Wednesday, March 26, 2014

အပိုင်းအစ ၁၂၀လောက် တွေ့ရတယ်လို့ မလေးရှားဆို

Posted by drmyochit Wednesday, March 26, 2014, under | No comments


ဂြိုဟ်တုက ရရှိတဲ့ ပုံရိပ်အသစ်တွေအရ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အပိုင်းအစ တစ်ရာ့ နှစ်ဆယ်လောက်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ တွေ့ရတယ်လို့ မလေးရှား နိုင်ငံက ပြောပါတယ်။

ပြင်သစ်နိုင်ငံက ထုတ်ပြန်တဲ့ ပုံရိပ်တွေအရ အချို့ အရာတွေဟာ ၂၄ မီတာကျော် ရှည်လျားတာ တွေ့ရပါတယ်။

အဲဒီ ပစ္စည်းတွေ အားလုံးကို မြို့တစ်မြို့စာ အကျယ်အဝန်းလောက်မှာ မျောနေတာ တွေ့ရတာပါ။

ရာသီဥတု ဆိုးရွာမှုကြောင့် ရှာဖွေမှုတွေ ရပ်နားခဲ့ရပြီးနောက် အခုအခါ လေယာဉ်ပျောက် ရှာဖွေရေးတွေ ပြန်စတင်ခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott ကတော့ လေယာဉ်ရဲ့ အပိုင်းအစ တစ်ခုမှ ရှာလို့ မတွေ့နိုင်တော့တဲ့၊ မျှော်လင့်ချက် မရှိတော့တဲ့ အခြေအနေအထိ ရှာဖွေရေးတွေ ဆက်လုပ်မယ်လို့ ပြောပါတယ်။

အခုချိန်အထိတော့ လွန်ခဲ့တဲ့ သီတင်း ၂ပတ်ကျော် ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဘာတစ်ခုကိုမှ ရှာလို့မတွေ့သေးပါဘူး။

BBC

''နိုင်ဂျီးရီးယားတွင် အစ္စလာမ်ဘာသာရေးဆရာမှ အသက် ၁၂ နှစ် အရွယ် မိန်းကလေးအား မုဒိမ်းကျင့်''

Posted by drmyochit Wednesday, March 26, 2014, under | No comments


အသက် ၃၂ နှစ်အရွယ် အစ္စလမ္မစ် ဘာသာရေးဆရာ ကာဇီးမ် ဂျီမိုဝါ သည် နိုင်ဂျီးရီးယားနိုင်ငံ၊ အိုဂွန်ပြည်နည်၊ အိုတာ တရားရုံးတော်သို့ အသက် ၁၂ နှစ် အရွယ် မိန်းကလေးအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုဖြင့် တရားရင်ဆိုင်ရန် ရောက်ရှိလာသည်။

ဂျီမိုဝါ မည်သည့် အရပ်တွင် နေထိုင်သည်ကိုမူ ဖော်ပြထားခြင်းမရှိပါ။ ဂျီမိုဝါသည် မိန်းကလေးအား အလိုမတူပဲ မုဒိမ်းကျင့်ခဲ့သဖြင့် ယင်းသို့ တရားစွဲခံရခြင်း ဖြစ်သည်။

အမှုစွဲဆိုသူ ရဲစုံထောက် ပီတာမိုလိုကူမှ အစ္စလာမ်ဘာသာရေးဆရာသည် မတ် ၁၈၊ 8:00 pm ၌ အိုတာ မြို့ ၊ အီလိုယီရပ်ကွက်ရှိ လူမနေသော အဆောက်အအုံအတွင်း၌ မိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည်ဟု တရားရုံးတော်အား ပြောကြားခဲ့သည်။

တရားခံမှ မိန်းကလေးအား လှည့်ဖျား၍ အဆောက်အဦးအတွင်း ခေါ်ဆောင်သွားပြီး ယင်းသို့ မတော်မတရားပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု မိုလိုကူက ဆိုသည်။

ယခင်ကလည်း ယင်းဘာသာရေးဆရာသည် မိန်းကလေးများအား ယခုကဲ့သို့ လှည့်ဖျားခေါ်ဆောင်၍ ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း ရဲစုံစမ်းထောက်လှမ်းရေးမှ ဖော်ထုတ်တွေ့ ရှိခဲ့သည်ဟု မိုလိုကူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

မူရင်းလင့်

ပျောက်ဆုံးလေယာဉ် အစိတ်အပိုင်းတွေ့သည့် အိန္ဒိယသမုဒ္ဒရာကို တရုတ်သင်္ဘောရောက်ရှိ

Posted by drmyochit Wednesday, March 26, 2014, under | No comments


တရုတ် ရေခဲခွဲသင်္ဘော ဇူလောင်းဟာ ပျောက်ဆုံး မလေးရှား လေယာဉ်ရဲ့ အစိတ်အပိုင်းလို့ ထင်ရတဲ့ အရာဝထ္ထု တွေ့ခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာရေပြင်ကို ဒီနေ့ ရောက်ရှိသွားပါတယ်။

သင်္ဘောနဲ့အတူ လေယာဉ် ၆ စင်းကလည်း ရှာဖွေရေးလုပ်ငန်းတွေကို ကူညီမယ်လို့ အဲဒီ ရေပိုင်နက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီနေတဲ့ သြစတြေး လျ ရေကြောင်း ဌာနက ပြောပါတယ်။

ရှာဖွေရေးလေယာဉ်တွေက သံသယဖြစ်ဖွယ် အရာဝထ္ထုတွေကို တွေ့ရင် သင်္ဘောနဲ့ တခြားယာဉ်တွေကို အကြောင်းကြားပြီး သင်္ဘောက ရေပြင်က အရာဝထ္ထုကို ဆယ်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။

တရုတ်ခရီးသည်တွေ အများစုပါဝင်တဲ့ မလေးရှားလေယာဉ် ဘိုရင်း ၇၇၇ ဟာ အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ကြေညာပေမယ့် တိကျတဲ့ အချက်အလက်တွေကို သက်သေမပြနိုင်သေးတဲ့အချိန်မှာ ရှာဖွေရေးလုပ်ငန်းတွေလည်း လက်မလျှော့ကြသေးပါဘူး။

လောလောဆယ် သြစတြေးလျ၊၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က လေယာဉ် ၁၂ စင်းလောက်က ရှာဖွေရေးလုပ်ငန်းတွေမှာ ပူးပေါင်းကူညီ ပေးနေပါတယ်။

မလေးရှားဝန်ကြီးချုပ်ကတော့  ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ MH370 လေယာဉ်ပေါ် ပါသူ ၂၃၉ ယောက်လုံး သေဆုံးသွားခဲ့ပြီလို့ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အသိပေးခဲ့ပါတယ်။

ဒီလို မကြေညာခင်လေးမှာပဲ တရုတ်ရှာဖွေရေး လေယာဉ် ၁ စင်းက အတော်အတန် ကြီးမားတဲ့ အရာဝထ္ထု ၂ ခုနဲ့ အဖြူရောင် အရာဝထ္ထုတော်တော်များများကို တွေ့ခဲ့ရတယ်လို့ ဆင်ဟွာသတင်းက ကြေညာခဲ့ပါတယ်။

အခု ရှာဖွေနေတဲ့နေရာဟာ သြစတြေးလျနိုင်ငံ အနောက်တောင်ပိုင်း  ရေခဲထူထပ်တဲ့  အာတိတ်သမုဒ္ဒရာရဲ့ အစိတ်အပိုင်းဖြစ်ပြီး ကမ္ဘာမှာ အစွန်အဖျာအကျဆုံး ဒေသတွေထဲက တခုလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ

သရုပ်ဆောင်တွေထဲမှာ သဘောကျတာ မသက်မွန်မြင့်

Posted by drmyochit Wednesday, March 26, 2014, under | No comments


ညီမ ကျောင်းပြီးသွားပြီဆိုတော့ အခုလောလောဆယ် အနုပညာအလုပ်တွေလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခု Talent  သင်တန်းနဲ့ သရုပ်ဆောင်သင်တန်းတွေ တက်နေပါတယ်။

သရုပ်ဆောင်တယောက်သာ မလုပ်ဖြစ်ဘူးဆိုရင်Business မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ဟာတွေ လုပ်ဖြစ်ဖို့ စိတ်ကူးထားပါတယ်။

ညီမရထားတဲ့ BBA ဘွဲ့နဲ့ပတ်သက်ပြီးတော့ မာစတာတန်းတွေကို အပြင် ကနေ ဝင်ခွင့်ဖြေပြီး MBA ဆက်တက်ဖို့ အစီအစဉ်ရှိပါတယ်။

    စောပြည့်ဝင်း
    အသက် ၂ဝ
    စီးပွားရေးစီမံခန့်ခွဲမှု အထူးပြုကျောင်းသူ
    ရန်ကုန်စီးပွားရေးတက္ကသိုလ်


ဖက်ရှင်ကတော့ ညီမက Free စတိုင် ဝတ်ရတာကြိုက်ပါတယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ ထသွား ထလာ ပုံစံမျိုးလေးတွေ ဝတ်ရတာလေးတွေကြိုက်တယ်။
မျက်စိထဲစိတ်ကူးထဲပေါ်တဲ့ ပုံစံလေးတွေ ဝတ်ဖြစ်ပါတယ်။ အထူးတလည်တော့ မရှိပါဘူး။

အားတဲ့အချိန်ဆို သီချင်းနားထောင်တယ်။ သီချင်းဆိုရင် များသောအားဖြင့် နားထောင်ဖြစ်တာက Pop ဂီတ အမျိုးအစား နားထောင်ဖြစ်တယ်။ ပြီးတော့ Hip Hop လည်း နားထောင်ဖြစ်တယ်။

အဆိုတော်တွေထဲမှာဆိုရင် စိုင်းစိုင်းခမ်းလှိုင်ကို သဘောအကျဆုံးပဲ။
ညီမက စိုင်းစိုင်းခရေဇီပါ။
သူ့သီချင်းဆို အကုန်ကြိုက်တယ်။
သူဆိုသမျှ အကုန်ကြိုက်တယ်။

တခြားအဆိုတော်တွေထဲမှာ နားထောင်ဖြစ်တာတွေကတော့ လူငယ်အဆိုတော်တွေဆိုတဲ့သီချင်းတွေ အကုန်နားထောင်ဖြစ်ပါတယ်။ အင်တာနေရှင်နယ် အဆိုတော်တွေထဲမှာ ကြိုက်တာတော့ Pink ပါ။
လတ်တလော Pink ရဲ့ “ Stay” ဆိုတဲ့သီချင်းကို ကြိုက်တယ်။


(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ရုပ်ရှင်ကြည့်ရတာလည်း ဝါသနာပါပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ အဓိကကတော့ ဒရာမာကို ပိုကြိုက်တယ်။
 ဒါပေမယ့် လောလောဆယ်တော့ များသောအားဖြင့် ဖန်စီကားတွေ ထွက်နေတာဆိုတော့ ဖန်စီကားတွေကြည့်ဖြစ်ပါတယ်။


သရုပ်ဆောင်တွေထဲမှာ သဘောကျတာ မသက်မွန်မြင့်ပါ။

Facebook သုံးရင် ဘာတွေလုပ်ဖြစ်လဲဆိုတော့ Like Page တွေ အများကြီး ကြည့်ဖြစ်တယ်။ ကိုယ့်အတွက် အသုံးဝင်မယ့်ဟာလေးတွေပေါ့။
နောက်ပြီး ပေါ်ပြူလာဖြစ်နေတဲ့ဟာမျိုးတွေ သတင်းတွေဖတ်ဖြစ်တယ်။ ပြီးတော့ Facebook မှာ သူငယ်ချင်းတွေနဲ့ စကားပြောတယ်။
ဓာတ်ပုံအရိုက်ခံရတာ ဝါသနာပါတယ်၊ Facebook မှာလည်း တင်ဖြစ်ပါတယ်။


ဒီနှစ်ထဲမှာ ညီမအသွားချင်ဆုံးနေရာကို ပြောပါဆိုရင် မရောက်ဖြစ်သေးတဲ့နေရာ ပြင်ဦးလွင်ကိုသွားချင်တယ်။
ဘာဖြစ်လို့ အဲ့ဒီကိုသွားချင်လဲဆိုတော့ ပြင်ဦးလွင်မှာ အမျိုးသားကန်တော်ကြီး ဥယျာဉ်ပန်းခြံရှိတယ်လေ။
 အဲ့ဒီပန်းခြံမှာ အထူးသဖြင့် အလုပ်ချင်ဆုံးအရာက ဓာတ်ပုံရိုက်ချင်လို့ပါ။

