Thursday, September 26, 2013

ကားတိုက်ခံရသည့် ပရိသတ်ကလေးမလေးနှင့် တွေ့ဆုံခဲ့သည့် တေလာဆွစ်ဖ်

Posted by drmyochit Thursday, September 26, 2013, under | No comments


လူငယ် ပရိသတ် အများစု၏ နှစ်သက်အားပေးခြင်းကို ခံရသည့် Country ဂီတစတား အဆိုတော် မလေး သည် အသက်(၇)နှစ်အရွယ် ဂရေ့စ်မာကယ်လ်၏ သတင်းကို ကြားသိပြီးနောက် သူမကို ကိုယ်တိုင် ဖက်လှဲ တကင်း နှုတ်ဆက် အားပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဖျော်ဖြေပွဲကို လာရောက်အားပေးရင်း ကားတိုက်ခံရသည့် ကလေးမလေး တစ်ဦးထံ တေလာဆွစ်ဖ် က ကိုယ်တိုင် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ လူငယ် ပရိသတ် အများစု၏ နှစ်သက် အားပေးခြင်း ကို ခံရသည့် Country ဂီတစတား အဆိုတော်မလေးသည် အသက်(၇)နှစ်အရွယ် ဂရေ့စ်မာကယ်လ်၏ သတင်းကို ကြားသိပြီးနောက် သူမကို ကိုယ်တိုင် ဖက်လှဲတကင်း နှုတ်ဆက် အားပေး ခဲ့ခြင်း ဖြစ်သည်။ နွေရာသီက တေလာ၏ ဖျော်ဖြေပွဲ တစ်ခုသို့ လမ်းလျှောက်သွားနေစဉ် ဂရေ့စ်ကို အရှိန်နှင့် မောင်းနှင်လာ သည့် မော်တော်ကား တစ်စင်းက ဝင်တိုက်မိခဲ့သည်။ ချီကာဂိုတွင် ဩဂုတ်လ (၁၀)ရက်နေ့ က ပြုလုပ်ခဲ့သည့် တေလာ၏ ဖျော်ဖြေပွဲအတွက် လက်မှတ်တစ်စောင်ကို ဂရေ့စ်၏ မိဘများက တစ်ဦးတည်းသော သမီးလေးအတွက် လက်ဆောင် ပေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ဂရေ့စ်ခမျာ ဖျော်ဖြေပွဲမှ ပျော်ပျော်ရွှင်ရွှင် ပြန်လာရမည့်အစား ဒဏ်ရာဒဏ်ချက် များစွာဖြင့်သာ ဆေးရုံသို့ ရောက်သွားခဲ့သည်။

ဂရေ့စ်သည် Taxiပေါ်မှ ဖခင်နှင့်အတူ အဆင်းတွင် SUV ကားတစ်စင်းက တစ်နာရီ မိုင်(၃၀)မျှနှုန်းဖြင့် ဖြတ်တိုက်သွားခြင်း ဖြစ်သည်။ ဂရေ့စ်ခမျာ သူမ၏ စံပြပုဂ္ဂိုလ်ကို တွေ့ဆုံခွင့် ရရန် အိပ်မက်တစ်ခု ပျက်သုဉ်းခဲ့ပြီး မာစီ ကလေးဆေးရုံတွင် အိပ်မက်ဆိုး ကာလများကို ဖြတ်သန်းခဲ့ရသည်။ ဂရေ့စ်၏ ဦးခွံတွင် (၂)နေရာ အက်သွားပြီး အခြား ဒဏ်ရာများလည်း ရရှိခဲ့သည်။ မျက်နှာတွင်ရော၊ ခန္ဓာကိုယ်တွင်ပါ လမ်းနှင့် အရှိန်ပြင်းပြင်း ပွတ်တိုက်မိခြင်းကြောင့် ဂရေ့စ်ခမျာ ပွန်းရာခြစ်ရာ ဗလပွနှင့် ဖြစ်ခဲ့သည်။ ထိုအကြောင်းကို တစ်ဆင့်စကား တစ်ဆင့်ကြားပြီးနောက် တေလာက ဂရေ့စ်ကို လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဂရေ့စ်၏ မိဘများက သမီးဖြစ်သူကို စိတ်ပြေလက်ပျောက် ဖြစ်စေရန် စက်တင်ဘာလ (၂၁)ရက်နေ့၊ နက်ရှ်ဗီးလ်တွင် ပြုလုပ်သည့် တေလာ၏ Red ဖျော်ဖြေပွဲသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် တေလာက မိသားစု(၃)ဦးကို ဖိတ်ခေါ်ပြီး ဂရေ့စ်ကို တသီးတခြား အချိန်ပေး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ စင်နောက်သို့ ဖိတ်ခေါ်ခံရပြီးနောက် တအံ့တဩ ဖြစ်ခဲ့သည့် ဂရေ့စ်၏မိခင် အေမီမာကယ်လ်က "အဝတ်လဲခန်းထဲက ထွက်လာလာချင်း တေလာက သမီးလေးရဲ့ နာမည်ကို ခေါ်တယ်။ ပြီးတော့ ပြေးလာပြီး ဒူးထောက်ထိုင်ချတယ်။ ဂရေ့စ်ကိုလည်း ဖက်ထားတယ်။ ပြီးတော့ သူနည်းနည်း အအေးမိနေတဲ့အကြောင်း၊ ဂရေ့စ်က သူ့ဖျော်ဖြေပွဲမှာ ကူပြီးတော့ အသံကျယ်ကျယ် ဆိုပေးပါလို့လည်း နောက်နေသေးတယ်"ဟု Peopleသို့ ပြောကြားခဲ့သည်။ တေလာသည် သူမ၏ အမာခံ ပရိသတ်လေးကို ကျန်းမာရေးအခြေအနေ မေးမြန်းခဲ့သလို အမှတ်တရ ဓာတ်ပုံလည်း တွဲရိုက်ပေးခဲ့သည်။ ထို့အပြင် ဂရေ့စ်ကံကောင်းစေရန် အမှတ်တရ ဆုတောင်းအော်တိုလည်း ရေးပေးခဲ့သေးသည်။

အေမီက "တေလာရဲ့ အမေကလည်း ကျွန်မကို လာတွေ့တယ်။ ဂရေ့စ်ရဲ့ အကြောင်းကို ကြားတုန်းက စိတ်မကောင်းဘူးတဲ့။ မိခင်ချင်း ကိုယ်ချင်းစာပြီး ကျွန်မတို့နဲ့ထပ်တူ စိတ်ပူမိကြောင်းလည်း ပြောပါတယ်။ ဒီအတွေ့အကြုံကတော့ သမီးလေးတင် မကဘူး၊ ကျွန်မတို့အတွက်ပါ အိပ်မက်ဆန်ဆန် အံ့ဩစရာ ဖြစ်ခဲ့ပါတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ Peopleက ဂရေ့စ်ကို မေးမြန်းရာ သူမက စိတ်လှုပ်ရှားနေဟန်ဖြင့် "တေလာက သိပ်သဘောကောင်းတယ်။ အရပ်လည်းရှည်တယ်။ လှလည်းလှတယ်"ဟုသာ ပြောကြားသွားသည်။

ယခုအခါ ဂရေ့စ်သည် ကျောင်းပြန်တက်နေပြီဖြစ်ပြီး လုံးဝဥဿုံ ကျန်းမာနေပြီဟု သိရသည်။ "သမီးလေးရဲ့ ဆိုးရွားတဲ့ မတော်တဆမှု တစ်ခုကို မျက်မြင်ကြုံခဲ့ရပြီး ခုလိုပြန်ကောင်းလာတာဟာ အံ့ဩစရာပါပဲ။ ကျွန်မတို့ ကံကောင်းခဲ့ပါတယ်။ ခုတော့ သမီးက ကျောင်းမှာ တေလာနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ပဲ လျှောက်ကြွားနေပြီလေ"ဟု အေမီက ရယ်ရယ်မောမော ပြောဆိုသွားခဲ့သည်။

From: Planet Myanmar Network

အခြေခံဥပဒေပါ တရားမျှတမှု မရှိသည့် ကိစ္စ အသက်နှင့်လဲ ကာကွယ် သူများရှိနေပါက အသက်နှင့် လဲ ပြင်ဆင်မည့် အင်အားစုလည်း ရှိလာနိုင်

Posted by drmyochit Thursday, September 26, 2013, under | No comments


အခြေခံဥပဒေပါ တရားမျှတမှု မရှိသည့် ကိစ္စများကို အသက်နှင့်လဲပြီး ကာကွယ်သည့်သူများရှိနေပါက အ သက်နှင့်လဲပြီး ပြင်ဆင်မည့် အင်အား စုများလည်း ရှိလာနိုင် သည်ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)မှ ဥပဒေရေးရာ တာဝန်ခံ ကိုမာကီက ပြောသည်။

