Thursday, December 27, 2012

ရခိုင်ပြည်နယ်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနားမပြုလုပ်ရန်နဲ့ ရခိုင်တိုင်း ရင်းသား တိုးတက်ရေး ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ခေါ်ယူသတိပေး

Posted by drmyochit Thursday, December 27, 2012, under | No comments


ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီအား ပါတီ၏ ဆောင်ရွက်ချက် အချို့နှင့်ပတ်သက်၍ ပြည်ထောင်စု
ရွေး ကောက်ပွဲကော်မရှင်ဥက္ကက ဒီဇင်ဘာလ ၂၄ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင် ရုံး၌ ခေါ်ယူသတိပေးခဲ့ ကြောင်း သိရသည်။

ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီမှ ဒေါက်တာ အေးမောင်၊ ဦးဇော် အေးမောင်၊ ဒေါ်အေး နုစိန်၊ ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်နှင့် ဦးမြင့်နိုင်တို့ငါးဦးကို ခေါ်ယူ သတိ ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရခိုင်တိုင်းရင်းသားတိုးတက် ရေးပါတီကို ပါတီ အနေဖြင့် မသီတာ ထွေး၏ ဓာတ်ပုံဖြင့် ပြက္ခဒိန်ထုတ်ဝေမည့် ရည်ရွယ်ချက်ကို မေးမြန်းခြင်း၊ ရခိုင်ပြည်နယ် အချုပ် အခြာ အာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား မပြုလုပ်ရန် တားမြစ်ခြင်းနှင့် ပါတီစာစောင်တွင် ပါဝင် သော ဆောင်ပါးကို အခြား ဘာသာတစ်ခုက တိုင်ကြားထားမှုနှင့် ပတ်သက်၍ သတိပေးခြင်းများ ပြုလုပ် ခဲ့ကြောာင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

မသီတာထွေးဓာတ်ပုံနှင့် ပြက္ခဒိန်ထုတ်ဝေသည့်ကိစ္စမှာ အရေးအခင်း ပြန်လည်ဖြစ်ပေါ်ရန် လှုံ့ဆော်ခြင်း မဟုတ်ဘဲ မသီတာထွေး တက်ရောက်ခဲ့သည့် ကျောင်းအား ပြုပြင်ရန် ရန်ပုံငွေရှာဖွေခြင်းသာဖြစ်ကြောင်း၊ ရခိုင် အချုပ် အခြာ ကျဆုံးသည့်နေ့ဖြစ်သော ဒီဇင်ဘာလ ၃၁ ရက်တွင်လည်း ပါတီအနေဖြင့် ပြုလုပ်မည် မဟုတ်ပါ ကြောင်းနှင့် အရေးအသားများနှင့် ပတ်သက်၍ ဆင်ခြင်သွားမည်ဟု ပြန်လည်ဖြေဆိုခဲ့ကြောင်း ဒေါက်တာ ဇော်အးမောင်က ပြောပါသည်။

ထိုသို့ ခေါ်ယူသတိပေးခြင်းခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေး မောင်က ''ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့က ကျွန်တော်တို့ ဥပဒေနဲ့ မညီဘူး လို့ထင်ရင် သတိပေးရမယ်လေ။

ကျွန်တော်တို့ကလည်း ဒါတွေဟာ တမင်လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့လည်း တစ်ခါတရံမှာ စေတနာ အမှားတွေ ဖြစ်တာကို ဆုံးမခေါ်ယူပြီးပြောတာ။ ကျွန်တော်တို့ ဖြေရှင်းချက်ကိုလည်း ဥက္ကဋ္ဌက အတိုင်း အတာ တစ်ခုထိ လက်ခံပါတယ်။ ဒီလိုပြောတာဟာ ဒီမိုကရေစီကျင့်စဉ်ပဲ''ဟု ဦးဇော်အေးမောင်က ပြောပါ သည်။

Eleven Media Group



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်