ဒီနှစ် Valentine’s Day ကိုတော့ သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့တယ်။ သူငယ်ချင်းတွေစုပြီး ညီမကို Surprise gift တွေပေးတဲ့အတွက် အရမ်းပျော်ခဲ့ရပါတယ်။
  -
သီဟတိုး




ဧရာဝတီ

ဖုန်းခေါ်ဆိုခ နှုန်းထားများနှင့် ၀န်ဆောင်မှု ၀န်ကြီးဌာနက စွက်ဖက်မည်မဟုတ်

Posted by drmyochit Wednesday, March 26, 2014, under | No comments

MPT သည် မြန်မာနိုင်ငံ၏ တခုတည်းသော တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍကို စီမံခန့်ခွဲနေသည့် ဌာနလည်း ဖြစ်သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဆက်သွယ်ရေး လိုင်စင်ရထားသည့် အော်ပရေတာ (ကုမ္ပဏီ) များ၏ ဖုန်းခေါ်ဆိုခ နှုန်းထားများ အပါအ၀င် ၀န်ဆောင်မှုများနှင့် ပတ် သက်ပြီး ဝန်ကြီးဌာန အနေဖြင့် ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးသောင်းတင် က ဧရာဝတီကို ပြောသည်။

“အခုလက်ရှိမှာ ဘယ်လိုမျိုး လုပ်ဆောင်မှုတွေနဲ့မှ ဝန်ကြီးဌာန အနေနဲ့ အော်ပရေတာတွေကို ချုပ်ကိုင်မှာ မဟုတ်ဘူး၊ ဝန်ကြီးဌာန က ပေါ်လစီပိုင်းပဲ ကိုင်တော့မယ်၊ ဘယ်သူက သတ်မှတ်ထားတဲ့ ဥပဒေကို မလိုက်နာလဲ၊ ဒါပဲစစ်မယ်၊ ဘာမလုပ်ရ၊ ဘယ်ဈေး၊ ဘယ်ခေါ်ဆိုခ စတဲ့ အပိုင်းတွေက သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ သဘော အတိုင်းပဲ”ဟု ၎င်းက ဆိုသည်။

အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ နှုန်းထားများနှင့်ဆက်စပ်ပြီး လုပ်ကိုင်ခွင့်လက်ရှိရထားသော အော်ပရေတာများကို အဆိုပါ နှုန်းထားဖြင့်သာ ဆက်လက် ကောက်ယူခွင့် ပြုမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းစဉ် ယင်းသို့ ပြန် လည် ဖြေကြားခြင်း ဖြစ်သည်။

“သူတို့ လုပ်ဆောင်မယ့် ဈေးက ပြည်သူတွေ လက်ခံနိုင်မလား၊ ဘယ်လို အခက်ခဲတွေ ရှိမလဲ ဆိုတာကို သိချင်လို့ တင်ပြခိုင်းတာ ပါ၊ ကျန်တာကတော့ သူတို့က ဆက်သွယ်ရေး ဥပဒေကို လိုက်နာရမယ်၊ မလိုက်နာရင် သူတို့ကို သတ်မှတ်ထားတဲ့ အတိုင်း မလုပ် ပေးနိုင်ရင် သူတို့ တင်ထားတဲ့ စပေါ်ငွေထဲက ဖြတ်သွားမယ်”ဟုလည်း ဦးသောင်းတင်က ပြောသည်။

ဆက်သွယ်ရေး ခေါ်ဆိုခ နှုန်းထားများနှင့် ပတ်သက်ပြီး လက်ရှိ တဦးတည်းလုပ်ကိုင်ခွင့် ရထားသည့် MPT က တမိနစ် ခေါ်ဆိုခကို ၅၀ ကျပ်နှုန်း၊ မက်ဆေ့ခ်ျ ပို့ပါက တစောင်လျှင် ၂၅ ကျပ် နှုန်း ကောက်ခံလျက် ရှိသည်။

တဦးတည်း ချုပ်ကိုင်မှုဖြင့်သာ ရပ်တည်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍမှာ မကြာတော့သည့် ရက်ပေါင်း ၂၀၀ ကျော် ကာလတွင် ပြောင်းလဲတော့မည် ဖြစ်ကြောင်းလည်း ဒု ၀န်ကြီးက ဆက်ပြောသည်။

ယင်းသို့ ဆယ်စုနှစ်များစွာ ပြိုင်ဆိုင်မှု မရှိခဲ့သည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတခုကို မကြာမီ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ကဏ္ဍတခု အဖြစ် မြင်တွေ့နိုင်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများကို တန်းတူ အခွင့်အရေးပေး ပြိုင်ဆိုင်ခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးလို့ ဆိုရင် လူတိုင်းကို ခွဲခြား စေချင်တယ်၊ ဆက်သွယ်ရေး ဝန်ကြီးဌာန နဲ့ MPT ကို ခွဲခြား မြင်စေချင်တယ်၊ သူက လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတော့မှာ ဆိုတော့ သူဈေးမချရင် သူရပ်တည်ဖို့ မလွယ်ဘူး၊ သူမလျှော့ရင် သူမရပ်တည်နဲ့၊ ဒီအထဲမှာ နေချင်ရင် သူလည်း အပြိုင်အဆိုင် လျှော့ရတော့မယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ပြောသည်။

ယခင်က တဦးတည်း ချုပ်ကိုင်ခဲ့သည့် MPT သည် ပြိုင်ဆိုင်မှုများ၌ ရတနာပုံ တယ်လီပို့စ် အနေဖြင့် ဝန်ကြီးဌာန လက်အောက်မှ ခွဲထွက်ပြီး သီးခြားရပ်တည်ရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်အထိ ၎င်းနှင့်ပူးတွဲ လုပ်ဆောင်မည့် ကုမ္ပဏီကို မရွေးချယ်နိုင် သေးသောကြောင့် လုပ်ငန်းလိုင်စင် ချပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဂျပန်ကုမ္ပဏီ တခုနဲ့ ဆွေးနွေး နေတာတော့ မှန်တယ်၊ ဝန်ကြီးဌာန အနေနဲ့ လုပ်ဆောင်တော့မှာ မဟုတ်တဲ့ အတွက် သူ့ရပ်တည်မှု အတွက် သူလည်း ပြိုင်ဆိုင် ရလိမ့်မယ်၊ ဒီနှစ်ထဲမှာ သူလည်း ခွဲထွက်ပြီး ပြိုင်ဆိုင် နိုင်မှာပါ”ဟု ဒု ၀န်ကြီးက ဆက်ပြောသည်။

“ခေါ်ဆိုခလို့ ဆိုရင် ကောက်ခံတာက မိနစ်နဲ့ ကောက်မလား၊ စက္ကန့်နဲ့ ကောက်မလား၊ စိတ်ကြိုက် လုပ်ပိုင်ခွင့် ပေးထားပါတယ်၊ ဒီအပေါ်မှာ ပြိုင်တဲ့သူ သဘောပါပဲ၊ သူက စက္ကန့်နဲ့ ကောက်မယ်ဆိုလဲ ကောက်၊ မိနစ်နဲ့ ကောက်မယ်ဆိုလည်း ကောက်၊ ဒီသဘောပါပဲ”ဟုလည်း ၎င်းက ဆိုသည်။

MPT က ခေါ်ဆိုခနှုန်းထား ကောက်ယူရာတွင် စက္ကန့်ဖြင့် ကောက်ယူနေခြင်း ဖြစ်ပြီး မက်ဆေ့ခ်ျ(SMS) ဝန်ဆောင်ခကို ထပ်တိုး ကောက်ခံ နေခြင်း ဖြစ်ပြီး မည်သည့် ဝန်ဆောင်မှုကိုမှ ထပ်တိုးပေးခြင်း မရှိပေ။ နိုင်ငံတကာ ဆက်သွယ်ရေး တချို့တွင် SMS ဝန်ဆောင်ခကို ကောက်ခံခြင်း မပြုခြင်း အပြင် အခြားသော ဝန်ဆောင်မှု အမျိုးမျိုးကို ထပ်ဆောင်း ပေးမှုများ ရှိကြောင်း သိရသည်။

လက်ရှိတွင် အော်ပရေတာ လိုင်စင်ရရှိထားသည် အော်ရီးဒူးက တမိနစ်လျှင် ၄၅ ကျပ်နှုန်း၊ တယ်လီနောက တမိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့် ဝန်ဆောင်မှုများ ပေးသွားမည်၊ မည်သည့် ဈေးဖြင့် ကောက် ခံသွားမည်ကို တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

“ဆက်သွယ်ရေး ဖုန်းလို့ ပြောရင် Package တခုကို မြင်ရတော့မယ်၊ ဥပမာ ဈေးနှုန်း အရဆို ဖုန်းကတ် ဝယ်တာနဲ့ ဘာတွေ ပါမလဲ၊ အင်တာနက် ပါမလား၊ ခေါ်ဆိုခကို ဘယ်လောက် အလကား ခေါ်ခွင့်ရမယ်၊ မက်ဆေ့ခ်ျ အလကား ပို့ခွင့် ရမယ်၊ ဒီလိုတွေ ပါမယ်၊ ဒါမှမဟုတ် ခေါ်ဆိုခနှုန်း အရ ဆိုရင် ခေါ်ဆိုခ မချဘူး၊ ဒီမှာ မက်ဆေ့ခ်ျက အလကား ပေးမလား၊ အချိန်နဲ့ ပေးမလား၊ မီဂါဘိုက်နဲ့ ပေးမလား၊ ဒါကတော့ အော်ပရေတာတွေရဲ့ပြိုင်ဆိုင်မှုပဲ၊ အကုန် ခွင့်ပြု ထားပါတယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ဆိုသည်။

လက်ရှိတွင် အော်ရီဒူးမှ ရန်ကုန်မြို့တွင်းရှိ ဖုန်းအရောင်းဆိုင်များတွင် ၎င်းတို့၏ ဖုန်းကတ် ဝယ်ယူလိုသူများ စာရင်းကို ကောက်ခံ နေမှုများ ရှိကြောင်း၊ နေ့စဉ် ဖုန်းကတ်ဝယ်ရန် လာရောက် စာရင်းသွင်းသူ ဦးရေမှာ ၅၀ ကျော်ကြောင်း ဖုန်းအရောင်းဆိုင်များက ပြောသည်။

“အော်ပရေတာ အသစ်တွေ ရောက်လာပေမယ့် အစိုးရဘက်က ဆက်သွယ်ရေးပိုင်း လုပ်နေတော့ ခေါ်ဆိုခနဲ့ ဝန်ဆောင်မှုတွေကို အစိုးရနဲ့ ညှိရမယ် ထင်တယ်၊ နို့မို့ဆို သူတို့ဆီမှာ သုံးစွဲသူတောင် ရှိမယ်မထင်ဘူး၊ Voice mailတို့ ဘာတို့ရော ပေးမှာလား၊ အင်တာနက်ကရော ဒီတိုင်းပဲ ရှိနေမလား။ ဒီတိုင်းပဲ ဆိုရင်တော့ ဒီဈေးကွက်က ထူးခြားတာ မရှိပါဘူး၊ နိုင်ငံတကာလို အားလုံးပြိုင်ဆိုင်ခွင့် ရရင်တော့ ကောင်းမယ်”ဟု ဖုန်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တဦးဖြစ်သည့် ကိုနိုင်ဇော်က ပြောပြသည်။

မြန်မာ့ဆက်သွယ်ရေးက လိုင်စင်ရ အော်ပရေတာများ လုပ်ဆောင်နိုင်ရန် အတွက် ရှိရင်းစွဲ တာဝါတိုင်များကို ဈေးနှုန်းတခုဖြင့် ငှားရမ်း လုပ်ကိုင်ခွင့် ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

“ဆက်သွယ်ရေး ဝန်ကြီးဌာန အနေနဲ့ ရှိရင်းစွဲ တာဝါတိုင်တွေကို ငှားရမ်းမယ်၊ ဥပဒေမှာလည်း ပါတယ်၊ တာဝါတိုင်တွေ ငှားရမ်းသုံးစွဲခွင့် ပေးရမယ် ဆိုတာ၊ ဒီတော့ ရတနာပုံ တယ်လီပို့ကို ငှားရင်လည်း ငှားမယ်၊ ဘယ်အော်ပရေတာပဲ ငှားငှား၊ ငှားခွင့် ပေးမယ်၊ ဝန်ကြီးဌာနက ဒါနဲ့ ရပ်တည်သွားမယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ဧရာဝတီသို့ ပြောပြသည်။

