Thursday, December 27, 2012

ကင်ဆာရောဂါအတွက် ဆေးနည်းတစ်ခွက် (ဒူးရင်းသြဇာအရွက် ပြုတ်ရေ)

Posted by drmyochit Thursday, December 27, 2012, under | No comments

Soursop ဒူးရင်း၊ သြဇာဟာ ကင်ဆာ ရောဂါ သည်တွေ အားကိုး ရမှာ ဖြစ် ပါတယ်။ တစ်ခါ တလေ ဘာမ ဟုတ်တဲ့ ဆေးမီးတို ကလေးက ရောဂါ ကြီးကြီး မားမား ကြီးတွေကို ပျောက်စေ တာက တော့ အံ့သြ စရာ ပါပဲ။

ဒါကြောင့်တစ်ဦး တစ်ယောက်ရဲ့ လက်တွေ့ပျောက်ကင်း သွားတဲ့ဆေးနည်းကလေးကို လစ်လျူမရှု သင့်ပါဘူး။ ဒီဆေးနည်း ကလေးကတော့ ငွေရေးကြေးရေးလည်း သိပ်ကုန်ကျမယ်မထင်ပါဘူး။

ဆေးနည်းလေးကိုတွေ့ရှိပုံက ဒီလိုပါ။ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်း အဝေးအတွက် နိုင်ငံအသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ တစ်ယောက်ကို ကျွန်မတွေ့လိုက်တော့ အံ့အားသင့်သွား
ရပါတယ်။ 

ဒီနှစ်အစမှာပဲ ဆေးစစ်တဲ့အခါမှာ ကင်ဆာလို့အဖြေ ထွက်ခဲ့ပါတယ်။ ကျွန်မတို့တတွေလည်း အတော်စိတ်မကောင်းခြင်းဖြစ်ခဲ့ရပါတယ်။အခုပြန်တွေ့တော့ လန်းဆန်းကျန်း မာတက်ကြွနေတာတွေ့ရပါတယ်။သူ့ ရောဂါအကြောင်းစကားစမြည်ပြောရင်း နဲ့ဆေးနည်းကလေးတစ်ခု
ရလာတာကို ဝေမျှချင်ပါတယ်။

အခုတလော ကင်ဆာဆိုတာနဲ့ လူတွေကလန့်နေကြပါတယ်။ ကင်ဆာဆိုတဲ့ ရောဂါကလည်း အမြစ်တွေလျှောက် တွယ်ပြီးကြောက်စရာကောင်းတဲ့ရောဂါ တစ်မျိုးလည်းဖြစ်ပါတယ်။ ကုန်ကျစရိတ်လည်းအလွန်များတယ်လို့ဆိုပါတယ်။

ခီမိုသွင်းရတာနဲ့မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ရုတ်တရက်သေဆုံးသွားတာနဲ့ဒါကြောင့် ကျွန်မတို့ရုံးက အန်တီ ဆိုရင် သူကင်ဆာဖြစ်တာ သူများကို မသိစေချင်ဘူး။

သူများတွေ သူ့ကိုသေလူလို့ ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူး ဆိုပြီးပြောပြ ရှာပါ တယ်။ ကျွန်မရဲ့ အချစ် ဆုံးကြီးကြီးလည်း ကင်ဆာနဲ့ ဆုံးသွားသလို၊အစ်မလို ခင်မင်ပြီး ချစ်ရတဲ့ လုပ်ဖော် ကိုင်ဖက် တစ် ယောက်လည်း ကင်ဆာနဲ့ဘ၀ဆုံးသွားရရှာပါတယ်။

အထူးသဖြင့် ကျွန်မတို့မိသားစု နဲ့နှစ်အိမ့်တစ်အိမ်ဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လည်း ကင် ဆာ နဲ့ ပဲဆုံးပါးသွားကြပါတယ်။ 

အရင်ကတော့ ပန်းခါးဆိုတော့ အရမ်းကိုနာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကို ရေနွေးကြမ်း လိုလုပ် သောက် ရပါတယ်။အရမ်းကို ခါးတော့ ကျွန်မတောင် စမ်းသောက် ကြည့်ပြီး တွန့်သွား တာနဲ့မ သောက်ဖြစ် တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေ ဆိုခံတွင်းထဲ ဘာထည့်ထည့်အရသာမရှိ တော့ဘူး။ အရမ်းလည်း သနားဖို့ကောင်းပါတယ်။ ကင်ဆာ ရောဂါဖြစ်နေသူများအတွက် သတင်းကောင်း ပါးလိုက် ပါရစေ။

အရသာလည်း မဆိုးတဲ့သဘာဝအသီးပင်ရဲ့အရွက်ကိုပြုတ်သောက် ရုံတင်နဲ့ကင်ဆာရောဂါ ကိုပျောက်ကင်း သက်သာ စေတာ ကျွန်မ မျက်စိရှေ့မှာတင် ၄ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာ အကြောင်း အစုံ အလင် နားမလည် ပေမယ့် ခီမိုသွင်းတာCell အကောင်းရော အဆိုးပါ သတ်ပစ် တာဖြစ်ပြီး ဒီဒူးရင်းသြဇာအရွက် ပြုတ်ရေရဲ့အာနိသင် ကတော့ ကင်ဆာဆဲလ်ချည်းသတ်သတ် ကိုသာ သတ်သတ်ပစ်တယ်လို့ရှင်းပြပါတယ်။

ကျွန်မညီမလေးကျောင်းက ပရော် ဖက်ဆာကတော့ လူတိုင်းတော့ပျာက် နိုင်မှာ မဟုတ် ဘူးလို့ ပြောပါ တယ်။တစ်ယောက်နဲ့တစ်ယောက်ကင်ဆာဖြစ်ပုံ အမျိုးအစားချင်းမတူသလို ခန္ဓာကိုယ်က တုံ့ပြန်ပုံ ချင်းလည်း မတူနိုင်ဘူးလို့ဆိုပါ တယ်။ 

ဒါပေမယ့် ကျွန်မအကြံပေးချင် တာကတော့ အနည်းနဲ့အများပျောက် သွားသည်ဖြစ်စေ၊သက်သာသွားသည် ဖြစ်စေ အန္တရာယ် မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့တိုက်တွန်းပါရစေ။ကိုယ်နဲ့သိ တဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး သားချင်း များမှာလည်း ကင်ဆာရောဂါရှိတဲ့သူများ ရှိရင် ထပ်ဆင့်ဝေငှပေးကြပါ။


မအေးဆေး
The Hot News မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်