”ကျွန်တော်တို့ မြင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့က နည်းလမ်းက နှစ်လမ်းပဲရှိတယ်။ လူထု အုံကြွမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်လိုက် တာမျိုးပေါ့နော်၊ နောက် တစ်လမ်းကတော့ လွှတ်တော်ထဲမှာ စနစ်တကျ ပြောင်းလဲတာပေါ့၊ ပထမ ဖြစ်တဲ့ လူထုအုံကြွမှုနဲ့ လူထုအား နဲ့ ပြောင်းလဲ မယ်ဆို တာကတော့ ကျွန် တော်တို့အစဉ်အလာအရလည်း မ ကောင်းဘူး၊ အထိအခိုက်အပွန်းအရှ လည်းရှိ မယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်နဲ့ လဲပြီး ကာ ကွယ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိနေ သရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲ ပြီး ပြင်ဆင်မယ်ဆိုတဲ့ အင် အားစုတွေလည်း ပေါ်လာနိုင် တာပဲ။ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေ မှာ မကောင်း တဲ့ ဟာတွေကို အသက်နဲ့လဲပြီးကာကွယ် မယ်ဆို တဲ့ဟာတွေမ လုပ်ကြပါနဲ့”ဟု ၄င်း က ပြောသည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ် ရပ် ရေးဆွဲထားခြင်းမျိုး မ ရှိကြောင်း၊ သို့ သော် ပြင်ဆင်ပြောင်းလဲရမည့် အချက် များကို ဆွေးနွေးပြုစုထားကြောင်း၊ ပြည် သူများ ကိုလည်း အသိပညာပေးမှုရှိ ကြောင်း ၄င်းက ရှင်းပြသည်။

”ပြောရမယ်ဆိုရင် စစ်အစိုးရ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေက ဒီမိုကရေစီ စနစ်ကို တောင် ကူးပြောင်းဖို့ လုံလောက်မှု မရှိ ဘူးပေါ့နော်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ က ဖရိုဖရဲနဲ့။ အသစ် တစ် ခုရေး ဆွဲတာ က အကောင်းဆုံးဖြစ်မယ်”ဟု ၄င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမို ကရေစီနိုင်ငံ ထူထောင်ရန်ရည်မှန်း ချက် ပြထားသော်လည်း ဒီမိုကရေစီ ၏ စရိုက် လက္ခဏာဖြစ်သည့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အား ကောင်းစေသည့် အချက် များ မပါဝင် ကြောင်း၊ နိုင်ငံရေးဆိုသည့် စကားလုံး ပင် နှစ်နေရာ သာပါဝင်ကြောင်း ၄င်းက ပြော သည်။

”ဘာလဲဆိုတော့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးမချရဘူးဆိုတာ ရယ်။ နိုင်ငံရေးပါတီတွေ ထောင်ခွင့်ရှိ တယ်ဆိုတာရယ်။ ဒီနှစ်လုံးက လွဲပြီး နိုင်ငံရေးဆိုတဲ့ စကား ကို ရှောင်လွှဲပြီး ရေးထားတယ်လို့ ထင်ရ တယ်ပေါ့နော်။ နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံရေးသမားတွေ ကို အားပြုမထားဘဲ အရပ်ဘက်လူ့အဖွဲ့ အစည်း ကို အားပေးအားမြှောက် မပြု ထားဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်လိုမှ ဒီမိုကရေစီ အကူးအပြောင်း ကို အထောက် အကူမပြုနိုင်ဘူး”ဟု ၄င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးသည် ဥပဒေပြဿနာ မဟုတ်ဘဲ နိုင်ငံရေးပြဿနာသာဖြစ် ကြောင်း၊ ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲစဉ် က နိုင်ငံပိုင် သတင်း စာများတွင် ယင်း ဥပဒေပေါ်ပေါက်ရေးသည် နိုင်ငံသား အားလုံး၏ တာဝန်ဖြစ်ကြောင်းဖော်ပြမှု ရှိခဲ့သော်လည်းလက်တွေ့တွင်ပြည် သူ့ဆန္ဒ အားလုံးပါဝင်ခွင့် လုံးဝ မရ ခဲ့ ကြောင်း၊ ပြည်သူအများစုအနေဖြင့် မည်သည့် အကြောင်းအရာများပါသည် ကို မသိရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စာအုပ်ကိုပင် မမြင်ဖူးဘဲ မဲထည့် ခဲ့ရကြောင်း ၄င်းက ၉၂ ရာခိုင်နှုန်း ထောက်ခံမဲဖြင့်အတည်ပြုခဲ့သည့် အ ခြေအနေကို ဆက် လက်ရှင်းပြသည်။

”လက်တွေ့နိုင်ငံရေးနဲ့ကင်းကွာပြီး တော့ ကိုယ့်ရဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့ ရည်မှန်းချက်တွေကို စွတ်ပြီးတော့ တင် နေမယ်ဆို ကျန်ရစ်ခဲ့မှာပဲ”ဟု ၄င်းက ပြုပြင်ပြောင်း လဲရေးနှင့် ပတ်သက်ပြီး မိမိတို့ဖြစ်ချင်သည့် ဆန္ဒတစ်ခုတည်းကို သာ ရှေ့တန်းတင်ပါက လက်တွေ့နိုင်ငံ ရေးနှင့်ကင်း ကွာပြီး ပြည်သူများ၏ ဒဏ် ခတ်မှုကို ခံရ မည်ဖြစ်ကြောင်း ပြော သည်။

လွှတ်တော်တစ်ခုတည်းဖြင့် အ ခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ပြည် တွင်းငြိမ်းချမ်ရေးကို ဖော်ဆောင်၍ မရ နိုင်ကြောင်း၊ နိုင်ငံရေးအင်အားစုများ အရပ်ဘက် လူ့ အဖွဲ့အစည်းများ၊ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ အားလုံးပါဝင်သည့် ညီလာခံမျိုးပြု လုပ်ရန်လိုအပ်ကြောင်း၊ အမြင်အမျိုးမျိုး ကွဲပြားနိုင် သော် လည်း တူညီသည့် လမ်း ကြောင်း တစ်ခုပေါ် လျှောက်လှမ်းနိုင် ရန် လိုအပ်ကြောင်း ၄င်းက ပြော သည်။

လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေပြင်ဆင်ရေးအတွက် ကော်မတီ ဖွဲ့စည်းခြင်းသည် အာဏာရ ပြည်ခိုင်ဖြိုး ပါတီကိုယ်တိုင် ပြင်ဆင်မှ ဖြစ်တော့ မည်ဆိုသည့် အမြင်မျိုးရှိနေကြောင်း၊ တပ်မတော် သားများ ၏ သဘော ထား နှင့်လည်းတိုက်ရိုက်သက်ဆိုင်နေ ကြောင်း၊ ဖွဲ့စည်းပုံနှင့် ပတ်သက် ပြီး လေ့လာ လိုက် စားမှု များ၊ ဟောပြောဆွေး နွေးမှုများ ပြု လုပ်ခြင်းဖြင့် ပြည်သူများ အသိရေချိန်မြင့်မားလာခြင်း သည် နိုင်ငံ ရေး သမား များနှင့် အာဏာရ အစိုးရကို ပါ တွန်းအားဖြစ်လာသည့်အတွက် တိုင်းပြည်အနာဂတ်အတွက် ကောင်း မွန် သည့် လက္ခဏာဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

စိုင်းနောင် - Popular Myanmar News Journal

စင်ကာပူ ကျောင်းသား ၃၀ ရန်ကုန်တွင် အစာအဆိပ်သင့်

Posted by drmyochit Thursday, September 26, 2013, under | No comments


ရန်ကုန် ၊ စက်တင်ဘာ ၂၅

ဒု တိယ သမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း ၏ ခွင့်ပြုချက်ဖြင့် ရန် ကုန်သို့ရောက်ရှိနေသော စင်ကာပူ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၃၀ အစာအဆိပ်သင့်မှုတစ်ခု စက် တင်ဘာ ၂၄ရက်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ အလည် အပတ် ရောက်ရှိနေသော အဆိုပါ ကျောင်းသားများမှာ စင်ကာပူ နိုင်ငံတွင် လာရောက်ပညာသင် ကြားနေသည့် နိုင်ငံပေါင်းစုံမှ ကျောင်းသား ၊ကျောင်းသူများ ဖြစ်ကာ ယင်းတို့အနက် ၁၂ဦး မှာ ယခု အခါ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးတွင် တက် ရောက် ကုသနေရကြောင်း သိရ သည်။

