံခဲ ဆောင်းတွင်းကာလ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူဝီစီးနီးယား၊ မစ္စစ္စပီနှင့် အလာဘာမား ပြည်နယ် တို့တွင် အဆောက်အအုံ ပျက်စီးများရှိခဲ့သည်။ ထို့အတူ အီလီနွိုက်စ်ပြည်နယ်နှင့် အင်ဒီ ယာနာ ပြည်နယ် တောင်ပိုင်းတို့တွင်လည်း ဆီးနှင်းများ အလွန်အမင်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။

Photo: AFP ImageForum
Planet Myanmar Network

From: Myanmar Online News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်