Thursday, December 27, 2012

ဒီ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

Posted by drmyochit Thursday, December 27, 2012, under | No comments

Bamaw

ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက် တပ်ဖွဲ့ တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန် တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိ တဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။

“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်း ကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွား လားမ သိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တ၀ိုက်၌ တပ်စွဲနေသော ကေအိုင်အေ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာသံ ပေးထားခဲ့ပါသည်။

ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျားယန် တ၀ိုက်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။

“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။ ဒီလမ်းဟာတရုတ်ပြည်ကိုလည်း ၀င်ထွက်နေ တဲ့လမ်း ဖြစ်တော့လိုင်ဇာမြို့မှာ (လဝက) လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ထိုင်ဖို့ သူတို့တောင်းတယ်။ နောက်ဆုံးတော့ မြို့တွင်းဖြစ်တဲ့ လဝါမှာ နေခွင့်ပေးလိုက်တယ်။ နောက်တော့ လဂျား ယန်ကိုပါ စုပေါင်း တပ်ထား မယ်ဆိုတဲ့ သဘောနဲ့ လာတော့တာဘဲ။ အခုအထိနှင်လဲ မထွက်တော့ဘူး။” ဟု ဆိုပါသည်။

KIA စစ်ဆင်ရေးဆက်နွှဲနေပုံ(ဓါတ်ပုံ KIA) 

အစိုးရတပ်ဖွဲ့သည် လဂျားယန်စခန်း၌ လက်နက်ကြီးတပ်ဆင်ရန် ရည်ရွယ်ထားသည်ဟု KIA က ယူဆ ထား ပါသည်။ အ ကယ်၍ ထိုနေရာ၌ လက်နက်ကြီး တပ်ဆင်ထားပါက ကေအိုင်အေ၏ လိုင်ဇာ ဗဟို ဌာန ချုပ် စခန်းသည် အစိုးရလက် အောက်သို့ ကျရောက်နိုင်သော အနေအထား၌ ရှိပါသည်။

လိုင်ဇာကို စစ်ဆင်နေသော နောက်လမ်းကြောင်းတခုမှာ လဂျားယန်အနောက်ဘက်၌ရှိသော စတန်ပါ လမ်းပိုင်းရှိ ငှက် ပျောခြံတွင် ယနေ့မနက် (၇) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား - ဗန်မော် လမ်းကြောင်း တလျှောက်တွင်လည်းနေ့တိုင်း လိုလိုတိုက်ပွဲဖြစ်နေပါသည်။ အသေးစိပ်ကို မသိရသေးချေ။

အစိုးရသည် လမ်းကြောင်း (၃) ခု၌ လိုင်ဇာကို စစ်ဆင်နေပါသည်။ သို့သော် KIA ၏ ပျောက်ကျား ပစ်ခတ်မှု ကြောင့် ရှေ့မတိုး နိုင်သေးကြောင်း KIA ကဆိုပါသည်။ လက်နက်ကြီးနှင့် စစ်ရဟတ်ယာဉ်၏ အကူကို ယူသော်လည်း ထိရောက်မှုမရှိပေ။ ၂၄ရက်နေ့ မနက် ၁၀ နာရီအချိန်၌ ခမရ (၃၉၀) နှင့် ခလရ (၂၉၈) တပ်ဖွဲ့တို့၏ စစ်ဆင်မှုကြောင့် ကွမ်းရှောင် (Kum Shawng)တပ်စခန်းနှင့် ခမွတ် (Hka Mut Post) စခန်းမှ KIA တပ်များဆုတ်ခွာခဲ့ရသော်လည်း ညဦးပိုင်း၌ KIA ကပြန် လည် သိမ်းပိုက်ခဲ့ပြန်ပါသည်။


ရွှေဟင်္သာသတင်းဌာနမှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်