အဆိုပါ ကျောင်းသားများ မှာ စင်ကာပူနိုင်ငံ NG & EANN POLYTECHNIC မှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကာ ယင်းတို့အဖွဲ့တွင် မြန် မာလူ မျိုးဆရာမနှစ်ဦးနှင့် ဆရာ တစ်ဦးအပါအဝင် စုစုပေါင်း ၃၃ ဦးဖြစ်ပြီး Orchid Hotel ၌ ၁ဝရက်တာ ဘွတ်ကင်ယူထား ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတို့မှာ စက်တင်ဘာ ၂၃ရက်က မြန်မာနိုင်ငံ သို့ လေ့လာ ရေး ခရီးပုံစံမျိုးဖြင့် လာရောက် လည်ပတ်ရန်ရောက်ရှိခဲ့ခြင်းဖြစ် ပြီး စက်တင်ဘာ ၂၄ရက်တွင် ရန် ကုန်မြို့ တွင်း သို့ သွားရောက်ခဲ့ကာ အပြင်စာများ စားသုံးလာရာမှ ယင်းနေ့ညတွင် ကျောင်းသား၊ ကျောင်းသူများ အားလုံးနီးပါး အစာအဆိပ်သင့်သည့်ပုံစံဖြင့် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်ပြီး စက်တင်ဘာ ၂၅ရက်တွင် ၁၂ဦးအား ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ပထမဆုံးကလေးတွေ ဒီ လိုဖြစ်ပြီး ကျွန်တော်တို့ကိုလဲ မ ပြောသေးဘဲနဲ့ ၂၅ရက် နံနက် ပိုင်းလောက်မှာ သူတို့ဆေးခန်း သွားတယ်။ ပြီးတော့ ပြန်လာ တယ်။ ဟိုတယ်ပြန်လာတဲ့ပုံစံကို ကြည့်ရတာ တခိျု့က ပျော့ခွေ နေတယ်။ တခိျု့ကလဲ တအား နွမ်းပြီး မျက်လုံးမှိတ်ထားတယ်။ စကားလဲမပြောတော့ ကျွန်တော် တို့အနေနဲ့ ချက်ချင်း နံနက် ၉ နာရီလောက်မှာ အက်စ်အက်စ် စီပို့ပါတယ်။ အဲဒီဆေးရုံက လူ ပြည့်နေလို့ လက်မခံတဲ့အတွက် ကျွန်တော်တို့အနေနဲ့ သက်ဆိုင် ရာအဆင့်ဆင့်ကို တင်ပြခဲ့ပြီး ဂျပန်ဆေးရုံကို ၁၁နာရီလောက် မှာပို့ပေးနိုင်ခဲ့ပါတယ်။ ဟိုတယ် က အေဂျီအမ်အပါအဝင် ဝန် ထမ်းတွေကိုလဲ ဆေးရုံစောင့်ဖို့ ဆောင်ရွက်ပေးသလို ဆန်ပြုတ် တွေလဲ ပို့ပေးနေပါတယ်။ ဆေး ရုံမတက်ဘဲ ကျန်ခဲ့တဲ့ကလေးတွေ ကလဲ အကောင်းချည်းပဲတော့ မဟုတ်တဲ့အတွက် ဟိုတယ်အခန်း နှစ်ခန်းမှာ သူတို့နားနေနိုင်အောင် ဆောင်ရွက်ပေးပြီး ပြင်ပက အ ထူးကုဆရာဝန်တစ်ဦးကိုခေါ် ပြီး စောင့်ကြည့်ဆေးကုပေးထား ပါတယ်''ဟု ORCHID HOTEL   မှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။

ဆေးရုံသို့တက်ရောက်ကု သနေသူများမှာ မိန်းကလေးရှစ် ဦးနှင့် ယောကျာ်းလေးလေးဦး တို့ဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်း မာရေးမှာ တိုးတက်ကောင်းမွန် လာပြီဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ် ကြီးမှ တာဝန်ရှိသူအထူးကုသ မားတော်ကြီးက ''ဆေးရုံတက် နေတဲ့သူတွေရဲ့ ကျန်းမာရေးအ ခြေအနေက တိုးတက်ကောင်း မွန်လာနေပါပြီ။ လောလောဆယ် တော့ ဆက်လက် ဆေးကုသမှု ခံ ယူနေပါတယ်။ အားလုံး အခြေ အနေကောင်း ပါတယ်။ အသက် အန္တရာယ်မစိုးရိမ်ရပါဘူး''ဟု ပြောသည်။

ကျောင်းသားများအား ဆေးကုသမှု အခြေအနေများ နှင့်ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကလည်း လာ ရောက်ကြည့်ရှုခဲ့သည်။ ''ကျွန်တော်လဲ သူတို့တွေ ရဲ့ အစီအစဉ်ဘယ်လိုရှိမှန်းမသိ ခဲ့ပါဘူး။ စင်ကာပူက မိတ်ဆွေ က ဒီလိုကျောင်းသားတွေလေ့ လာဖို့ရှိတယ်ဆိုပြီး ပြောလို့ က လေးတွေလဲဖြစ်၊ တက်ကြွတဲ့လူ ငယ်လေးတွေဆိုတော့ ကိုယ့်နိုင်ငံ လာလေ့လာတာပဲဆိုပြီး အခန်း ခတွေတောင်လျှော့ပေါ့ပြီး ဆောင် ရွက်ပေးခဲ့တယ်။ ဒီလိုတွေ နေမကောင်းဖြစ်လာမှ သူတို့က ဒု သမ္မတဆီတောင် ခွင့်ပြုချက် တောင်းခံပြီး လာရောက်တယ်ဆို တာသိရတာပါ''ဟု မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ဆက်လက်ပြောသည်။ ယင်းကဲ့သို့ အစာအဆိပ် သင့်မှုဖြစ်ပွား သည့်အတွက် ဆက် လက်လေ့လာရန် အစီအစဉ်များ ကို ဖျက်သိမ်းရန်ရှိပြီး ယင်းတို့၏ မိဘများမှာလည်း စိုးရိမ်မှုများ ရှိနေကြောင်းသိရသည်။

ဦးဌေးအောင်က ''ကလေး တွေရဲ့ မိဘတွေတော်တော်စိုး ရိမ်နေကြပါတယ်။ ဖုန်းတွေလဲ မနားတမ်းကို ဆက်လာပါတယ်။ ဒီလိုဖြစ်ပေမယ့်လို့လဲ ကျွန်တော် တို့အနေနဲ့ ဒီလိုမျိုးတွေဆောင် ရွက်တာ၊ ဖြေကြားပေးတာတွေ ကတော့ နာမည်ထက် အသက်က ပိုအရေးကြီးတယ်လို့ ခံယူထား လို့ပါ။ တစ်ခုပြောချင်တာက ကျွန် တော်တို့ဆီမှာ အရေးအကြောင်း ဖြစ်လာရင် ပုဂ်ဂလိကဆေးရုံတွေ အားကိုးလို့မရတဲ့ ပုံစံမျိုးဖြစ် တာကိုတော့ သက်ဆိုင်ရာကိုလဲ ပြောပြထားပါတယ်။ ဒီလိုအ ဖြစ်မျိုး တွေကလဲ ရှေ့လျှောက် မှာ ဆက်ဖြစ်နိုင်တဲ့အတွက် ကျွန် တော့်အနေနဲ့ တခြား ဟိုတယ်တွေ ဆိုရင်လဲ ဒီလိုပဲ ဆောင်ရွက်ပေး နိုင်အောင်ပြောရတာပါ''ဟုဆို သည်။

ငွေစန္ဒီ - Yangon Media Group

HIV ကူးစက်မှု လျော့ကျလာကြောင်း ကုလသမဂ္ဂပြောကြား

Posted by drmyochit Thursday, September 26, 2013, under | No comments

HIV ကူးစက်မှုနှုန်းမှာ ၂၀၀၁ ခုနှစ်ကထက် သုံးပုံတစ်ပုံ လျော့ကျသွားကြောင်း အဓိကအားဖြင့် ကလေးငယ်များတွင် ထက်ဝက်ကျော် လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောကြား

ကမ္ဘာတစ်ဝန်းတွင် HIV ကူးစက်မှုနှုန်းမှာ ၂၀၀၁ ခုနှစ်ကထက် သုံးပုံတစ်ပုံ လျော့ကျသွားကြောင်း အဓိကအားဖြင့် ကလေးငယ်များတွင် ထက်ဝက်ကျော် လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ ကမ္ဘာတစ်ဝန်းတွင် ယမန်နှစ်စာရင်းများအရ AIDS ရောဂါဖြစ်ပွားသူ ၂.၃ သန်းရှိခဲ့ရာ ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၃ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်သည်။ ယမန်နှစ်က ကလေးငယ် ၂၆၀,၀၀၀ မှာ AIDS ကူးစက်ခံခဲ့ရပြီး ထိုအရေအတွက်မှာ ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံ လျော့နည်းသွားခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

HIV ပိုး ကူးစက်မှု အရေအတွက်မှာ ဆက်လက် လျော့နည်းသွားပြီး အထူးသဖြင့် ကလေးငယ်များတွင် HIV ပိုး ကူးစက်ခံရမှုမှာ သိသာစွာလျော့နည်းသွားကြောင်း UNAIDS ၏ အမှုဆောင်ဒါရိုက်တာ မိုက်ကယ် ဆစ်ဒီဘီက ပြောကြားသည်။ HIV ပိုး မိခင်မှ သန္ဓေသားသို့ ကူးစက်မှုကို ကာကွယ်နိုင်သည့် ART (Antiretroviral drugs) ဆေးများ ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးပေးနိုင်ခဲ့မှုအပေါ် ၎င်းက ဂုဏ်ပြုလိုက်သည်။ ကုလသမဂ္ဂ အနေဖြင့် ကလေးငယ်များ HIV ပိုး ကူးစက်ခံရမှုကို လာမည့် ၂ နှစ်အတွင်း ၉၀ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ဖွယ်ရှိကြောင်းလည်း ဆစ်ဒီဘီက ပြောကြားသည်။ ကုလသမဂ္ဂက ထုတ်ပြသည့် အစီရင်ခံစာတွင် မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်မှုကို ကာကွယ်သည့် ART ဆေးများက ကလေးငယ် ၆၇၀,၀၀၀ ကျော်တွင် HIV ကူးစက်ခံရမည်ကို ကာကွယ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကုလသမဂ္ဂအစီရင်ခံစာအရ အာဖရိကဒေသများတွင် HIV ပိုး ကူးစက်မှုလျော့ကျစေရန် အထူးအလေးထား ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ယမန်နှစ်က ဂါနာနိုင်ငံတွင် HIV ပိုး သယ်ဆောင်ထားသည့် မိခင်လောင်း ၉၀ ရာခိုင်နှုန်းမှာ ART ဆေးများ ရရှိခဲ့သည်။ ထိုသို့ ARTများ ပိုမို ဖြန့်ဖြူးပေးလာနိုင်ခြင်းကြောင့် ဂါနာတွင် HIV ပိုးရှိသူ မိခင်မှ သန္ဓေသားထံ ကူးစက်မှုကို ၂၀၀၉ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ယမန်နှစ်က ၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း UNAIDS က ပြောကြားသည်။ လွန်ခဲ့သည့် ၃ နှစ်ကမူ ထိုသို့သော မိခင်လောင်းများ၏ ၃၂ ရာခိုင်နှုန်းသာ ART ဆေးများရရှိခဲ့ခြင်းဖြစ်သည်။