တယ်လီနော မြန်မာ ကုမ္ပဏီမှ တာဝါတိုင် တည်ဆောက်ရေး အတွက် Apollo ကုမ္ပဏီ၊ Ayarwaddy Green ကုမ္ပဏီတို့နှင့်အတူ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီ နှစ်ခုလက်အောက်တွင် ပြည်တွင်း ကုမ္ပဏီ ၁၂ ခုခန့် ပါဝင်ကြောင်း တယ်လီနော ကုမ္ပဏီ မြန်မာပြည် ကိုယ်စားလှယ်  Mr.Petter Furberg က ပြောသည်။

လက်ရှိတွင် ၂၀၁၄ မတ်လဆန်း အထိ မိုဘိုင်းဖုန်း သုံးစွဲမှု အရေအတွက်မှာ စုစုပေါင်း ၈ သန်းနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ် ရေး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

မေခ| ဧရာဝတီ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှုသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်း

Posted by drmyochit Wednesday, March 26, 2014, under | No comments



နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ မတ်လ  ၂၆ ရက်

ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

နာယကကြီးနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီလွှတ်တော်ကြီးထဲမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ပြုပြီးတဲ့နောက် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လျှောက်လှမ်းမယ့် မူဝါဒ သဘောထား လမ်းစဉ်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အခုလာမယ့် မတ်လ ၃ဝ ရက်နေ့ဆိုရင် တာဝန် ထမ်းဆောင်ခဲ့တာ သုံးနှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကို တိုင်းပြည်ရဲ့အကျိုးစီးပွား အတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး လက်ကမ်း ကြိုဆိုခဲ့ပါတယ်။ သုံးနှစ်ပြည့်မြောက်ချိန်မှာ ဒီသဘောထားကို ဘယ်လောက်အထိ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင် ခဲ့ပြီလဲဆိုတာ ပြန်လည်သုံးသပ်ရင် ကျေနပ် အားရဖွယ် ကောင်းတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို အတိုင်းအတာ တစ်ခု အထိ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာကို တွေ့ရှိနိုင်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာကနေ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အာဆီယံ၊ ဘင်းမ်စတက်နဲ့ အခြားဒေသ တွင်း အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ သုံးနှစ် ပြည့်မြောက် ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ဆီးဂိမ်းအိမ်ရှင်၊ အာဆီယံဥက္ကဋ္ဌ၊ ဘင်းမ်စတက် အိမ်ရှင်၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်အစရှိတဲ့ သမိုင်းဝင်မှတ်တိုင်တွေနဲ့ အတူ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဂုဏ်သိက္ခာရှိစွာဖြင့် ပေါင်းစည်းနေပြီဆိုတာ တွေ့မြင် နေကြရပြီ ဖြစ်ပါတယ်။

အလားတူပါပဲ မြန်မာပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တာကို မြင်လိုပါတယ် ဆိုတဲ့ နိုင်ငံများအနေနဲ့ အစိုးရအဖွဲ့ သစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လေးရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ကာလ သုံးနှစ်ပြည့်မြောက်ပြီဖြစ်တဲ့ ဒီအချိန် မှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန် ကောင်းနေပြီဆိုတာ အားလုံးပဲ အထင်အရှား တွေ့ မြင်နိုင်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာမှာ ပြည်ထောင်စုအစိုးရက တင်သွင်းမယ့် ဥပဒေပြုရေး အစီအစဉ်(၁ဝ)ရပ်ကို ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။ ဒီအစီအစဉ်တွေကတော့ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆီလျော်တဲ့အချက်တွေကို ပြန်လည်ပြင်ဆင်ခြင်း၊ (၂) နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေကို ဥပဒေနဲ့အညီ ဖော်ဆောင်ပေးနိုင်မယ့် ဥပဒေကြမ်းတွေ တင်သွင်းခြင်း၊ (၃) ဝန်ထမ်းများနဲ့ အငြိမ်းစား ဝန်ထမ်းလစာတွေကို အခြေအနေ အချိန်အခါအရ ပြင်ဆင်သတ်မှတ်ခြင်း၊ (၄) တောင်သူ လယ်သမားတွေရဲ့ လယ်ယာလုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေပြုစုနိုင်ဖို့ လေ့လာခြင်း၊ ခေတ်နဲ့အညီ ပြင်ဆင်နိုင်ဖို့ ပြန်လည် သုံးသပ်ခြင်း၊ (၅) အလုပ်သမားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနဲ့ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေကို ခေတ်နဲ့ အညီ ပြန်လည်သုံးသပ်ခြင်း၊ (၆) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးဥပဒေကို ခေတ်နဲ့အညီ ပြန်လည် ရေးဆွဲပြီး ဥပဒေကြမ်း တင်သွင်းခြင်း၊ (၇) ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးအတွက် ဥပဒေကြမ်းများ တင်သွင်းခြင်း၊ (၈) စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ခေတ်နဲ့ မလျော်ညီတဲ့ စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ခြင်း၊ (၉) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းခြင်း၊ စက်မှုလက်မှုလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ခြင်း၊ (၁ဝ) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ သဘာဝဘေးအန္တရာယ် ရေရှည် ကာကွယ်နိုင်ရေး တို့အတွက် လိုအပ်တဲ့ အစီအမံတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင် ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းလိုခြင်းတို့ပဲ ဖြစ်ပါတယ်။ သုံးနှစ် ပြည့်မြောက်ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ ဘယ်လောက် ဖော်ဆောင်နိုင်ခဲ့ပြီလဲ ဆိုတာ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေက သက်သေပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော်တို့ ဖော်ဆောင်သွားမယ့် ဈေးကွက် စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ ပြည်သူ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမယ် ဆိုတာ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ နည်းပညာ ကျွမ်းကျင်မှုတွေ ရရှိစေဖို့၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆွဲဆောင်ပြီး၊ အထူးစီးပွားရေးဇုန်တွေ ထူထောင်ကာ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များရဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ဈေးကွက်ယန္တရား ခိုင်မာ အားကောင်းခြင်း မရှိသေးသော်လည်း လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ ထူထောင်ခဲ့ပြီးတဲ့ နောက် စီးပွားရေး စနစ်အခြေခံတွေ ပြောင်းလဲသွားပြီ ဖြစ်သလို နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ဈေးကွက်နဲ့ ပုဂ္ဂလိကရဲ့ အခန်းကဏ္ဍဟာလည်း ပြန်လည်နိုးထလာပြီ ဖြစ်ပါတယ်။

အလားတူ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုး စီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင် ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာမှာ ပါဝင်သင့်သူ နိုင်ငံသားအားလုံး ပါဝင်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် (၄၉) ကြိမ် ပေးခဲ့ပြီး အကျဉ်းသား (၆၈ဝဝဝ) ကျော်ကို လွှတ်ပေးခဲ့ပါတယ်။ ဒီ့ပြင် အကြောင်း အမျိုးမျိုးနဲ့ ပြည်ပ နိုင်ငံများသို့ ရောက်ရှိပြီး ပြန်လာဖို့ခက်ခဲနေတဲ့ မိမိနိုင်ငံသားများ မိခင် နိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်ရေး အတွက်ကိုလည်း အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အကျိုးရလဒ် အနေနဲ့ အကျဉ်းကျခံရာမှ လွတ်မြောက်သူ ပုဂ္ဂိုလ်အချို့၊ နိုင်ငံအတွင်း ပြန်ဝင်လာတဲ့ နိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်တွေ ကိုယ်တိုင် နိုင်ငံ တည်ဆောက်ရေးတွေ မှာ ကောင်းမွန်စွာ ရှင်သန်နေတာကို တွေ့မြင်နေကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအပေါ် အပြု သဘော မမြင်နိုင်သေးတဲ့ နိုင်ငံအချို့ ကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် အနှစ်သာရ ရှိရှိ ကျင့်သုံးဖော်ဆောင်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်ဆိုတာ ပွင့်လင်းစွာ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဘယ်လိုအခြေအနေ၊ ဘယ်ခရီးအထိ ရောက်ရှိနေပြီ ဆိုတာကို ထုတ်ဖော်ပြောကြားစရာ မလိုအောင် မြင်တွေ့နေကြပြီ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ရန် ကမ်းလှမ်းလာမှုများ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတကာမှ ခေါင်းဆောင်များလည်း မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးများ မကြာခဏလာ ရောက်လျက် ရှိကြပါတယ်။ ယခင်က မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ထားရှိသော နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိခဲ့ရာမှ ယခုအချိန်တွင် ၁၁၅ နိုင်ငံ ထိ တိုးမြှင့် ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်တို့ပြုခဲ့တဲ့ ကတိကဝတ်တွေနဲ့ စပ်လျဉ်းပြီး ဒီကနေ့ ဒီအချိန်မှာ ဘယ်လောက် အတိုင်းအတာအထိ ပြည့်မြောက်ခဲ့ပြီလဲ ဆိုတဲ့ ပကတိ အခြေအနေမှန်အဖြစ် ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ခရီးက ပြသနေပြီဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြိုလဲခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံတွေ၊ ဒီမိုကရေစီ ကူးပြောင်း ပြီးသော်လည်း မတည်မငြိမ်မှုတွေ ကြုံတွေ့နေရတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး ကျွန်တော်တို့ နိုင်ငံအပေါ် အကဲဖြတ်ခဲ့ကြပါတယ်။ ဒီသမိုင်းမှတ်တမ်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာယကကြီးနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များ အားလုံးနဲ့ ရဟန်းရှင်လူ ပြည်သူအားလုံးတို့ကို နိုင်ငံတော်ရဲ့ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒီနေရာ ကနေ ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ်ဟာ ပြည်သူလူထုရဲ့ အဓိကဆန္ဒကြီး နှစ်ရပ်ဖြစ်တဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဖော်ဆောင်ဖို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုနဲ့ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်မှုတို့ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်တဲ့ အခါမှာ ဈေးကွက်စီးပွားရေးကို သွားနိုင်ဖို့ မက်ခရို စီးပွားရေး တည်ငြိမ်မှုအတွက် အခက်အခဲဖြစ်စေတဲ့ ကြွေးမြီဟောင်းတွေ၊ ပိတ်ဆို့မှု အဟန့်အတား တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ မြီရှင်နိုင်ငံတွေက လက်ခံနိုင်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ် ရေးဆွဲခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ရေးဆွဲခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုစီးပွား ပြုပြင် ပြောင်းလဲရေး မူဘောင် (Framework of  Economic Social Reform-FESR) ကို ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်ပအစိုးရ တွေကို ရှင်းလင်းနိုင်ဖို့ မြန်မာ့ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ မိမိနိုင်ငံဆိုင်ရာ ရှင်းလင်း တင်ပြချက်များ အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရအများစုကလည်း ထောက်ခံ အားပေးခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြု ထောက်ခံ ကြိုဆိုခဲ့ကြပြီး တတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ အတွက် ဒီကနေ့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်လျှောက်လှမ်းနိုင်တာ ဖြစ်ပါတယ်။ ဒီလို စာနာနားလည်မှုနဲ့ ထောက်ပံ့ ကူညီခဲ့ကြတဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

