Thursday, December 27, 2012

ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလိုင်း တရုတ်ဖွင့်လှစ်

Posted by drmyochit Thursday, December 27, 2012, under | No comments

ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့် ရထားလိုင်းကို တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ အကွာအဝေးအားဖြင့် ၁၄၂၇ မိုင် ရှည်လျားပြီး ဘေဂျင်းနဲ့ ဂွမ်ဇောင်အကြား ပြေးဆွဲတဲ့ အဲဒီ အမြန် ရထားဟာ မြို့တော် ဘေဂျင်းကနေ မနက် ၉ နာရီမှာ ထွက်ခွာပြီး ဒုတိယရထားကတော့ ဂွမ်ဇောင် ကနေ တနာရီခြားပြီး ထွက်ခွာခဲ့ပါတယ်။

ဒီရထားဟာ နာရီမိုင် ၁၈၆ မိုင်နှုန်းနဲ့ မောင်နှင်တာဖြစ်တဲ့အတွက် မြို့တော် ဘေဂျင်းနဲ့ တိုင်းပြည် တောင်ပိုင်းက စီးပွားရေးအချက်အချာ ဒေသတခုဖြစ်တဲ့ ဂွမ်ဇောင်းအကြား အရင်က နာရီ ၂၀ ကျော် သွားရ တဲ့ခရီးဟာ ဒီ မြန်နှုန်းမြင့် ရထားကြောင့် အခု ၈ နာရီလောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အမှီ အရှေ့နဲ့အနောက် မြန်နှုန်းမြင့် ရထား ၄ လိုင်း၊ တောင်နဲ့မြောက် ၄ လိုင်းစီ တည်ဆောက် သွားဖို့ တရုတ်အစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။ 

VOA (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်