HIV ပိုး ကူးစက်မှုကို ကာကွယ်နိုင်သည့် ART ဆေးများ ပိုမိုရရှိလာနိုင်မှုကြောင့် AIDS ရောဂါနှင့် ဆက်နွယ်သည့် သေဆုံးမှုများကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ AIDS ကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀၀၅ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ HIV ကူးစက်မှုကို ဟန့်တားနိုင်သည့် ART ဆေးမှာ AIDS ရောဂါကို ကုသနိုင်ခြင်းမရှိသော်လည်း အဆိုပါရောဂါဖြစ်ပွားမှုနှုန်းကို သိသာစွာ ကျဆင်းစေခဲ့သည်။ AIDS ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်မှာ ယမန်နှစ်က ၁.၆ သန်းရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁.၈ သန်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ကမူ ထိုရောဂါကြောင့် သေဆုံးသူ ၂.၃ သန်းရှိပြီး အများဆုံး အရေအတွက် ဖြစ်ခဲ့သည်။

ကုလသမဂ္ဂအစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိစာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။ ကုလသမဂ္ဂသည် HIV, AIDS တိုက်ဖျက်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံမှ ၂၄ ဘီလျံအထိ သုံးစွဲသွားရန် ရည်မှန်းထားသည်။

Planet Myanmar Network

ကင်ဆာတိုက်ဖျက်နိုင်မယ့် လမ်းစတွေ့ပြီ

Posted by drmyochit Thursday, September 26, 2013, under | No comments


ကင်ဆာရောဂါ ခုခံတိုက်ဖျက်နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေးပညာရှင်တို့ ရှာတွေ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဆေးချည်းသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။ Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖရိကအရှေ့ပိုင်းက အပူပိုင်းဒေသမှာနေထိုင်တဲ့ မွေးပြောင်ကြွက် တစ်မျိုးဖြစ်ပြီး သူ့ရဲ့ ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်တဲ့။ သူ့မှာနောက်ထပ် ထူးခြားချက်က နာကျင်မှုကို မသိခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ်က နာကျင်မှုဝေဒနာ မပို့လွှတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုကို မသိတာလို့ ဆိုပါတယ်။ အဓိကတွေ့ရှိချက်ကတော့ ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင်တစ်ခု ဖြစ်ပါတယ်။

၂၀၀၉ခုနှစ်ကစပြီး မွေးပြောင်ကြွက် အကောင် ၉၀ကို မွေးဖွားကာ ကင်ဆာဓာတ်ကြွယ်တဲ့ ဆေးတွေထိုးခဲ့ပါတယ်။ ကိုယ်တွင်းမှာပေါက်တဲ့ ကင်ဆာဓာတ်ကို သူ့ကိုယ်တွင်းက ထုတ်တဲ့သကြားဓာတ် တစ်မျိုး(HA) မော် လီကျူးများက တန်ပြန်ခုခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀အထိ နေနိုငိတာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းကထုတ်တဲ့ HAဟာ သာမန်လူတစ်ဦး ထက် ငါးဆမက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေကို ချေမှုန်းတဲ့နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့်ဆေး စစ်ဆေးစမ်းသပ်ေ်ဖ်ာထုတ်မှုကို Naked Mole Ratမှ စတင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၄င်းတို့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုး ဖန်တီးနိုင်ရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်းတို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ သုတေသီများဟာ မကြာမီနှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။


Myanmar ICT

ဗြိတိသျှ ကျောင်းသားလေးသေနတ်တုဖြင့် ဘဏ်ဓားပြတိုက်

Posted by drmyochit Thursday, September 26, 2013, under | No comments


''စံပြကျောင်းသား''အဖြစ် ဖော်ပြခံရသော ဗြိတိသျှကျောင်း သားလေးတစ်ဦးသည် အင်္ဂါနေ့ က သေနတ် အတုဖြင့် ဘဏ်တစ် ခုကို ဓားပြတိုက်ခဲ့သည်ဟုဆို သည်။ဥပဒေရေးရာများအရအ မည်မဖော်ပြလိုသော အသက် ၁၅နှစ်ရှိကျောင်းသားသည် အင်္ဂ လန်အနောက်တောင်ပိုင်းရှိ လီ ဗာပူးမှ ဘာကလေဘဏ်ခွဲတစ်ခု ကို ဓားပြ တိုက်ခဲ့ကြောင်း၊ ၎င်း သည် သောကြာနေ့တွင် ပေါင် ၂၀၀၀(ဒေါ်လာ၃၂၀၀)နှင့်အတူ ထွက်ပြေးသွားကြောင်း မြို့တော် ကလေးတရားရုံးကပြောသည်။

သူ၏မိခင်က အခန်းထဲမှ ငွေထုပ်နှင့်သေနတ်အတုကိုတွေ့ ရှိပြီးနောက် ရဲထံအပ်နှံခဲ့သည်။
၎င်း၏သား အနက်ရောင် ဝတ်စုံ၊ ရှပ်အင်္ကျီအဖြူ၊ နက်ခ်တိုင် နှင့် တရားရုံးထဲသို့ဝင်သွားသည် ကိုကြည့်၍ မိခင်ဖြစ်သူမှာ တရား ရုံးနောက်ဘက်၌ ငိုကြွေးနေခဲ့ သည်။ အပြစ်ကိုလည်း အသနား ခံခဲ့သည်ဟု ဆိုသည်။

တရားသူကြီး အီယန်လို မက်စ်က ဤကလေးသည် ဗီဒီ ယိုဂိမ်းထဲကအတိုင်းသရုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အမှုလိုက်အရာရှိ ဒီဘရာ ချန်ကပြောကြားရာတွင် ဤက လေးသည် ဘဏ်ထဲသို့ မျက်နှာ ကိုပဝါအုပ်၍ ဝင်သွားခဲ့ကြောင်း၊ သူ၏သေနတ်ကို ဆွဲထုတ်လိုက် ကာ ငွေကိုင်များအား''ဘာမှမလုပ် နဲ့ သေသွားမယ်။ ကျုပ်ကထောင် ငါးနှစ်ကျပြီး ခုလေးတင်လွတ်လာ ကာစရှိသေးတယ်''ဟု ပြောလိုက် သည်။

ငွေကိုင်များက ငွေထုပ်များ ကို အိတ်ထဲတွင်ထည့်ကြသည်။ သူက ငွေကိုအမြန်လိုချင်နေသည်။ တခြားသူများက မနာလိုဖြစ်မည် ကို စိုးရိမ်၍ဖြစ်ကြောင်း အမှု လိုက်က ပြောသည်။

တရားရုံးကကြားနာရာတွင် ဤကလေးမှာ ကျောင်း၌ ''စံပြ ကျောင်းသား''ဖြစ်ကြောင်း သူ သည် မသင့်လျော်သောအပြုအမူ ကို မသိဟုဆိုသည်။
လူငယ်အား ဘဏ်ဓားပြ တိုက်မှုနှင့် ပြစ်မှုကျူးလွန်ရန် ရည်ရွယ်၍ သေနတ်အတုကိုင် ဆောင်မှုကြောင့် ကြောက်လန့် စေမှုကို ဖြစ်စေခဲ့မှုတို့ဖြင့် စွဲဆို ခဲ့သည်။ ၎င်းအား ခြွင်းချက်အာ မခံဖြင့် လွှတ်ပေးခဲ့သည်။
၎င်းအား လီဗာပူးတရားရုံး က အောက်တိုဘာ ၁၅ရက်တွင် စီရင်ချက်ချမည်။