အရင်တုန်းက အမျိုးမျိုးဖြစ်နေတဲ့ ငွေလဲလှယ်မှုနှုန်းထားကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့ပြီး အတက်အကျ မများအောင်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဥပဒေသစ် ပြဋ္ဌာန်းပြီး ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလို မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံပြီး နော်ဝေ၊ ဂျပန်၊ ဂျာမနီနဲ့ ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံတွေက ကြွေးမြီ အမေရိကန်ဒေါ်လာ (၆၀၀၉) သန်းကို လျှော်ပစ်ပေးခဲ့ပါတယ်။ ဒီ့ပြင် ဥရောပသမဂ္ဂ အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ အားလုံးနီးပါး ဖယ်ရှားပေးခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုကလည်း ပိတ်ဆို့အရေးယူမှုတွေ ကို ဖြေလျှော့ပေးခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားနိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်အားဖြင့် ကုန်သွယ်မှု အထူး အခွင့်အရေး (Generalized System Preferences-GSP) တွေ ပြန်လည်ရရှိလာခဲ့ပြီး ဈေးကွက်ကြီးတွေ ပြန်လည်ပေါ်ပေါက်လာပါတယ်။ တစ်ပြိုင်တည်းမှာပဲ အထည်ချုပ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုး လာပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စီမံချက် ချမှတ်ဆောင်ရွက်ခဲ့တဲ့အတွက် ၂ဝ၁၁ ခုနှစ်က စတင်ပြီး ခရီးသွားဧည့်သည် အရေ အတွက် စံချိန်တင် မြင့်မားလာခဲ့တာ ၂ဝ၁၃ ခုနှစ်မှာ (၂) သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ ခရီးသွားလာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အသွားသင့်ဆုံး ကမ္ဘာ့နေရာတွေ ထဲက ထိပ်ဆုံးအဆင့်မှာ (၃) နှစ် ဆက်တိုက်ပါရှိခဲ့ပါတယ်။ လာမယ့်နှစ်မှာ ခရီးသွား (၃) သန်းကျော်နဲ့ ၂ဝ၁၅ ခုနှစ်မှာ (၅) သန်းအထိ ဝင်လာမယ် လို့လည်း မျှော်မှန်းထားပါတယ်။ ဒါ့ကြောင့် ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြား လိုက်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ပြင်ပကမ္ဘာကို တံခါးဖွင့် ဖိတ်ခေါ်ခြင်းနဲ့အတူ စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ် ခွင့်ပြုရာမှာလည်း အချိန်တိုတိုအတွင်း စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်နိုင်အောင်၊ အလုပ် အကိုင် အခွင့်အလမ်းတွေ အမြန်ဆုံး ရရှိနိုင်အောင် အစိုးရနဲ့ ပုဂ္ဂလိက ကျွမ်းကျင် သူတွေ ပူးပေါင်း ပါဝင်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလေးထား ဆောင်ရွက်ခဲ့ရာမှာ အချိန်ကြာကြာယူဖို့ မလိုအပ်တဲ့ လုပ်သားအရင်းပြု စက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ စံချိန်စံညွှန်းနဲ့ အရည်အသွေးများစွာ မြင့်မားတဲ့ ဂျပန်၊ တောင်ကိုရီးယား ဈေးကွက်တွေကို တင်ပို့ လာနိုင်တဲ့အတွက် လုပ်သားအရင်းပြု ကုန်ထုတ်လုပ်မှုအဆင့်ကနေ နည်းပညာအခြေပြု ကုန်ထုတ်လုပ်မှုကို စတင်ကူးပြောင်းလာပါတယ်။ ဒါ့ကြောင့် နိုင်ငံသား အထည်ချုပ် လုပ်ငန်းရှင်တွေ၊ အထည်ချုပ်လုပ်သားတွေကိုလည်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ အလုပ်ရှင်-အလုပ်သမားပြဿနာတွေကို ငြိမ်းချမ်းစွာ ညှိနှိုင်းတဲ့ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်းလမ်း အဆင့်ဆင့်ဖြင့် စီမံ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား နှစ်ဦးနှစ်ဖက် ရေရှည် အကျိုးရှိစေဖို့ အလုပ်ရှင်-အစိုးရ-အလုပ်သမား သုံးပွင့်ဆိုင် စိတ်ရှည်စွာနဲ့ ညှိနှိုင်းဖြေရှင်းဖို့ လိုအပ် ပါတယ်။ စီးပွားရေး အသွင်ကူးပြောင်းမှုနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ဒီကိစ္စတွေကို မဖြစ်မနေ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်များ အကျိုးစီးပွား ရရှိပြီး ရေရှည် လုပ်ဆောင်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများမှာဖြစ်သလို အလုပ်သမား အခွင့်အရေးများ ကိုလည်း အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားစေဖို့နဲ့ ထပ်မံဝင်လာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ကိုပါ ဆွဲဆောင်နိုင်ဖို့အတွက် ရေရှည်အကျိုး မျှော်မှန်းဆောင်ရွက်ရမယ်ဆိုတာ ကျွန်တော် တို့ နားလည်ကြဖို့ လိုပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်များ ရေရှည်အကျိုးအတွက် ပြဋ္ဌာန်းရန် ကျန်ရှိနေသေးတဲ့ ဥပဒေများ ပြဋ္ဌာန်းရေး အတွက်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရနဲ့ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့အတွက် အခွင့်အလမ်းနဲ့ ဆွဲဆောင်မှုရှိစေမယ့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ် စောင့်ရှောက်နိုင်မယ့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ်အောင်လည်း အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို လေ့လာကြည့်ရင် ပထမဆုံး လေ့လာရေးအဖြစ် လာရောက်ကြပါတယ်။ ဒုတိယအနေနဲ့ ဖြစ်နိုင်ခြေ နယ်ပယ်တွေ သုတေသန ပြုကြပါတယ်။ တတိယအဆင့်ရောက်မှ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ စတင်ပြုလုပ်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှာ ပြည်တွင်းစီးပွားရေး အခင်း အကျင်းတွေ ပြောင်းလဲလာအောင် စဉ်တိုက်ဆက်တိုက် အလေးပေး ဆောင်ရွက် ခဲ့ရပါတယ်။ ပိတ်ဆို့ အရေးယူ မှုတွေ ဖြေလျှော့ပေးလာခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက် စူးစမ်းလေ့လာကြတာတွေ အမြောက်အမြား လာရောက်ခဲ့ကြပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ပြီး ဝင်ရောက်လာခဲ့ပါပြီ။ အရင်တုန်းက ပိတ်ဆို့မှု တွေကြောင့် သယံဇာတ ထုတ်ယူရေး နယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ အများစုတည်ရှိခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံဟာ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှု အချိုးအစား ပြောင်းလဲလာခဲ့ပါပြီ။ ၂ဝ၁၂ ခုနှစ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ ဝင်ရောက် ခဲ့ပြီးတော့ ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၃.၅) ဘီလီယံအထိ တိုးတက် ဝင်ရောက်လာပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ကုန်ထုတ်လုပ်မှု၊ ဟိုတယ် လုပ်ငန်းတွေမှာ အလုံးအရင်းနဲ့ လာရောက် ရင်းနှီး မြှုပ်နှံလာခဲ့ပြီးတော့ ဒီနှစ်ဆိုရင် တယ်လီကွန်းကဏ္ဍ၊ လေဆိပ် စီမံကိန်း တွေနဲ့ အထူးစီးပွား ရေးဇုန်တွေ၊ အထည်ချုပ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြီး စီးဝင်လာဖို့ ရှိလာပြီ ဖြစ်ပါတယ်။

သယံဇာတ ထုတ်ယူရေးနယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့တဲ့ အနေအထားကနေ ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနေတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အနေအထား ပြောင်းလဲသွားစေခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတာတွေနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု စီးပွားရေးအပေါ် သက်ရောက်နိုင်တာတွေ အတွက်လည်း တာဝန်သိ၊ တာဝန်ခံတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်လာစေဖို့ ဆောင်ရွက်သွားမယ့် ကျွန်တော်တို့အစိုးရရဲ့ ကတိကဝတ်ကို EITI (Extractive Industries Transparency Initiative) အဖွဲ့ဝင် နိုင်ငံဖြစ်လာအောင် ကြိုးပမ်းမှုဖြင့် သက်သေပြလျက် ရှိပါတယ်။

ဘဏ်လုပ်ငန်းတွေ၊ အခွန်အကောက်စနစ်တွေ၊ အနိမ့်ဆုံးလုပ်ခ သတ်မှတ်မယ့် အခြေအနေတွေ၊ အခြေခံအဆောက်အအုံတွေ အစရှိတဲ့ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖြစ်ဖို့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ရတာရှိသလို ပြည်သူ လူထု အလွယ်တကူ မမြင်နိုင်တဲ့ Soft Infrastructure တွေ တည်ဆောက်ရတာမျိုးတွေ ကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင် ခဲ့ရတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးနှေးကွေးနေတဲ့အချိန်မှာ ထွန်းသစ်စ ဈေးကွက်တစ်ခု အနေနဲ့ ရင်းနှီး မြှုပ်နှံမှု နယ်ပယ်ကောင်းတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင်၊ စိတ်ကူးစိတ်သန်း သာရှိပြီး ငွေကြေး အရင်းအနှီးမရှိလို့ အခက်အခဲ ဖြစ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေ အစွမ်းရှိသမျှ လုပ်နိုင်ကိုင်နိုင်အောင် စီမံကိန်းအရင်းအနှီး ဖြည့်ဆည်းပေးရေး အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားရှိပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ပို့ကုန်မဟာဗျူဟာရဲ့ အချက်အခြာဖြစ်တဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ လယ်သမား အခြေပြုလူမှု အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ နားလည်မှုရှိရှိ ပူးပေါင်းပြီး မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ Farmer Center တွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ လယ်သမားတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝ တိုးမြှင့်ဖို့ အစီအစဉ်များ ပါရှိပါတယ်။

လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့လည်း ဒီလွှတ်တော်ကြီးက တိုက်တွန်းတဲ့အတိုင်း ဒုတိယသမ္မတတစ်ဦး ဦးဆောင်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို လွှတ်တော်သို့ ပေးပို့တင်ပြလျက်ရှိပါတယ်။ ယခင်အစိုးရခေတ် ကာလများမှာ အခြေအနေ၊ အချိန်အခါအရ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေ ဖြစ်ပေမယ့်လည်း ခေတ်ပြောင်း စနစ်ပြောင်း အခြေအနေတွေ ပြောင်းလဲခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ လက်ထက်မှာ တရားမျှတမှုအတွက် အသင့်လျော်ဆုံး နည်းလမ်းတွေကို ရှာဖွေ ဖြေရှင်း ပေးလျက်ရှိပါတယ်။ ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်မှုတွေ၊ ကိုယ်ကျိုး စီးပွား ပုံဖော်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြတာတွေကိုလည်း အားလုံး တွေ့မြင် နေရပါတယ်။ ကျွန်တော်တို့မှာ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်။ သိမ်းဆည်း လယ်ယာမြေတွေကို မူလသိမ်းဆည်းခံ ပြည်သူတွေဆီကို ပြန်လည် လွှဲပြောင်း ပေးရာမှာ ပိုင်ဆိုင်မှု ခိုင်မာစေဖို့အတွက် တည်ဆဲဥပဒေများနဲ့အညီ  အချိန်ယူ ဆောင်ရွက် ပေးရပါတယ်။ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့  မြို့နယ် အလိုက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးတွေ ဖွင့်လှစ်ပြီး ဖြေရှင်းပေးနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တရားမျှတမှု အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း အလျဉ်းသင့်တုန်း တိုက်တွန်းပြောကြား လိုပါတယ်။

ပြည်သူများရဲ့ နောက်ထပ်လိုအင်ဆန္ဒ တစ်ရပ်ကတော့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့  ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် ပြည်ထောင်စုအဆင့်မှာ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီတွေရဲ့အောက်မှာ Myanmar Peace Center ကို ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေ၊ အကြိုဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး အသိပညာပေးမှုတွေ ဖြစ်ပေါ်လာအောင် နည်းပညာနဲ့ အတွေ့ အကြုံကောင်းတွေကို မျှဝေဖော်ဆောင်ပေးလျက် ရှိပါတယ်။ မကြာခင်အချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးကြဖို့အထိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေအကြား သဘော တူညီချက်တွေ ရရှိထားပြီ ဖြစ်ပါတယ်။ နယ်မြေဒေသ မငြိမ်းချမ်းမှုရဲ့ အကျိုးဆက် အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊ ဘိန်းစိုက်ပျိုးမှုတွေ၊ လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေဆဲပဲဖြစ်ပါတယ်။ လူငယ်အချို့ အနာဂတ်ပျောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူနိုင်မယ့် အကောင်းဆုံးအချိန်ကို ကျွန်တော်တို့ ရောက်ရှိ နေပါပြီ။ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အေးချမ်းတည်ငြိမ်ပြီး မျှော်လင့်ချက် ပြည့်ဝတဲ့ လူနေမှုဝန်းကျင်သစ်ကို ပူးပေါင်းဖော်ဆောင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။

ငြိမ်းချမ်းသွားတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘိန်းအစားထိုး ဝင်ငွေရရှိမယ့် လုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပြီး စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ ပေါ်ထွန်းလာအောင်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဆက်လက် ပြီးတော့လည်း ဒီဒေသတွေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ စီးပွားရေး အခြေခံတွေရရှိစေဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရ မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာတာနဲ့ အမျှ သက်ဆိုင်တဲ့ တိုင်းရင်းသား တွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက် မဲ့သွားနိုင်တာကို ကျွန်တော်တို့ အထူးဂရုပြုကြဖို့ လိုပါတယ်။ နှစ်ပေါင်း (၆ဝ) ကျော်ကြာခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံတွေကို မကြာမီကာလမှာ နိဂုံးချုပ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ကျွန်တော်တို့အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲမှုကို လက်တွေ့ကျကျ ကြိုးပမ်းဖော်ဆောင်နိုင် ဖို့ ကြိုးစားနေပါတယ်။ ဒီနေရာမှာ မရှိမဖြစ် အဓိက လိုအပ်လျက်ရှိတဲ့ အမျိုးသား ပညာရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး အတွက် စေတနာ ထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးသော ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဝင်များ၊  ပညာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊ ပညာရေးနယ်ပယ်ရှိ ကျွမ်းကျင် ပညာရှင်များနဲ့ ပါဝင်ကူညီကြတဲ့ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဒီကနေ့ အစပြုဖော်ဆောင်နေတဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို လွှဲပြောင်းတာဝန် ထမ်းဆောင်မယ့် လူငယ်တွေအနေနဲ့ ဗလငါးတန်ပြည့်စုံစွာနဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာရေးဟာ အလွန်ပဲအရေးကြီးပါတယ်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ယုံယုံကြည်ကြည် လွှဲအပ်နိုင်တဲ့ ဘက်စုံထူးချွန်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြရမှာ  ဖြစ်ပါတယ်။

