Thursday, December 27, 2012

ကချင်ပြည်နယ်၊ မိုးညှင်းဘူတာ ရှမ်းသင်္ချိုင်းအနီး ဗုံးပေါက်ကွဲ

Posted by drmyochit Thursday, December 27, 2012, under | No comments


ကချင်ပြည်နယ် မိုးညှင်းဘူတာ ရှမ်းသင်္ချိုင်းအနီး သံလမ်းပိုင်း တစ်နေရာတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ည ၁၀ နာရီ ၀န်းကျင်ခန့် အချိန်က ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲ မှုကြောင့် မိုးညှင်းမြို့အတွင်း နေအိမ်များ တုန်ခါမှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှု မရှိကြောင်း သိရသည်။ ထို့အပြင် ရထား သံလမ်း ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲမှု မဖြစ်ပေါ်မီ အချိန်က မန္တလေးသို့ ထွက်ခွာမည့် မန္တလာ ၅၈ အစုန်ရထားသည့် လမ်းချော်မှု ဖြစ်ပွားသဖြင့် မိုးညှင်းဘူတာတွင် ရပ်နားနေခဲ့ကြောင်း သိရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်