[လန်ဒန် ၊ စက်တင်ဘာ ၂၅ ၊ Ref-AFP ]
Yangon Media Group

ထိုင်းနိုင်ငံတွင် ဘဏ်သုံးခု တစ်နေ့တည်း ဓားပြတိုက်ခံရ

Posted by drmyochit Thursday, September 26, 2013, under | No comments


ဗန်ကောက် စက်တင်ဘာ ၂၅

ထိုင်းနိုင်ငံ ဗန်ကောက်ပြည်နယ်၊ ဆူရက်သာနီ ပြည်နယ်နှင့် ဆမက်ဆခွန် ပြည်နယ်များ အတွင်းရှိ ဘဏ်သုံးခုတွင် စက်တင်ဘာ ၂၄ ရက်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ရွှေဆိုင်တစ်ဆိုင်တွင်လည်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဆမက်ဆခွန် ပြည်နယ် ပူအောင်ဒေသရှိ ကာဆီကွန်ဘဏ်၏ ဘဏ်ခွဲတွင် စက်တင်ဘာ ၂၄ရက် နေ့လယ်က လက်နက်ကိုင် အမျိုးသားနှစ်ဦးသည် ဘတ်ငွေ ၁ ဒသမ ၃၅ သန်းကို လုယူပြီးနောက် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ကြောင်းနှင့် ဆူရက်သာနီ ပြည်နယ်ရှိ အစိုးရငွေစုဘဏ်ခွဲ တစ်ခုတွင်လည်း စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က အမျိုးသားတစ်ဦးက ဘတ်ငွေ ၈၅ဝ,ဝဝဝ ကို လုယူပြီး မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဗန်ကောက်ပြည်နယ် ခါလောင်ဆန်ခရိုင် သွန်ဘူရီရှိ ကာဆီကွန် ဘဏ်ခွဲ တွင်လည်း စက်တင်ဘာ ၂၄ရက် နံနက် ၁၁ နာရီ မိနစ် ၅ဝ တွင် လက်နက်ကိုင် သေနတ်သမား တစ်ဦးက ဘတ်ငွေ ၂၇ဝ,၇၈ဝ ကို လုယက်ယူငင် သွားခဲ့ကြောင်း သိရသည်။

မြ၀တီ

၁၆ နှစ်အောက် အရွယ်အား အဓမ္မပြုကျင့် ပါက သေဒဏ်ချမှတ်သည့် ဥပဒေ လွှတ်တော်သို့ထပ်မံတင်ပြမည်ဟု ဦးသိန်းညွန့်ပြော

Posted by drmyochit Thursday, September 26, 2013, under | No comments

ရန်ကုန် ၊ စက်တင်ဘာ ၂၄

အသက် ၁၆ နှစ်အောက်ကလေးများ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြု ကျင့်ပါက သေဒဏ်ထိချမှတ်နိုင် သည့်ဥပဒေကို အဋ္ဌမအကြိမ် မြောက်လွှတ်တော်တွင် ထပ်မံအ ဆိုတင် သွင်းသွား မည်ဟု သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြောသည်။

သတ္တမအကြိမ်မြောက် လွှတ် တော် တွင် အထူးဥပဒေအဖြစ် အ ဆိုပြုခဲ့သော်လည်း ယင်းအဆိုရှုံး နိမ့်ခဲ့သောကြောင့် ယခု အဋ္ဌမအ ကြိမ်မြောက် လွှတ်တော်တွင် ထပ် မံတင်သွင်းရခြင်းဖြစ်သည်ဟု ဦး သိန်းညွန့်က ပြောသည်။သင်္ဃန်း ကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''ဒါဟာ အမှန်တ ကယ်ကိုလိုအပ်တဲ့ ဥပဒေဖြစ် ပါ တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ ကြောင့် ကလေးတွေအနာဂတ် ပျက်စီးမယ့်အရေးကို ထိရောက် တဲ့ ဥပဒေချုပ်ကိုင်မှုနဲ့ ဟန့်တား ဖို့လိုအပ်နေပြီ။ ဒီလိုပြင်းထန်တဲ့ ဥပဒေကြောင့် ပြစ်မှုကျူး လွန်မယ့် သူတွေကို တားဆီး ရာရောက် သလို ခေတ်အခြေအနေ အရလဲ အကျည်းတန် အရုပ်ဆိုးတဲ့ ကိစ္စဖြစ် တာကြောင့် သေဒဏ်ကျင့်သုံး အောင် တိုက်တွန်းရမယ်''ဟု ပြော သည်။မြန်မာနိုင်ငံတွင် သေဒဏ် ကို ကျင့်သုံးခြင်းနည်းပါးသွားပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖျက်သိမ်းခြင်း မပြုရသေးသော ကြောင့် အသက် ၁၆နှစ်အောက်ကလေးများကိုလိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ပါက သေဒဏ်ပေး နိုင်ရန် တိုက်တွန်းရခြင်းဖြစ်သည် ဟု ဦးသိန်းညွန့်က ပြောသည်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ''စာရင်းဇ ယားအရ သက်ငယ်မုဒိမ်းမှုတွေက ရာခိုင်နှုန်း ရဝလောက်ရှိနေတယ် ဆိုတော့ စာရင်းမသိဘဲဖြစ်သွား တဲ့ကိစ္စတွေ ဘယ်လောက်များလဲဆိုတာခန့်မှန်းလို့မရပါဘူး။

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် လက်ရှိဥပဒေက လုံလောက်မှုမရှိ ဘူးဆိုတာ ကျိန်းသေပါတယ်။ ဒါ ကြောင့် ဒီထက်ပိုမိုပြင်းထန်တဲ့ ဥပဒေနဲ့ ဟန့်တားဖို့လိုပါတယ်'' ဟု ပြောသည်။ခေတ်သစ်အမျိုးသမီးအစည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီရီ စံက ''လက်ရှိသတ်မှတ်ထားတဲ့ ဥပဒေက ၁၄နှစ်အောက်ကလေး တွေ ကိုပြုကျင့်ရင် ထောင်ဒဏ် ၁၀ နှစ်လို့ သတ်မှတ်ထားတယ်။ မလုံ လောက်ပါဘူး။ ဒါကြောင့်သာ မကြားဝံ့မနာ သာတွေဖြစ် နေရ သေးတာပေါ့''ဟု ပြောသည်။ခေတ်သစ် အမျိုးသမီးအ စည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီ ရီစံမှာ ၁၂ နှစ်အောက် အမျိုးသ မီးကလေး သူငယ် လိင်ပိုင်း ဆိုင်ရာ အဓမ္မပြုကျင့် ခံရပါက ကျူးလွန် သူကို သေဒဏ်ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် ဥပ ဒေ တစ် ရပ်ပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေသူတစ် ဦးလည်းဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ကလေးသူငယ်အဓမ္မပြုကျင့် ခံရမှု တရားဝင်စာရင်းများအရ လှိုင်သာ ယာမြို့ နယ်တွင် ကလေး သူငယ်အဓမ္မပြုကျင့်ခံရမှု ရှစ်မှု၊ တိုက်ကြီးတွင် သုံးမှု၊ ထောက်ကြန့်၊ မြောက် ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်တို့တွင် နှစ်မှုစီဖြစ်ပွားခဲ့ သောကြောင့် ကလေးသူငယ်လိင် ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာ အ ကြမ်းဖက်မှု ကာကွယ်သည့်တပ် ဖွဲ့ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယခုနှစ် မေ ၃ဝရက်က စတင်ဖွဲ့ စည်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။

ဒီခေတ်နေ
Yangon Media Group

Next Launcher 3D V2.03 For Android

Posted by drmyochit Thursday, September 26, 2013, under | No comments


Android ဖုန်းတွေအတွက်လူသုံးအများဆုံး Theme Launcher တစ်ခုဖြစ်တဲ့ Next Launcher 3D ရဲ့နောက်ဆုံး version 2.03 ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းမှာသုံးနေကျ Screen Theme ဒီဇိုင်းကိုရိုးလာလို့ တခြား Launcher Theme ပြောင်းသုံးချင်တယ်ဆိုရင်တော့ Next Launcher 3D ကိုသုံးသင့်ပါတယ်။ Next Launcher 3D ဟာ တခြား Launcher တွေနဲ့မတူပဲ 3D Theme Effect တွေအများကြီးပါဝင်တာကြောင့် သင့်ရဲ့ဖုန်း screen ဒီဇိုင်းကိုနဂိုထက်ပိုပြီးထူးခြားလှပသွားစေမှာပါ။ Next Launcher 3D v2.03 for Android ကို Google Play မှာ ၁၆ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို  မှာတော့ အောက်က link မှာfreedownload ရယူနိုင်ပါတယ်။

Mirror: Next Launcher 3D v2.03 for Android





From: Myanmar Mobile App

ကင်တားနားအား မြန်မာ့လူ့အခွင့်အရေး ကိုယ်စားလှယ် တာဝန်မှ ရပ်နား

Posted by drmyochit Thursday, September 26, 2013, under | No comments


ရန်ကုန် ၊ စက်တင်ဘာ ၂၅။ ။ ကု လသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင် ရာ အစီရင်ခံစာတင် သွင်းသူ ကင်တားနားအား ရာ ထူးသက်တမ်းကို ထပ်မံတိုးပေး တော့မည်မဟုတ်ဘဲ ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ရက်ကပြု လုပ်ခဲ့သော ကုလသမဂ္ဂလူ့အ ခွင့်အရေးဆိုင်ရာ အစည်းအဝေး တစ်ခုတွင် ယင်းသို့ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။
''သူ့ကို ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူအဖြစ် တာဝန်သက်တမ်းကို ထပ်မံတိုး မပေးတော့တာလို့ သိရပါတယ်။