မကြာမီက ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေဟာ ဆုတံဆိပ်ပေါင်း (၂၃၃) ခု ရယူ ပေးခဲ့ ပါတယ်။ အလားတူ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာလည်း ဆုတံဆိပ် (၉၆) ခု ရယူပေးခဲ့ပါတယ်။ ဒီလူငယ်တွေ လျှောက်သင့်တဲ့ ချောမွေ့တဲ့ လမ်းကြောင်းအမှန်ကို ကျွန်တော်တို့ ခင်းပေးကြရ ပါမယ်။ ကျောင်းသားတွေရဲ့ အရေးအရာကိစ္စတွေကို ကျောင်းသားတွေ ကိုယ်တိုင် မြှင့်တင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ စီမံလေ့ကျင့် ပေးကြရပါမယ်။

ကျွန်တော်တို့ ကျောင်းသားလူငယ်တွေဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမှာ ဖြစ်ပါတယ်။ အာဆီယံလူငယ်တွေနဲ့ ကူးလူးဆက်သွယ် နှီးနှောဖလှယ်ပြီး အာဆီယံ လူငယ် ဖိုရမ်တွေကို ဦးဆောင်ကြရမှာ ဖြစ်ပါတယ်။ Youth Center ကိုလည်း ရန်ကုန်မှာ ဖွဲ့စည်း တည်ထောင်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ကျွန်တော်တို့ ဒီကနေ့ ဖော်ဆောင်နေတဲ့ ပြည်သူလူထုဗဟိုပြု စီမံခန့်ခွဲမှုတွေဟာ ဒီကနေ့ဆိုရင် အသီးအပွင့်တွေ စတင် ခံစားနေကြရပါပြီ။ ဒီလွှတ်တော်ကြီးမှာ ဆွေးနွေး ညှိနှိုင်း ခွင့်ပြုပေးခဲ့လို့ နှစ်စဉ် (၂) ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်တွေဟာ ဒီကနေ့ ဒီအချိန်မှာ ပြည်သူတွေအကြားကို ပျံ့နှံ့သွားခဲ့ပြီး ထိထိရောက်ရောက် အကျိုးပြု နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသတွေကို အလေးထားပြီး စောင့်ရှောက်မှု မြှင့်တင်သွားကြဖို့ ဖြစ်ပါတယ်။ ဒီအတွက် ဝေးလံတဲ့ ကျေးလက်ဒေသများနဲ့ မြို့ပြဆင်ခြေဖုံးဒေသများကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေဖို့ ရည်ရွယ်ပြီး အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေရှိတဲ့ နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ အရပ်သား ပညာရှင်များဖြင့် ပါဝင် ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းကိုလည်း ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်း တာဝန်ပေးဆောင်ရွက်လျက် ရှိပါတယ်။

ပြည်သူလူထုဗဟိုပြု ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကို အမှန်တကယ် စေတနာပါပါနဲ့ ဆောင်ရွက်တဲ့အခါမှာ ထိရောက်အောင်မြင်တာ တွေ့ရှိရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာကို တိုင်းတာတဲ့ တစ်မျိုးသားလုံး ဂျီဒီပီ တိုးတက်မှု နှုန်းထားကို ပြန်ကြည့်ရင် (၅) ရာခိုင်နှုန်းအောက်မကျဘဲ ထပ်ဆင့်တိုးတက်နေအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတဲ့ ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်တင်တဲ့ အနေနဲ့ ဒုတိယဝန်ကြီးတွေကို ဆပ်ကော်မတီ (၂၇) ခု ဖွဲ့စည်းပေးပြီး လပေါင်း (၃ဝ) ရည်မှန်းချက်တွေအတွက် တာဝန်တွေ တိတိကျကျ ပေးအပ်ထားပြီး အောက်ခြေ ပြည်သူတွေကြားအထိ ဆင်းပြီး ဆောင်ရွက်စေလျက် ရှိပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာလည်း ဗဟိုကနေ စီမံကိန်းရေးဆွဲပြီး လျာထားတဲ့ စနစ်အစား ပြည်သူလူထုဗဟိုပြု ဘတ်ဂျက်ရေးဆွဲတဲ့စနစ် ဖြစ်လာအောင် ဒီကနေ့ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ပါပြီ။ မြို့နယ်အလိုက် ဖွဲ့စည်းထားပြီးဖြစ်တဲ့ အထောက်အကူပြု ကော်မတီတွေ၊ မြို့မိမြို့ဖတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြို့နယ်အတွက် လိုအပ်ချက်တွေကို ဦးစားပေးအလိုက် ခွဲခြား သတ်မှတ်ပြီး ဆောင်ရွက်တဲ့ ဘတ်ဂျက်ရေးဆွဲမှုစနစ်သစ်ကို စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့ မြို့နယ်စီမံကိန်းတွေကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ် ဆောင် ရွက်နိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ပြီးခဲ့တဲ့ သုံးနှစ်တာကာလမှာ ကျွန်တော်တို့နိုင်ငံကို လုပ်နိုင်ပါ့မလား၊ နောက်ကြောင်း ပြန်လှည့်မှာလားဆိုတဲ့ သံသယ မျက်လုံးတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက စောင့်ကြည့်ခဲ့ကြပါတယ်။ သုံးနှစ်တာခရီးမှာ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ၊ အကျပ်အတည်းတွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းပေါ်က ချော်ထွက် မသွားခဲ့ပါဘူး။ လမ်းကြောင်းမှန်ပေါ်မှာ ရှေ့သို့ ခရီး ပေါက်အောင် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် လမ်းကြောင်း သွေဖည်သွားလိုက်တာနဲ့ ပန်းတိုင်နဲ့ အလှမ်း ဝေးကွာခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးတွေ့ရှိနိုင်ပါတယ်။ နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့သို့ ဆက်လျှောက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ ကြိုးပမ်းအားထုတ် လျှောက်လှမ်းခဲ့တဲ့ ရလဒ်ကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ဒီကနေ့ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအားလုံး ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ကောင်းတဲ့ အခြေအနေသစ်တစ်ရပ်ကို ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းဖန်တီးနိုင်ခဲ့ပါပြီ။ အမြင် မတူမှုတွေ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ကြီးမားတဲ့ မတူကွဲပြားမှုတွေကို နိုင်ငံရေး ကျင့်စဉ်ကောင်းတွေကို အရင်းတည်ပြီးတော့ ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးညှိနှိုင်း ပုံဖော်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်ကို ကျွန်တော်တို့ စတင်နိုင်ခဲ့ပါပြီ။ နိုင်ငံ့သမိုင်းစဉ် တစ်လျှောက် ပဋိပက္ခများအကြား သံသရာလည်ခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှုဟောင်း ကို ဒီယဉ်ကျေးမှု အသစ်နဲ့ အစားထိုး နေရာယူနိုင်အောင် ကျွန်တော်တို့တစ်တွေ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လက်တွေ့ကျင့်သုံးခဲ့တဲ့ အတိတ်က ပါလီမန်အုပ်ချုပ်ရေး စနစ်မျိုးကို ပြန်လည် အသက်သွင်းဖို့ဆိုတာ လိုက်လျော ညီထွေ မဖြစ်နိုင်တော့ပါဘူး။ အတိတ် သမိုင်းမှာ ဂိုဏ်းဂဏအစွဲတွေ၊ အယူဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်ရတဲ့ ပဋိပက္ခတွေကြောင့် ရှည်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး နိုင်ငံမတိုးတက်ခဲ့ရတာကို ကျွန်တော်တို့ သင်ခန်းစာ ယူကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ရှင်းလင်း ပြတ်သားစွာနဲ့ လက်တွေ့ကျတဲ့ အဖြေတွေ ရရှိလာအောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး ကာလဆိုတဲ့ သဘောသဘာဝကို နားလည်ထား မယ်ဆိုရင် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစံနှုန်းတွေ ရရှိဖို့ဆိုတာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းမှ ရနိုင်မှာ ဖြစ်တာကို သဘောပေါက်နိုင်ပါတယ်။  

၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ (၂) နှစ်တာကာလမှာ ကျွန်တော်တို့ လုပ်နိုင်ရင် လုပ်နိုင် သလောက်၊ ကျွန်တော်တို့ ညီညွတ်ရင် ညီညွတ်သလောက် ပြည်သူတွေ အကျိုး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို ရွေးချယ်ရတာဖြစ်သလို ဖြစ်နိုင်ခြေတွေကို လက်တွေ့လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။

ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့ နိုင်ငံရေး အရွေ့ကို ရှုမြင်နေကြရခြင်းပဲ ဖြစ်တယ်။ သို့သော်လည်း ဒီမိုကရေစီ ကျင့်စဉ် ရင့်သန် လာတာနဲ့အမျှ ဒီမိုကရေစီစံနှုန်းနဲ့ တန်ဖိုးများ ပြည့်မီလာစေဖို့အတွက် ရှိပြီး အခြေခံ ဥပဒေ ကို ညှိနှိုင်း ပြင်ဆင်ရေးဆွဲကြရမယ်ဆိုတာကို လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဖို့ ဆောင်ရွက်ကြရာမှာ ပါဝင်သူ များရဲ့ အမျှော်အမြင်ကြီးမားမှု၊ အတွေ့အကြုံ အသိပညာ ကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့ကို အသုံးပြုကာ သိမ်မွေ့ ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သို့မှသာ နိုင်ငံရေး အကျပ်အတည်း တစ်ခုကို ဦးတည်မသွားစေဘဲ မှန်ကန်သော ရွေးချယ်နိုင်မှုနဲ့ အမွေခံ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေအတွက် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ခိုင်မြဲပြီး ကိုယ့်စွမ်းအားနဲ့ ရပ်တည်နိုင်ဖို့ ကိစ္စဟာ အထူးပဲအရေးကြီးကြောင်း လတ်တလောဖြစ်စဉ်တွေ၊ သမိုင်း ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်လေ့လာ သိရှိနိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်း ခိုင်မာဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ကို တဖြည်းဖြည်းချင်း လျှော့ချဖို့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက် ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ခွဲဝေအပ်နှင်းထားတဲ့ ဥပဒေပြု စာရင်းတွေကို မဖြစ်မနေ ပြင်ဆင်ရွှေ့ပြောင်း ပေးရမှာ ဖြစ်သလို တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေ တိုးမြင့် ရရှိလာ အောင်လည်း စီမံပေးကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာလေ့လာပြီး ရှုထောင့်စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း (၁၂) မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှုဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒီ့ပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှုတွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင်မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း စဉ်းစားကြဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဥပဒေပြု လွှတ်တော်များ၊ တရားစီရင်ရေး မဏ္ဍိုင်တို့နဲ့ ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းရေး နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက် အဆင့်ဆင့် ထားရှိ အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အောင်မြင် ခဲ့တာတွေရှိသလို၊ မအောင်မြင်ခဲ့တာတွေလည်း ရှိပါတယ်။ လုပ်နိုင်တာတွေ ရှိသလို မလုပ်နိုင်တာတွေကို တွေ့ကြုံခဲ့ကြရပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ဆောင်ရာမှာ ပြီးခဲ့တဲ့ အားသာချက် အားနည်းချက်များ အပေါ် သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်များရရှိအောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ -

နိုင်ငံတကာက အာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံဆိုပြီး ခေါ်ဆိုခဲ့ရာကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့နိုင်ငံ အဖြစ် ပြောင်းလဲလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပိုမို တိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ သမိုင်းဆိုတာ ရေးပြီးရင် ပြင်လို့မရသလို အတုယူဖွယ် သို့မဟုတ် ဆင်ခြင် သုံးသပ်ဖွယ် မှတ်တမ်းအဖြစ် ကျန်နေမှာကို သတိပြုရမှာ ဖြစ်ပါတယ်။ သမိုင်းကို လေ့လာပြီး ဒီမိုကရေစီ ထွန်းကားဖို့နဲ့ နိုင်ငံကြီးပွား တိုးတက်ဖို့ အတွက် ဆင်ခြင် တုံတရားနဲ့ အမြော်အမြင်ကို လက်ကိုင်ပြုလျက် တာဝန်ထမ်းဆောင် ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံ့ရဲ့သမိုင်းစဉ်မှာ အကောင်းဆုံးနဲ့ အရေးကြီးဆုံး အချိန်အခါကို ရောက်ရှိ နေပြီဖြစ်တဲ့အတွက်  ဒါကို ကျွန်တော်တို့ တန်ဖိုးထားကြရပါမယ်။ ကျွန်တော်တို့ စည်းလုံး ညီညွတ်စွာနဲ့ နိုင်ငံတော်ကို တည်ဆောက်ကြရမယ့် အချိန်အခါကောင်းပဲ ဖြစ်ပါတယ်။ အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်ကြီးသုံးရပ်တို့အနေနဲ့ ဆောင်ရွက်ခဲ့မှုများအပေါ် ပကတိ အတိုင်း ပြန်လည် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူကြရပါမယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်တဲ့  ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကိုလည်း ညီညွတ်မှန်ကန်စေဖို့ သတိပြု ကြရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး ဒီမိုကရေစီ ရှင်သန်ခိုင်မာ စေလျက် အပြန်အလှန် ထိန်းညှိနိုင်တဲ့အခြေအနေ ရောက်ရှိအောင် ဖော်ဆောင်ကြရပါမယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မပျက်စီးစေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။

ဒီလွှတ်တော်ကြီးထဲမှာ ကိုယ်စားလှယ်တွေ ငါးနှစ်တစ်ကြိမ် ပြောင်းလဲသွားမှာ ဖြစ်သလို ကျွန်တော်တို့ အစိုးရဟာလည်း ငါးနှစ်တစ်ကြိမ် တာဝန်ကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်ကြီးက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကတော့ ကျန်ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်စဉ် တိုင်းကျိုးပြည်ပြု ဘယ်လောက် စွမ်းဆောင် နိုင်ခဲ့တယ်ဆိုတာ သမိုင်းတင်ခဲ့မှာ ဖြစ်ပါတယ်။ ညင်သာချောမွေ့တဲ့ ဒီမိုကရေစီ အပြောင်း အလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ဖော်ဆောင်ခဲ့ကြတယ်ဆိုတဲ့ လှပတဲ့သမိုင်းကို ရေးထိုး နိုင်ဖို့ ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

From: နိုင်ငံတော်သမ္မတရုံး

Tuesday, March 25, 2014

MH370 လေယာဉ် ပျက်ကျကြောင်း ကြေညာပြီးနောက်ဝယ်

Posted by drmyochit Tuesday, March 25, 2014, under | No comments

MH370 ခရီးသည်တင် လေယာဉ်သည် သမုဒ္ဒရာထဲတွင် ပျက်ကျသွားပြီဟု တနင်္လာနေ့က မလေးရှား ဝန်ကြီးချုပ် ဒါတက်ခ် ဆီရီ နာဂျစ်ဘ် ရာဇက်ခ်က ကြေညာလိုက်ပြီးနောက် သီတင်းနှစ်ပတ်ကျော်ကြာ အောင့်အီးမျှော်လင့်ထားရမှုများ အားလုံးသည် ရေစုန်မျော ပျက်ပြယ်သွားပြီ ဖြစ်သည်


မလေးရှားနိုင်ငံထုတ် သတင်းစာ အများစုက မျက်နှာဖုံးပုံများကို အနက်ရောင်ဖြင့် ထုတ်ဝေလိုက်ကြသည်။ ဘေဂျင်းရှိ မလေးရှား သံရုံးရှေ့တွင် ငိုကြွေးသံ၊ ဒေါသတကြီး အော်ဟစ်ရန်တွေ့သံများ ဆူညံနေသည်။ MH370 ခရီးသည်တင် လေယာဉ်သည် သမုဒ္ဒရာထဲတွင် ပျက်ကျသွားပြီဟု တနင်္လာနေ့က မလေးရှား ဝန်ကြီးချုပ် ဒါတက်ခ် ဆီရီ နာဂျစ်ဘ် ရာဇက်ခ်က ကြေညာလိုက်ပြီးနောက် သီတင်းနှစ်ပတ်ကျော်ကြာ အောင့်အီးမျှော်လင့်ထားရမှုများ အားလုံးသည် ရေစုန်မျော ပျက်ပြယ်သွားပြီ ဖြစ်သည်။

ဝန်ကြီးချုပ်က “လေယာဉ်ပျောက်ဆုံးမှုတွေမှာ ဘယ်တုန်းကမှ အသုံးမပြုဖူးတဲ့ နည်းစနစ်တွေကိုတောင် အသုံးပြုပြီး ရှာဖွေခဲ့ကြပါတယ်။ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ပုံရိပ်တွေအရ MH370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာအလယ်၊ ပါ့သ်မြို့ရဲ့ အနောက်ဘက်မှာ နောက်ဆုံး တွေ့လိုက်ရပါတယ်။ ဒါကြောင့် စိတ်မကောင်းခြင်း ကြီးစွာနဲ့ပဲ ကျွန်တော် ပြောချင်တာကတော့ တွေ့ရှိချက် အသစ်တွေအရ MH370ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာပဲ အဆုံးသတ်သွားခဲ့ပါပြီ”ဟု ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက် အပြီးမှာပင် ပျောက်ဆုံးနေသည့် လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးမိသားစုများက အပြင်းအထန် ဒေါသတကြီး ဝေဖန်ခဲ့ကြသည်။ တရုတ်နိုင်ငံသား ထက်ဝက်မျှ လိုက်ပါသွားသည့် လေယာဉ်ကို ရှာဖွေခဲ့သည့် ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းများကို ထုတ်ပေးရန် တရုတ်အစိုးရကလည်း မလေးရှားထံ ချက်ချင်း တောင်းဆိုခဲ့သည်။


နာဂျစ်ဘ်က “ပြီးခဲ့တဲ့ သီတင်းပတ်တွေကတော့ အသည်းကွဲကျေ နာကျင်စရာပါပဲ။ ခုဖြစ်ရပ်ကို လက်ခံဖို့ ခက်ခဲနေဦးမှာပါ။ မီဒီယာတွေ အနေနဲ့ နစ်နာထိခိုက်ရသူ အားလုံးရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လေးစားမှု ထားကြဖို့ မျှော်လင့်ပါတယ်။ လက်ရှိ ခက်ခဲပင်ပန်းလွန်းတဲ့ အခြေအနေမှာ မိသားစုတွေအတွက် နေရာပေး စာနာကြပါလို့ တိုက်တွန်း လိုပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ မလေးရှား အစိုးရ၏ ကြေညာချက်ကြောင့် MH370ပေါ် လိုက်ပါသွားသူများ ဆက်လက် အသက်ရှင်နိုင်သေးကြောင်း မျှော်လင့်ချက်အားလုံး အဆုံးသတ်သွားသည့် သဘောဖြစ်သည်။ လေယာဉ်ကို ရှာဖွေနေဆဲဖြစ်သည့် လုပ်ငန်းများသည် ရာသီဥတု အခြေအနေကြောင့် ကြန့်ကြာနေသလို ရက်ပိုင်းအတွင်း တစ်စထက်တစ်စ ရုပ်သိမ်းသွားဖွယ်လည်း ရှိနေသည်။

ဘေဂျင်းတွင် မလေးရှားသံရုံးရှေ့၌ ရဲများက ပိတ်ဆို့ထားပြီး ဆန္ဒပြသူများကို တားဆီးနေရသည်။ ပူဆွေးဝမ်းနည်းစွာ ငိုကြွေးနေသော ဆန္ဒပြသူများက “မလေးရှားအစိုးရဟာ လူသတ်သမားတွေ”ဟု ဒေါသတကြီး အော်ဟစ်နေကြသည်။ လေယာဉ် ပျက်ကျသည် ဆိုသော်လည်း မည်သည့် အစိတ်အပိုင်း အထောက်အထားမျှ မတွေ့ရသလို ရုပ်အလောင်း တစ်ခုမျှလည်း ပြန်မရဘဲ လက်လွတ်စပယ် အဆုံးသတ်လိုက်ခြင်းကို မိမိတို့ လက်မခံနိုင်ကြောင်း ဆန္ဒပြသူများက ကြွေးကြော်ကြသည်။ ဩစတြေးလျ ဒုတိယ စစ်ဦးစီး မာ့ခ်ဘင်စကင်ကလည်း လေယာဉ်ကို ဆက်လက်ရှာဖွေရန်မှာ အလွန်ခက်ခဲသွားပြီဟု ဝန်ခံခဲ့သည်။


“ကျွန်တော်တို့ဟာ ကောက်ရိုးပုံထဲက အပ်ကို လိုက်ရှာနေတာ မဟုတ်ဘူး။ ကောက်ရိုးပုံကိုတောင် ခုထိ ရှာမတွေ့သေးတဲ့ သဘောပါပဲ”ဟု ၎င်းက ဆိုသည်။ Boeing 777 လေယာဉ်သည် မတ်လ(၇)ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းရင်း တောင်တရုတ်ပင်လယ် ရေပြင်ထက်တွင် အဆက်အသွယ် ပြတ်သွားကာ ထိုမှတစ်ဆင့် ထူးထူးဆန်းဆန်း လမ်းကြောင်းလွဲချော် ပျံသန်းသွားခြင်းဟု ယုံကြည်ရသည်။ MH370 ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် အကြောင်းရင်းတို့ကို လုံးဝ မခန့်မှန်းနိုင်သေးချေ။ ဘေဂျင်းရှိ မလေးရှား သံရုံးရှေ့တွင်မူ သောကဗျာပါဒမီး တောက်လောင်နေသည့် လူပေါင်း(၂၀၀)ကျော်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိရမည် ဖြစ်သည်။ “ငါတို့ အမျိုးတွေကို ပြန်ခေါ်ပေး”၊ “မလေးရှား အစိုးရဆိုတာ လူသတ်သမားတွေပဲ”ဟု လူအများက အော်ဟစ်နေချိန်တွင် အသက်(၆၈)နှစ်ရှိ အဖွားအို ဝမ်ဝန်ချန်းကမူ “ငါ့သား၊ ငါ့သားကို ပြန်ပေးပါ”ဟု ရေရွတ်ရင်း ငိုကြွေးလျှက်ရှိသည်။ တရုတ်အစိုးရသည် သာမန်အားဖြင့် ဆန္ဒပြမှုများကို ဖိနှိပ်လေ့ ရှိသော်လည်း ပြည်ပရေးရာနှင့် ဆက်စပ်ပြီး တရုတ်ပြည်သူများ ထိခိုက်ခံစားရသည့် အခြေအနေများတွင် ခြွင်းချက်ထား ဆန္ဒပြခွင့် ပေးထားသည်။


မလေးရှားထုတ် New Straits Times သတင်းစာသည် မျက်နှာဖုံး တစ်ခုလုံးကို အနက်ရောင် ခြယ်လိုက်ပြီး လေယာဉ်၏ ကောက်ကြောင်းပုံရိပ်ကို အဖြူရောင်ဖြင့် ပုံနှိပ်ကာ ထုတ်ဝေရောင်းချခဲ့သည်။ ကြေကွဲဝမ်းနည်းမှုကို ပြသသော အဆိုပါ မျက်နှာဖုံးတွင် “Good Night MH370”ဆိုသော စာသားကိုလည်း ရေးသားထားသည်။ ယင်းသည် လေယာဉ်မှ နောက်ဆုံး ပြန်ကြားချက် ရရှိခဲ့သည့် “Good Night, All Right”ဆိုသည့် နှုတ်ဆက်စကားအား ရည်စူးထားခြင်း ဖြစ်သည်။ The Star သတင်းစာက MH370 R.I.Pဆိုသော ခေါင်းစဉ်ဖြင့် လေယာဉ်ပေါ် ပါသွားသူများကို စုစည်းဖော်ပြခဲ့သည်။ တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသည့် မလေးရှားသတင်းစာ အားလုံးလိုလိုသည်လည်း မျက်နှာဖုံးကို ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင်များ ပြောင်းလဲခဲ့ကြသည်။

Social Mediaများတွင် မလေးရှားနိုင်ငံသား မြောက်မြားစွာတို့သည် ၎င်းတို့၏ Profile ဓာတ်ပုံများကို အနက်ရောင်အဖြစ် ပြောင်းလဲခဲ့ကြပြန်သည်။ မလေးရှား၏ သယ်ယူပို့ဆောင်ရေးဌာန ယာယီဝန်ကြီး ဒါတက်ခ်ဆာရီ ဟစ်ရှာမူဒင်က နိုင်ငံအတွင်းမှ ကိုးကွယ်မှု မတူညီသည့် ဘာသာဝင် ပေါင်းစုံတို့ အနေဖြင့် မိမိတို့ တတ်နိုင်သည့်အလျှောက် တောင်းဆုပြုပေးကြပါရန် Twitterမှတစ်ဆင့် ပန်ကြားခဲ့သေးသည်။ ပင်လယ်သမုဒ္ဒရာထဲတွင်မူ လေယာဉ်များသည် ပျံသန်းရင်း၊ သင်္ဘောများသည် ခုတ်မောင်းရင်း MH370၏ အစအနဟု ယူဆရသည့် အရာတိုင်းကို လိုက်လံရှာဖွေ ဆန်းစစ်နေဆဲ ဖြစ်သည်။

တနင်္လာနေ့တွင် ဆိုးရွားကြမ်းတမ်းလှသည့် ရာသီဥတုကြောင့် ရှာဖွေရေး လုပ်ငန်းစဉ် အချို့ကို ရပ်ဆိုင်းထားသော်လည်း ရာသီဥတု အတန်ငယ် တည်ငြိမ်သည်နှင့် အပြောကျယ်လှသည့် ကမ်းမမြင် လမ်းမမြင် ရေပြင်ကြီးထဲတွင် ရှာဖွေရေး လုပ်ငန်းစဉ်ကို တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ကယ်ဆယ်ရေး လုပ်သားများက နိုးကြားနေဆဲ ဖြစ်သည်။ “ကျွန်တော် ပြောချင်တာကတော့ MH370ကို ကျွန်တော်တို့ ဆက်ပြီးတော့ ရှာဖွေနေဦးမယ် ဆိုတာပါပဲ”ဟု ဝန်ကြီး ဟစ်ရှာမူဒင်က ဖွင့်ဟပြောဆိုသွားခဲ့သည်။

From: Planet Myanmar Network

မလေး လေယာဉ် ပျက်ကျဟုဆို၊ အကြောင်းရင်း မရှင်းလင်းသေး

Posted by drmyochit Tuesday, March 25, 2014, under | No comments

ပျက်ကျသွားသည်ဟု ဆိုသော မလေးလေယာဉ် MH370 ပေါ် ပါသွားသူတဦး၏ ဆွေးမျိုးသားချင်းတဦး တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မလေးရှားသံရုံးရှေ့တွင် သောကရောက်နေစဉ် (ဓာတ်ပုံ – Reuters)

မလေးရှား လေကြောင်းလိုင်းမှ လေယာဉ် အမှတ် MH370 သည် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခဲ့ပြီဟု ယူဆရပြီး အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း မလေးရှား ၀န်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇက်က (Najib Razak) က မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်သည်။ ဂြိုလ်တု ဓာတ်ပုံ အထောက်အထားများအရ ထိုသို့ ယူဆရခြင်း ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ သည်။

သို့သော်လည်း မည်သည့် အတွက်ကြောင့် ထိုသို့  ဖြစ်ပွားခဲ့ရကြောင်းကို မလေးရှား တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ထို့ကြောင့် မိမိ၏ နိုင်ငံသား အများစု ပါဝင်နေသည့် တရုတ်နိုင်ငံက ဂြိုဟ်တုမှ အချက်အလက်များပေး ရန်တောင်းဆိုခဲ့သည်။

မလေးရှား အစိုးရ၏ ပြောကြားချက်ကို မယုံကြည်သော တရုတ်နိုင်ငံသား ခရီသည်များ၏ မိသားစုများက တရုတ်နိုင်ငံရှိ မလေးရှား နိုင်ငံသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ရှာဖွေရေးကို ဦးဆောင်နေသည့် ဩစတြေးလျ နိုင်ငံမှ တာဝန်ရှိသူများက လေယာဉ် အပျက်အစီးများရှိသည်ဟု ယူဆရသည့်နေရာတွင်  ရာသီဥတု ဆိုးရွားနေသည့်အတွက် လေယာဉ်ရှာဖွေရေးများကို ရပ်ဆိုင်းထားရကြောင်းလည်း ကြေညာထားသည်။

မတ်လ ၂၅ ရက်နေ့ အစောပိုင်းတွင် တရုတ်နှင့် သြစတြေးလျ ရှာဖွေရေးလေယာဉ်များက သြစတြေးလျနိုင်ငံ၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၀ အကွာ ပင်လယ်ပြင်ထဲတွင် ပျောက်ဆုံးလေယာဉ်မှဟု ယူဆရသည့် အပျက်အစီး အပိုင်းအစများကို တွေ့ရှိခဲ့ကြသည်။ သြစတြေးလျ လေယာဉ်က အရာဝတ္တု ၂ ခု တွေ့ရှိခဲ့ရာ တခုမှာ မီးခိုးရောင် သို့မဟုတ် အစိမ်းရောင်ရှိပြီး စက်ဝိုင်းပုံဖြစ်သည်။ နောက်တခုမှာ လိမ္မောရောက် ဖြစ်၍ လေးထောင့် ပုံရှိကြောင်းသိရသည်။  အဆိုပါနေရာသို့ သြစတြေးလျ ရေတပ်မှ ထောက်ပံ့ရေး သင်္ဘောတစီး သွားနေပြီဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီးက ပြောသည်။

တရုတ်ရှာဖွေရေး လေယာဉ်မှ ၀န်ထမ်းတဦးက ကြီးမားသည့် အရာဝတ္တု ၂ ခုနှင့် အနီးပတ်လည်ရှိ စတုရန်း ကီလိုမီတာ ပေါင်းများစွာ ကျယ်ဝန်းသည့် ရေပြင်တွင် သေးငယ်သည့် အပိုင်းအစပေါင်းများစွာ တွေ့မြင်ခဲ့သည်ဟု အစိုးရပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။ ၎င်းတို့ထဲမှ အဖြူရောင် လေးထောင့်ပုံအပိုင်းအစ တခုကို လေယာဉ်ပေါ်မှ ကင်မရာက ဓာတ်ပုံ ရိုက်နိုင်ခဲ့သည်။

မလေးရှား လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးမိသားစုများထံ ပေးပို့သော မက်ဆေ့ခ်ျတွင် “MH 370 လေယာဉ်သည် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့ပြီဟု ယူဆရန်ဖြစ်လာသည့်အတွက် မလေးရှား လေကြောင်းလိုင်းက အလွန်ဝမ်းနည်းရပါသည်။ နောက်ထပ် တနာရီအကြာတွင် မလေးရှား ၀န်ကြီးချုပ်က ထုတ်ပြန်သည့် အခါတွင် ကြားရမည်ဖြစ်သည့်အတိုင်း ဂြိုလ်တုမှ ရရှိသည့် အချက်အလက် အသစ်များကို သုံးသပ်စစ်ဆေးချက်အရ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် လေယာဉ် ပျက်ကျသွားခဲ့ပါသည်” ဟု ဖော်ပြထားသည်။

ကနဦးအနေဖြင့် ခရီးသည်တဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ စီ ထောက်ပံ့ခဲ့ကြောင်းလည်း မလေးရှား လေကြောင်းလိုင်းက ကြေညာခဲ့သည်။

လေယာဉ်၏ တည်နေရာကို ဖော်ထုတ်နိုင်ခြင်း မရှိလျှင်ပင် MH370 ပေါ်တွင် လိုက်ပါသွားသော ခရီးသည်များအတွက် တဦးလျှင် အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ မျှ လေကြောင်းလိုင်းက ပေးလျော်ရန်ရှိနေသည်ဟု Bloomberg သတင်းဌာနက ဆိုသည်။

“MH370 ပျောက်ဆုံးမှုကတော့ အခုထိ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေဆဲပါပဲ။ မလေးရှားလေကြောင်းလိုင်းနဲ့ ဥပဒေအရ ဖြေရှင်းရမှာကတော့ အဆန်းတကြယ် မဟုတ်ပါဘူး” ဟု အမေရိကန် နိုင်ငံ Seattle မြို့မှ လေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ ရှေ့နေတဦးဖြစ်သည့် Robert Hedrick က The Straits Times သို့ ပြောသည်။

လေကြောင်းလိုင်းများသည် နိုင်ငံတကာ သဘောတူ စာချုပ်တခုဖြစ်သည့် ၁၉၉၉ ခုနှစ် မွန်ထရီရယ် သဘောတူညီချက် (Montreal Convention of 1999) ကို လိုက်နာရမည်ဖြစ်ပြီး မတော်တဆ ဖြစ်ရပ်ကြောင့် လေကြောင်းခရီးသည်များ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့ပါက ပြဿနာ၏ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်း မရှိလျှင်ပင် လျော်ကြေး ပေးရမည် ဖြစ်သည်။

ခရီးသည် ၂၂၇ ဦးလိုက်ပါသွားသော MH370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့ပြီး နောက်ဆုံးရရှိခဲ့သည့် ဂြိုဟ်တုမှ စစ်ဆေးချက်များအရ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု ယုံကြည်ရသည့်အတွက် မလေးရှားလေကြောင်းလိုင်းမှ ပေးလျော်ရမည့် တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၄၀ နီးပါးဖြစ်သည်။

သို့သော်လည်း လေကြောင်းလိုင်းဘက်မှ ပေါ့လျော့လစ်ဟင်းခဲ့ကြောင်း တွေ့ရှိခဲ့လျှင် လျော်ကြေး ပိုမိုမြင့်မားသွားနိုင်သည်  ဟု Bloomberg သတင်းဌာနက ဆိုသည်။ ထိုသို့ဆိုလျှင် မွန်ထရီရယ် သဘောတူညီချက်အရ သတ်မှတ်ထားသည့် အမေရိ ကန်ဒေါ်လာ ၁၇၅၀၀၀ ဆိုသည့် ပမာဏသည် ယခုဖြစ်ရပ်အတွက် အကျုံးဝင်ခြင်း မရှိတော့ဘဲ ခရီးသည်များ၏ ကျန်ရစ် သူမိသားစုများက လေကြောင်းလိုင်းကို တရားစွဲဆိုပြီး ပိုမိုမြင့်မားသည့် လျော်ကြေးတောင်းခံလာနိုင်သည်။

မတ်လ ၈ ရက် စနေနေ့တွင် လေယာဉ် ပျောက်ဆုံးခဲ့ပြီးနောက် မတ်လ ၁၀ ရက် ဈေးကွက်ဖွင့်သည့် အချိန်တွင် မလေးရှားလေကြောင်းလိုင်း၏ အစုရှယ်ယာတန်ဖိုး ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ၃ နှစ်အတွင်းတွင် နှစ်စဉ် အရှုံးပေါ်ခဲ့ကာ ပြီးခဲ့သည့် ၁၂ လ အတွင်းတွင်လည်း ရှယ်ယာဈေး ၄ ပုံတပုံ ကျဆင်းခဲ့သည့်အတွက် စတော့ဈေးကွက် ကျွမ်းကျင်သူ ပညာရှင်အများစုက “အရောင်း” အဆင့် သတ်မှတ်ထားခဲ့ကြောင်း The Wall Street Journal ကရေးသားလိုက်သည်။

MH370 လေယာဉ် ပျောက်ဆုံးခြင်းကို အဖြေမထုတ်နိုင်သေးသည့်တိုင် အာမခံ ကုမ္ပဏီများဘက်က စတာလင်ပေါင် ၆၇ သန်း (အမေရိကန်ဒေါ်လာ သန်း ၁၁၀ ခန့်) ပေးလျော်ရနိုင်ကြောင်း ဗြိတိန်နိုင်ငံမှ စီးပွားရေး အင်တာနက် စာမျက်နှာ တခုဖြစ်သည့် This is Money တွင်ဖော်ပြထားသည်။

လေယာဉ်ပျက်ကျခြင်းကို အတည်မပြုနိုင်သေးသော်လည်း စံသတ်မှတ်ထားသည့် မူဝါဒများအရ လေယာဉ်တစင်းသည် ၄၈ နာရီအတွင်း ကွင်းသို့ဆင်းသက်ခြင်း မပြုလျှင် သို့မဟုတ် ဆီမဖြည့်လျှင် လေယာဉ် ပျက်စီးသွားပြီဟု ယူဆရမည် ဖြစ်သည်။