သူ့နေရာမှာ အသစ်တစ်ဦး ခန့်ထားရမှာဖြစ် ပါတယ်''ဟု နိုင်ငံ တော်သမ္မတ ရုံးမှ တာဝန်ရှိသူတစ်ဦးက အ တည်ပြုပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအင် အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ''အရင် စစ်အစိုးရလက် ထက်ကတည်းက သူလာခဲ့တယ်။ အကျဉ်းထောင်တွေ ထဲဝင်ကြည့် တယ်။ တွေ့တယ်၊ ဆုံတယ်၊ ပြန် သွားတယ် စတာတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ သူလုပ်ကိုင်တာတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက အရေး တယူလုပ်ခဲ့တာ မရှိဘူး။ ကင်တား နားကြောင့်လဲ ကျွန်တော်တို့ ထောင်ထဲက လွတ်ခဲ့တာမဟုတ် ပါဘူး။ အခုချိန်ကျတော့ လူ့အဖွဲ့ အစည်းဟာ ပွင့်လင်းလာပြီဆို တဲ့အချိန်မှာ ကင်တားနားအနေ နဲ့တော့ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ်မှာ ဘုန်းတော်ကြီးတွေကို မရိုမသေလုပ်တယ်၊ ဘက်လိုက် မှုတွေရှိတယ်ဆိုပြီးတော့ သူ့ကို ပြောဆိုကြတာတွေရှိတော့ ကုလ သမဂ္ဂအနေနဲ့ စဉ်းစားမယ်ထင် တယ်။ နောက် သူ့ရဲ့သက်တမ်း ကုန်တာလဲ ဖြစ်နိုင်ပါတယ်''ဟု ပြောသည်။

ကင်တားနားသည် မြန်မာ နိုင်ငံ၏နောက်ဆုံးဆယ်ရက်ကြာ ခရီးစဉ်အတွင်း ဩဂုတ်လအ တွင်းက မိတ္ထီလာမြို့သို့ရောက်ရှိ စဉ် ဒေသခံများက သူ၏လမ်း ကြောင်းအား ပိတ်ဆို့ကာ ယင်း လိုက်ပါစီးနင်းလာသောကားအား ဝိုင်းဝန်းထုနှက်ခဲ့ကြကြောင်း ဩ ဂုတ်၂၁ရက်တွင် ရန်ကုန်လေဆိပ် ၌ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင်ပြောကြားခဲ့ပြီး ယင်းပြော ကြားချက်အား ပြန်ကြားရေးဝန် ကြီးဌာနဒုတိယဝန်ကြီးဦးရဲထွဋ် က ယင်း၏ပြောကြားချက်သည် မှန်ကန်မှုမရှိကြောင်းနှင့် ပြည် သူများက ယင်းအား အေးချမ်း စွာဆန္ဒပြရန်ရောက်ရှိနေခြင်း သာဖြစ်ကြောင်း၊ ယင်းလိုက်ပါစီး နင်းလာသောကားအား ပြည်သူ များက ဝိုင်းဝန်းကန်ကျောက်သည် ဆိုသည်မှာမဟုတ်မှန်ကြောင်း ပြန် လည်ရှင်းလင်းခဲ့သည်။

Yangon Media Group

ကင်ညာအကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေး

Posted by drmyochit Thursday, September 26, 2013, under | No comments


စက်တင်ဘာ ၂၆ ရက် ၂၀၁၃

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ လူ ၆၅ ယောက် သေဆုံးခဲ့ရတဲ့ စစ်သွေးကြွတွေရဲ့ ၄ ရက်ကြာ စီးနင်းတိုက် ခိုက်ခဲ့တဲ့ Westgate Shopping Mall ကုန်တိုက်ကြီးမှာ သေဆုံးသူတွေ နောက်ထပ် ရှိနိုင်သေးတဲ့အတွက် စစ်တပ်နဲ့ မှုခင်းကျွမ်းကျင်သူတွေက ရှာဖွေနေကြပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ကုန်တိုက်ကြီး အထပ် ၃ ထပ်မှာ တစိတ်တပိုင်း ပြိုကျခဲ့လို့ ပိတ်မိပြီး သေဆုံးနေ သူတွေရဲ့ ရုပ်အလောင်းတွေကို အပျက်အစီးတွေကြားမှာ ဆက်လက် ရှာဖွေနေကြပါတယ်။

ကင်ညာတပ်ဖွဲ့တွေက အဆောက်အဦးအတွင်း သတိထား လှုပ်ရှားနေကြရပါတယ်။ စစ်သွေးကြွတချို့ အဲဒီ ထဲမှာ ရှိကောင်း ရှိနိုင်တာကြောင့် ထောင်ချောက်မိမှာလည်း စိုးရိမ်နေကြပါတယ်။ အစ္စရေးလ်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုက မှုခင်း ကျွမ်းကျင်သူတွေက ကင်ညာ အာဏာပိုင်တွေကို အကူအညီ ပေးနေကြ ပါတယ်။

al-Qaida နဲ့ ဆက်နွယ်နေတဲ့ ဆိုမာလီစစ်သွေးကြွတွေက ချမ်းသာတဲ့ ကင်ညာနိုင်ငံသားတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ၊ နိုင်ငံခြားသားတွေနဲ့ စည်ကားလှတဲ့ Westgate အဆင့်မြင့် ကုန်တိုက်ကြီးကို သူတို့အဖွဲ့က တိုက်ခိုက်တာလို့ ပြောပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုမှာ အရပ်သား ၆၁ ယောက်၊ ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင် ၆ ယောက်နဲ့ စစ်သွေးကြွတွေထဲက ၅ ယောက် သေဆုံးခဲ့ပါတယ်။ ကင်ညာသမ္မတ Uhuru Kenyatta ကတော့ စစ်သွေးကြွတွေဟာ ရှက်ဖွယ်ကောင်းစွာနဲ့ ရှုံးနိမ့်ခဲ့ပြီး သူရဲဘောကြောင်သူတွေဖြစ်ကြောင်း၊ သူတို့နဲ့ အပေါင်းအပါတွေကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း စစ်သွေးကြွလို့ မသင်္ကာရသူ ၁၁ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး သေဆုံးသူတွေအတွက် ၀မ်းနည်းတဲ့ အထိမ်းအမှတ် သုံးရက် သတ်မှတ်ကြောင်း သမ္မတ Kenyatta က အင်္ဂါနေ့ညက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ကင်ညာနိုင်ငံတ၀ှမ်း ၀မ်းနည်းတဲ့အထိမ်းအမှတ် အလံတ၀က် လွှင့်ထူထားပါတယ်။

သမ္မတ Kenyatta က အစိုးရ၀န်ကြီးအဖွဲ့နဲ့ အမျိုးသားလုံခြုံရေး ကောင်စီ အထူးအစည်းအဝေးခေါ်လိုက်ပြီး ပြည်တွင်းနဲ့ ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာ ချမှတ်နိုင်ရေးနဲ့ အခုကြုံခဲ့ရတဲ့ အကြမ်းဖက်မှုရဲ့ သင်ခန်းစာတွေကိုပါ သုံးသပ်ဆွေးနွေးနေကြပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂါနာ၊ အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံသား တွေပါဝင်ကြပါတယ်။

VOA

ယုန်လေးကြောင့် ဒါရိုက်တာဖြစ်သွားတယ်လို့ ဖွင့်ဟလိုက်တဲ့ သားညီ

Posted by drmyochit Thursday, September 26, 2013, under | No comments

ပရိသတ်ရှေ့ကို သရုပ်ဆောင်အနေနဲ့သာမက ဒါရိုက်တာ အနေ နဲ့ပါ ၀င်ရောက်ဖို့ သားညီတစ်ယောက် ပြင်ဆင်နေ ပါတယ်။ သားညီက သူဒါရိုက်တာ လုပ်ဖြစ်သွားပုံ ပတ် သက်ပြီး “ အစက ကျွန်တော် MTV ရိုက်တဲ့ ဒါရိုက်တာပဲ ဖြစ်ချင် တာပါ။ ကျွန်တော့်ကို ဒါရိုက်တာ လုပ်ဖြစ်အောင် ယုန်လေး က စတာပေါ့။ သူက ကျွန်တော့်ကို ဇာတ်ကားတွေ တစ်စ တစ်စ ပေးရိုက်ရင်းနဲ့ အပြင်ကပါ ကျွန်တော့်ကို ဒါရိုက် တာလုပ်ဖို့ ကမ်းလှမ်းလာကြတယ်။ ကိုယ်က တခြား ဒါရိုက်တာတွေ လို တိတိကျကျသင်တန်းတက်ပြီး လုပ်ခဲ့ တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အရင်က ဇာတ်ကားရိုက်ရင် ရှုတင် မှာ ရှိတဲ့သူတွေကို လိုက်မေးတယ်။ ထရော်လီက ဘာလို့သုံး တာလဲ၊ ဇာတ်ကို ဘာလို့ ဒီလိုလုပ်တာလဲ စသဖြင့် ဒါရိုက်တာတွေကို မေးခဲ့တယ်။ ဇာတ်နဲ့ ပတ်သ က်ရင် ဇာတ်ရဲ့ Tempo  တွေ အားနည်းနေသေး တယ်။ အခုဆို ကိုယ်က ဒါရိုက်တာ လုပ်ပြီး သူထူးစံနဲ့ ရိုက်ဖို့ ငါးကား ရှိတယ်။ ပထမတစ်ကားတော့ ရိုက်ပြီး သွားပြီ။ “ ခရမ်းရောင်ဒဏ္ဍာရီ” ဆိုတဲ့ကားကို စံရတီမိုးမြင့် ၊ သူထူးစံ၊ စိုးရန်အောင်တို့နဲ့ ရိုက်ပြီးပြီ။ အခုနောက်တစ်ကားက “ပဲပြုတ်နံပြား” ဆိုတဲ့ ကားပေါ့။ ကိုယုယရဲ့ ဇာတ်ကိုရိုက်မှာပါ။ ကျွန်တော် ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ဇာတ်ကားတွေအပေါ် ဝေဖန်ရင် ကြိုဆိုပါတယ်။ ကိုယ့်ကို စော်ကားတာမဟုတ်ရင် ရပါတယ်ဓ လို့ သားညီက ဆိုပါတယ်။


ဆူဒန်ဆန္ဒပြမှုတွေအတွင်း လူ၂၄ဦး သေဆုံး

Posted by drmyochit Thursday, September 26, 2013, under | No comments

ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့
လူစုခွဲခဲ့
ဆူဒန်နိုင်ငံ ခါတွန်မြို့မှာ လောင်စာဆီ ထောက် ပံ့ကြေး လျှော့ချမှုတွေကို ကန့်ကွက် ဆန္ဒပြနေမှု ၃ရက်မြောက်နေ့မှာ အနည်းဆုံး လူ၂၄ဦး သေဆုံးသွားပါတယ်။

သေဆုံးသူပေါင်း ၂၀ ကျော် ရှိသွားပြီ ဖြစ်ပြီး သေ နတ် ဒဏ်ရာနဲ့ နောက်ထပ် လူ၈၀လောက် ကို ဆေးကု သ ပေးနေရ တယ်လို့ Um Durman ဆေးရုံ ညွှန်ကြား ရေးမှူးက ဘီဘီစီကို ပြောပြပါ တယ်။

အစောပိုင်းတုန်းက ခါတွန်မြို့ရဲ့ နေရာ အတော်များများမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေနဲ့ ဆန္ဒပြသူတွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

သမ္မတ အိုမာ အယ်လ် ဘရှားကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူ တချို့က တောင်းဆိုခဲ့ကြပါတယ်။

ဓါတ်ဆီဆိုင်တွေ မီးတင်ရှို့ ခံခဲ့ရကြပြီး လေဆိပ်ဆီ သွားတဲ့ လမ်းမကြီးကို ပိတ်ထားတာ တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ကျောင်းတွေလည်း ပိတ်ထားလိုက်ပြီး သတင်းစာတွေကိုလည်း ထုတ်ဝေ ဖြန့်ချိမှုတွေ မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဆူဒန်နိုင်ငံမှာ အင်တာနက်တွေလည်း နာရီအတန်ကြာ ပြတ်တောက်သွားခဲ့ပါတယ်။

ဒါဟာ အစိုးရက တမင်လုပ်တာလား ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။

ခါတွန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးကတော့ နှစ်ဘက်စလုံးကို အကြမ်းဖက်မှုတွေ ရှောင်ရှားကြဖို့ ပန်ကြားထားပါတယ်။

From: BBC

မြန်မာနိုင်ငံကူးလက်စာအုပ်အတုဖြင့်အလုပ်သမား၃ဦးအားဖမ်းမိ

Posted by drmyochit Thursday, September 26, 2013, under | No comments

မဲဆောက်/မြ၀တီက မြန်မာပွဲစား တစ်ဦးထံမှာ ဘတ်ငွေ ၁၆,၀၀၀ နဲ့ပြီးစလွယ်ဝယ်ယူပြီး ဘန်ကောက်မြို့ ကို အလုပ်လုပ်ရန် လာခဲ့ကြသည့် မြန်မာအလုပ်သမား ၃ဦးအား စက်တင်ဘာ၂၄ ရက် ညဥ့်ဦးပိုင်းတွင် မဲဆောက် အထွက်   ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

တွေ့ရှိချက် များအရ အဆိုပါ အလုပ်သမားသုံးဦးတို့မှာ  ပဲခူးတိုင်း  ဒိုက်ဦးမြို့နယ်၊လယ်ခြားမြောင်းကျေး ရွာမှ ဦးအေး  ခန်း+ဒေါ်ခင်မာချို တို့သမီး၏ အမည်ရင်းမှာ မသီရိအေးဖြစ်ပြီး ပတ်စပို့စာအုပ်တွင် (ယဉ်ယဉ် သန်း) နှင့် တရွာတည်းမှ ဦးခင်ရွှေ+ဒေါ်သိန်းဝင်း တို့သမီး၏ အမည်ရင်းမှာ ပန်းအိဖြူ ပတ်စပို့စာအုပ်တွင် (ခင်သန်းရွှေ)တို့ဖြစ်သည်။ တတိယ တစ်ဦးမှာ ကရင်ပြည်နယ်၊နောင်လုံအရှေ့ကျေးရွာမှဦးလှထွေး + ဒေါ်စန်းမြင့် သား၏အမည်ရင်းမှာ ကိုမျိုးဦး ဖြစ်ပြီး ပတ်စပို့တွင်  (ကိုတင်) ဖြစ်နေပါသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့MAT မှ ရုံးတာဝန်ခံ ကိုစိုင်းအေး က“ကျနော်တို့ရုံးက မြန်မာသံရုံးအကူညီနဲ့ တစ်နေ့က ကယ်တင် ခဲ့တဲ့ စစ်ကိုင်းတိုင်းယင်းမာပင် မြို့နယ်၊ ချင်းပုန်း ကျေးရွာက မိန်းကလေး  ၄ယောက်ကို ကားငှါးပြီးတော့ သွားပို့တာ မဲဆောက်အ၀င်ဂိတ်မှာ ထိုင်းလ၀က က ကျနော်တို့ ကိုဘာ သာပြန်ပေးဖို့ အကူညီးေ တာင်းပါတယ်။ ကျနော်တို့ စာအုပ်   တွေနဲ့ တိုက်ကြည့်ပါတယ်။ ခက်တာက ထိုင်းမှာက  ပတ်စပို့ အတုလုပ်တဲ့သူတို့ တံဆိပ်တုံးအတုထုတဲ့သူတို့ကို မဖမ်းဘူး။ အလုပ်သမားတွေကိုပဲဖမ်းတယ်၊ ထောင်ကျတယ်။ ပွဲစား လုပ်ပေးလို့ ထောင်ချခံထားရတဲ့ မြန်မာ အလုပ်သမားတွေ ထိုင်းမှာအများကြီးရှိတယ်။ ခု ကျနော်တို့နဲ့တွေ့လိုက်လို့ ဒီအလုပ် သမားတွေ နေရပ်လိပ်စာ အတိအကျသိတာ။  မြန်မာ အလုပ်သမားတွေ ဘယ်လိုပဲ မတရားခံနေရပစေ ထိုင်းမှာ ကာကွယ်ကူညီ မယ့် သူမရှိဘူး။ ဖေါ်ထုတ် ကူညီဖို့ဆိုတာဝေး   ရော၊ အမှန်အတိုင်းပြော သူကိုပဲ မုန်းတ ယ်ဗျ” ဟုပြောသည်။

ပတ်စပို့အရွယ် ဓါတ်ပုံပေးလိုက်ရပြီး မြ၀တီတွင် ၈ရက်သာစောင့်နေခဲ့ရပြီး လူကိုယ်တိုင် လက်မှတ်ထိုးခြင်း လက်ဗွေနှိပ်ခြင်းလုံးဝ မလုပ်ခဲ့ရကြောင်း အလုပ်သမားများပြော ပြချက်အရသိရသည်။
ရဲမှူးကြီး ဖုန်းနခွန်းနခွန်းဆန်တိဖတ်ကစာအုပ်အတုထုတ်လုပ် သည့်ဂိုဏ်းအား  ဖမ်းဆီးနိုင်ရေးအတွက်ကြိုးစားသွားမည် ဟုဆိုသည်။

၂၀၁၃ ခုနှစ်တွင် မယ်ဆိုင်၊ မြ၀တီနှင့်ကော့သောင်း တို့တွင် ထုတ်ပေးနေသည့် MOU ပတ်စပို့ စာအုပ် များမှာ အလုပ် သမားများကိုယ်တိုင် လက်မှတ်ထိုးစရာမလိုပဲ ထုတ်ပေးလျှက်ရှိသည်။

ပြီးခဲ့သည့်လကပြီးဆုံးသွားခဲ့သော ထိုင်းနိုင်ငံအတွင်းထုတ်ပေးခဲ့သည့် အလုပ်သမားပတ်စပို့စာအုပ်များတွင် အချို့ ကုမ္ပဏီ တို့သည် ဓါတ်ပုံအစစ် အမည်ကွဲများအမြောက်အမြားလုပ်ကိုင်ခဲ့ကြကြောင်း အလုပ်သမား ဆိုင်ရာ သတင်း များတွင် ဖေါ်ပြခဲ့ကြသည်။

စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)
ရွှေလုပ်သား


လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်မှုများ ရှိနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စား လှယ် နှစ်ဦးအား ငွေကြေးဆိုင်ရာ အလွဲသုံးစား ပြုလုပ်သည်ဟု စွပ်စွဲမှုဖြစ်ပေါ်

Posted by drmyochit Thursday, September 26, 2013, under | No comments

မင်းရွာ တာဝအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပဲခူးတိုင်း ဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို အများပြည် သူပိုင် ငွေများအား အာဏာ အရှိန်အ၀ါသုံးကာ အလွဲသုံးစား ပြုလုပ်ခဲ့မှုအတွက် ဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတနှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအပါအ၀င် တာဝန်ရှိသူများထံ တိုင်ကြားထားကြောင်း စက်တင် ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ Aung Soe & ACE TOP LAW FIRM တွင် ပြုလုပ်သည့် သတင်း စာ ရှင်းလင်းပွဲတွင် မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီဝင်များက ပြောကြားသည်။

ပြည်သူများက ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ပြည်သူလူထု အကျိုးအား အမှန်တကယ် ဆောင်ရွက်နိုင်မှု နည်းပါးနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအား အာဏာ အရှိန်အ၀ါသုံးကာ တံတား တည်ဆောက် ရေးအတွက် အစိုးရအဖွဲ့က မတည်ပေးသည့် ရန်ပုံငွေများမှ ကျပ် ၁၂ သိန်း အလွဲသုံးစား ပြုလုပ် ခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက် စောင့်ကြည့် သတင်းဂျာနယ်၊ အတွဲ ၈၊ အမှတ် ၄၀ တွင် သတင်း ဖော်ပြ ခဲ့ပြီး အဆိုပါ ဖော်ပြမှုအပေါ် အစွပ်စွဲခံ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဦးဖိုးဇော် (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) နှင့် ဦးကိုကို (ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) တို့မှ စက်တင်ဘာ ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် စောင့်ကြည့်ဂျာနယ် အနေနှင့် မမှန်သတင်း ဖော်ပြခြင်းအတွက် နိုင်ငံပိုင် သတင်းစာများ အပါအ၀င် ဂျာနယ်ငါးစောင်မှ ပြန်လည် တောင်းပန်ရန် ကြေညာခဲ့သဖြင့် အဆိုပါ သတင်းစာ ရှင်းလင်းပွဲအား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

''ဖြစ်လာတဲ့ ဖြစ်စဉ်အပေါ်မှာ အမှန်အတိုင်း ကျွန်တော်ရေးတာပါ။ ဒါက စာနယ်ဇင်းအပေါ် ဖိအားပေးတာလို့ မြင်ပါတယ်'' ဟု အဆိုပါ မင်းရွာ၊ ကုက္ကိုတန်း တံတားအတွက် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ကျပ် ၁၂ သိန်း အာဏာ အရှိန်အ၀ါ သုံးကာ အလွဲသုံးစား လုပ်ခဲ့ကြောင်း ဖော်ထုတ် ရေးသားခဲ့သည့် စောင့်ကြည့် သတင်းဂျာနယ်မှ ဦးမိုးမြင့်လွင်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာ၊ ကုက္ကိုတန်း ကျေးရွာများအား ဖြတ်သန်းသွားသည့် ချောင်းကူးတံတားမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသဖြင့် နိုင်ငံတော် အစိုးရမှ သဘာဝ ဘေးအန္တရာယ်နှင့် ကယ်ဆယ် ထောက်ပံ့ရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၈၀ ထောက်ပံ့ခဲ့ပြီး အဆိုပါ ငွေပမာဏမှ ကျပ် ၁၆၈ သိန်းကိုသာ မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ငွေကျပ် ၁၂ သိန်းအား ဦးဖိုးဇော်၊ ဦးကိုကိုတို့က ထပ်မံပေးအပ်မှု မရှိသဖြင့် ယင်းကဲ့သို့ အရှိန်အ၀ါကို အလွဲသုံးစား ပြုလုပ်၍ အနိုင်ကျင့်ဖြတ်ယူ သုံးစွဲခဲ့ခြင်းအပေါ် မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရေး ကော်မတီနှင့် ရွာသူရွာသားများက စက်တင်ဘာ ၈ ရက်တွင် နိုင်ငံတော် သမ္မတနှင့် တာဝန်ရှိသူများထံ တိုင်ကြားခဲ့ကြောင်း မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောကြားသည်။

''ကျွန်တော်တို့က ပြည်ခိုင်ဖြိုးပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သိက္ခာချတာ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သိက္ခာကျအောင်လုပ်တဲ့ ကိုယ်စားလှယ် နှစ်ဦးကိုပဲ တောင်းပန်စေချင်တာပါ။ ကျွန်တော်တို့က ဒီငွေ ကျပ်၁၂ သိန်းကို မက်မောလို့ ပြောနေတာ မဟုတ်ပါဘူး။ ငွေကျပ် ၁၂ သိန်းအပေါ် မှာ ဖြစ်လာတဲ့ အကျင့်စရိုက်ကို ပြောနေတာပါ'' ဟု မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောကြားသည်။

မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရာတွင် အမှန်တကယ် ကုန်ကျငွေမှာ ကျပ်သုံးရာ ရှစ်ဆယ့်ရှစ်သိန်း တစ်သောင်း တစ်ထောင် နှစ်ရာရှစ်ဆယ့် ခြောက်ကျပ် ဖြစ်ပြီး ပြည်သူများ၏ လှူဒါန်းငွေမှာ ကျပ်တစ်ရာကိုးဆယ့် ရှစ်သိန်းရှစ်ထောင့် ငါးရာကျပ်ဖြစ်ကာ အစိုးရအဖွဲ့ ခွင့်ပြုငွေမှာ ကျပ်သိန်း ၁၈၀ ဖြစ်သော်လည်း အမှန်တကယ် ရရှိငွေမှာကျပ် ၁၆၈ သိန်းသာ ဖြစ်သည့်အတွက် ကော်မတီမှ စိုက်ငွေအကြွေးမှာ ကျပ်နှစ်ဆယ့်နှစ်သိန်း နှစ်ထောင့်ခုနစ်ရာ ခြောက်ဆယ်ရှစ်ကျပ် ဖြစ်နေကြောင်း သိရသည်။

ထိုသို့ စိုက်ငွေ အကြွေးတင်နေသဖြင့် အစိုးရအဖွဲ့ ခွင့်ပြုငွေ ကျပ် ၁၂ သိန်းအား ရရှိရန် လိုအပ်နေသော်လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးဇော်က အဆိုပါ ၁၂ သိန်းအား တံတားဖွင့်ပွဲတွင် စိုက်ထုတ်သုံးစွဲမည်ဟု ပြောဆိုခဲ့သည့် အတွက် ကန့်ကွက်ခဲ့ကြောင်း မင်းရွာတာဝအုပ်စု ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက ပြောကြားသည်။

''စက်တင်ဘာ ၉ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ကျွန်တော် အပါအ၀င် ရပ်ကျေး အုပ်ချုပ်ရေးမှူး လေးဦးကိုခေါ်ပြီး ဒီမင်းရွာ၊ ကုက္ကိုတန်း တံတားကို ကျပ်သိန်း ၈၀ အကုန်ခံပြီး ဖွင့်မယ်ပြောတယ်။ ကျွန်တော်တို့ ရွာတွေမှာ ဒီတံတားကြောင့် အကြွေးပတ်လည် ၀ိုင်းနေတာ ၁၂ သိန်း အကုန်ခံ မဖွင့်နိုင်ဘူး ပြောတော့ ဦးဖိုးဇော်က အဲဒါဆိုရင် ဒီ ၁၂ သိန်းကို ယူသွားပါ ပြောတယ်။ ကျွန်တော့် ကော်မတီဝင်တွေ မပါတဲ့အတွက် လက်မခံခဲ့ပါဘူး'' ဟု မင်းရွာတာဝအုပ်စု ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက ပြောကြားသည်။

ထိုသို့ သတင်းမီဒီယာများနှင့် ကျေးလက်နေ ပြည်သူများအပေါ် အရှိန်အ၀ါ သုံးနေသည့် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအပေါ် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဆန်းဦးက ''လိုအပ်လာရင် ရွာသူရွာသားတွေနဲ့ စာနယ်ဇင်းဘက်က ကာကွယ်ပြီး ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်မယ်'' ဟု ပြောကြားသည်။

လက်ရှိ ဖြစ်ပွားခဲ့သည့် တံတားတည်ဆောက်ရေး ပြဿနာများနှင့် ပတ်သက်၍ ဦးဖိုးဇော်နှင့် ဦးကိုကိုတို့က အထူးလွှဲအပ်ထားသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်ကြွယ်က သူမ၏ အမှုသည် နှစ်ဦးတွင် အဆိုပါ ကျပ် ၁၂ သိန်းအား အလွဲသုံးစား ပြုလုပ်ထားခြင်း မဟုတ်ဘဲ တံတားဖွင့်ပွဲတွင် ကျပ်သိန်း ၈၀ အသုံးပြုမည် ဖြစ်သည့်အတွက် အဆိုပါ ကျပ် ၁၂ သိန်းအား အသေးသုံး အဖြစ်သာ သတ်မှတ်ထားပြီး တံတားနှင့် ပတ်သက်၍ ဂျာနယ်ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မင်းရွာ တာဝအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက ယင်းငွေအား ပြန်လည်မယူဟု ပြောကြားခဲ့ကြောင်း အထောက်အထားများ ရှိသည်ဟု စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

Eleven Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်