နိုင်မင်းသွင်| ဧရာဝတီ

MH 370 ပတ်သက်၍ မလေးရှားလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်

Posted by drmyochit Tuesday, March 25, 2014, under | No comments


ကွာလာလမ်ပူ ၊ မတ် ၂၅

မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားသော MH 370 လေယာဉ်ပျံနှင့် ပတ်သက်၍ ယမန်နေ့ညက မလေးရှားဝန်ကြီးချုပ် နာဂျစ်က နောက် ဆုံးတွေ့ရှိချက်များကို ကြေငြာခဲ့သည့်အားလျော်စွာ ၎င်းခ ရီးစဉ် တွင်ပါ သွားသော ခရီးသည်များအားလုံးနှင့် လေ ယာဉ်အ မှုထမ်း အားလုံးတို့သည် လေယာဉ်မှုအတူ ပျောက် ဆုံးသွားပြီဆိုသည့် နာကျင်ဖွယ် ပကတိတရားတစ်ခုအား ကျွန်ုတို့လက်ခံရတော့မည်ဟု မလေးရှား လေကြောင်းလိုင်း ဥက္ကဌ မိုဟာမက်ယူဆွတ်က ပြောလိုက်သည်။

ထိုကဲ့သို့ မီဒီယာမှထုတ်ပြန်မကြေငြာခင်တွင် ခရီးသည်များနှင့်ဝန်ထမ်းများ၏ ကျန်ရစ်သူ မိသားစုဝင်များ အား တစ်ဦးချင်းစီ တယ်လီဖုန်းဖြင့်လည်းကောင်း ၊ SMS ဖြင့်လည်းကောင်း ဝမ်းနည်းဖွယ်ရာသတင်းကို အသိပေးခဲ့သည်။ ထိုကြောင့် မိသားစုဝင်တစ်ထောင်ခန့်မှာ မီဒီယာများအရင် ကြိုတင်သိရှိခဲ့သည် ဆိုသည်။

ယခုအခါ ကူညီဖြေသိမ့်သူ ဦးရေ ၇၀၀ ပါဝင်သည့် ကွန်ယက်တစ်ခုကို မလေးရှားလေကြောင်းလိုင်း ကစီ စဉ်ခဲ့ကာ ခရီးသည်တစ်ဦးချင်းစီ ၏မိသားစုတိုင်းအား ကူညီဖြေသိမ့်သူ ၂ ဦးနှုန်းဖြင့်အားပေးနှစ်သိ မ့်လျှက် ရှိကြောင်း၊ ခရီးသည်တစ်ဦးချင်းစီအတွက် ကနဦးအကူငွေ ကန်ဒေါ်လာ (၅၀၀၀) ထောက်ပံ့ခဲ့ကြောင်း ၎င်းထုတ်ပြန်ကြေငြာချက်မှ သိရသည်။

သို့သော် မလေးရှားလေကြောင်းလိုင်းအနေဖြင့် ထိုဝမ်းနည်းဖွယ်အဖြစ်အပျက် ဖြစ်ပွားခဲ့ရပုံနှင့် အကြောင်းရင်းကိုမူ ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးပေ။


ref : malaysia air line
photo - AFP - reuters
Popular Myanmar News Journal

တီဘီရောဂါသည် ကမ္ဘာ့ကျန်းမာရေး ပြဿနာဖြစ်လာနိုင်ကြောင်း WHO သတိပေး

Posted by drmyochit Tuesday, March 25, 2014, under | No comments

တီဘီရောဂါ၏ ကမ္ဘာ့လူသားများအပေါ် ဖိစီးနှိပ်စက်မှု လျော့ကျသွားသည့် နှစ်ကာလ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကုသမှု အခွင့်အရေး မရရှိသူများကို ယင်းရောဂါက နှိပ်စက်နေဆဲဟု WHOက ဆိုသည်


အဆုတ်နာ တီဘီရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးကို ခြိမ်းခြောက်နိုင်သည့် ကျန်းမာရေး ပြဿနာတစ်ခုသဖွယ် ပြန်လည် ရပ်တည်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ပြောကြားလိုက်သည်။ တီဘီရောဂါ၏ ကမ္ဘာ့လူသားများအပေါ် ဖိစီးနှိပ်စက်မှု လျော့ကျသွားသည့် နှစ်ကာလ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကုသမှု အခွင့်အရေး မရရှိသူများကို ယင်းရောဂါက နှိပ်စက်နေဆဲဟု WHOက ဆိုသည်။ ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားခဲ့သော်လည်း ကုသမှု ခံယူနိုင်ခြင်း မရှိသူ (၃)သန်းမျှ ရှိနေကြောင်း သိရသည်။
ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်ပွားသော အဆိုပါ ရောဂါသည် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်များ ထွက်ပေါ်လာစေသည်။ ယင်းဘက်တီးရီးယားသည် အဆုတ်ကို ဦးစွာတိုက်ခိုက်ပြီး ထို့နောက်ပိုင်းတွင် ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများကိုပါ ထိခိုက်စေတတ်သည်။ တီဘီရောဂါကို ကုသနိုင်သော်လည်း ထိရောက်သည့် ကုသမှု မရှိလျှင် အသက်ဆုံးရှုံးသည်အထိ အခြေအနေ ဆိုးနိုင်သော ကျန်းမာရေး ပြဿနာ တစ်ခုလည်း ဖြစ်သည်။ (၂၀၁၂)ခုနှစ်က တီဘီရောဂါ ကုသဆေး မတိုးသည့် စူပါအဆင့် တီဘီရောဂါ ကူးစက်မှုကြောင့် ကမ္ဘာ့လူဦးရေ သန်းဝက်မျှ ဖျားနာခဲ့ရဖူးသည်။

WHOမှ အထွေထွေ ဒါရိုက်တာ တစ်ဦးဖြစ်သော မာဂရက်ချန်းက “တီဘီရောဂါက ပုံစံကွဲအမျိုးမျိုး ရှိနိုင်တယ်။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ရောဂါဖြစ်တာကို စောစောစီးစီး သိရှိဖို့နဲ့ မြန်မြန်ဆန်ဆန် ကုသဖို့က သိပ်ကို အရေးပါတဲ့ လိုအပ်ချက်တွေပါပဲ။ ရောဂါရှာဖွေမှုမှာ မှန်ကန်တဲ့ နည်းလမ်းက ချဉ်းကပ်နိုင်ခြင်းဟာ ဒီရောဂါကို ဟန့်တားဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ WHOသည် မျိုးကွဲ တီဘီရောဂါပိုးများအတွက် ကုသဆေး ပုံစံအမျိုးမျိုးကို ထုတ်လုပ်ခဲ့သည်။
ယခုအခါတွင် တီဘီရောဂါသည် ကမ္ဘာ့ကျန်းမာရေးအတွက် ပြဿနာတစ်ခုသဖွယ် တည်ရှိနေကြောင်း WHOမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ တီဘီရောဂါသည် လူ့သမိုင်း အစောပိုင်း အီဂျစ်ဖာရိုး ဘုရင်များ လက်ထက်ကတည်းက တည်ရှိခဲ့သော ရောဂါတစ်မျိုးဖြစ်ပြီး အီဂျစ်မာမီ ရုပ်အလောင်း အချို့တွင် ယင်းရောဂါပိုး စွဲကပ်ခဲ့သည့် အထောက်အထားများကို သုတေသီများက ဖော်ထုတ်တွေ့ရှိထားသည်။

From: Planet Myanmar Network

လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအစိုးရအတည်ပြု

Posted by drmyochit Tuesday, March 25, 2014, under | No comments

ခိုင်လုံသော အထောက်အထား မရှိသေးသဖြင့် တရုတ်မိသားစုဝင်များ လက်မခံ

ကွာလာလမ်ပူ
မတ်လ ၂၄ ရက်က ဘေဂျင်းမြို့ လီဒိုဟိုတယ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုပ်သံသတင်းကိုကြည့်ရှုပြီးနောက် မလေးရှားလေကြောင်း MH 370 လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး၏ မိသားစုဝင်တစ်ဦး သတင်း ထောက်များအား အော်ဟစ်ကြိမ်းမောင်းနေသည်ကို တွေ့ရစဉ်။ ယင်းမတိုင်မီတွင် ပျောက်ဆုံးလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာထဲတွင် ခရီးလမ်းဆုံးသွားခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ်က ကြေညာခဲ့သည်။ (ဓာတ်ပုံ− ရိုက်တာ)

မလေးရှားဝန် ကြီးချုပ်နာဂျစ်ရာဇာတ်က လေ ယာဉ်သည် အိန္ဒိယသမုဒ္ဒရာတွင်း သို့ပျက်ကျခဲ့ ခြင်းဖြစ် ကြောင်း တရားဝင် ကြေညာလိုက်ပြီး နောက် အသက်ရှင်ကျန်ရစ်သူ ရှိလေဦးမလားဆိုသည့် မိသားစု ၀င်တို့၏ မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ရသည်။

ဗြိတိသျှ ဂြိုဟ်တုကုမ္ပဏီ နှင့် မတော်တဆမှုလေ့လာ စုံစမ်း ရေးမှ ဂြိုဟ်တုအချက်အလက် များအပေါ် သုံးသပ်ချက်များ ကိုအခြေခံ၍ မလေးရှားဝန်ကြီး ချုပ်နာဂျစ်ရာဇာတ်က ကြေညာ လိုက်ခြင်းဖြစ်သည်။ သို့သော် ယင်းသုံးသပ်မှု လုပ်ပုံလုပ်နည်း ကိုမူ ၎င်းကရှင်းပြသွားခြင်းမရှိပေ။

လေယာဉ် ဆင်းသက်နိုင်သည့် နေရာများနှင့် ဝေးကွာလှသော ပင်လယ်ပြင်တွင် လေယာဉ်ကို နောက်ဆုံးတွေ့ ခဲ့သည်မှာ သေချာကြောင်းကိုသာ ၎င်းက ပြောဆိုခဲ့သည်။

ရုပ်ဝတ္ထုပစ္စည်းအထောက်အ ထားမရှိခြင်းအတွက် ဖြေသိမ့်နိုင် ရန်ခက်ခဲ့သည်ဟု လေယာဉ်ခရီး သည် ဖိလစ်ဝုဒ်၏ လက်တွဲဖော် မစ္စစ်ဆာဘက်ခ်ျကဆိုသည်။

အခြားလူများကလည်း အာ ဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ကောက်ချက်ဆွဲလိုက်ရခြင်းနှင့်ပတ်သက်၍ ထပ်မံ၍ သတင်းအချက်အလက်ထုတ်ပြန်ရန် တောင်းဆိုနေကြသည်။

‘‘လေယာဉ် အပျက်အစီး တွေ့တယ်လို့ အတည်ပြုတာမရှိ ဘူးဆိုတော့ ဒီကိစ္စအမှန်တကယ် မပြီးသေးဘူး’’ ဟု မစ္စစ်ဘက်ခ်ျက ဆိုသည်။

ဘေဂျင်းစံတော်ချိန် ည ၉နာ ရီ ၄၆မိနစ်တွင် ဘေဂျင်းမြို့ရှိ လီ ဒိုဟော်တယ်ကွန်ဖရင့်ခန်းမတွင် စာသားမက်ဆေ့ခ်ျ ပို့သော ဖုန်းသံ များမြည်လာပြီး မက်ဆေ့ခ်ျမှာတရုတ်ဘာသာစကားဖြင့်မဟုတ် အင်္ဂလိပ် ဘာသာဖြင့်ဖြစ်သည်။

၁၆ရက်ကြာ သံသယ၊ မယုံ ကြည်မှုများနှင့် မလေးရှားအာ ဏာပိုင်များအပေါ် အကြီးအ ကျယ်ဝေဖန်မှုများ ရှိခဲ့ပြီးနောက် ဖုန်းစာသားမက်ဆေ့ခ်ျမှာ နောက် ဆုံးစော်ကားမှုဖြစ်သည်ဟု တရုတ်မိသားစုများ ကဝေဖန်သည်။

သတင်းကို အတည်ပြုရန် အခန်းအတွင်းရှိ ရုပ်သံဖန်သားပြင်များပေါ်တွင် မလေးရှားဝန်ကြီးချုပ်ပုံပေါ်ထွက် လာသောအခါ စူးစူးဝါးဝါးအော် ဟစ်သံများ၊ ငိုကြွေးသံများစတင် ပေါ်ထွက်ခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီး သည်အများစုမှာ တရုတ်နိုင်ငံ သားများဖြစ်ပြီး စုစုပေါင်း ၁၅၂ ဦးလိုက်ပါခဲ့သည်။

တရုတ်ဂြိုဟ်တုက ယင်းနေရာတွင် အရာဝတ္ထုအချို့ကို တွေ့ရှိကြောင်း ပြောဆိုခဲ့သော်လည်း မတ်လ ၂၄ ရက်က သွားရောက်ခဲ့သည့် အမေရိကန် ရှာဖွေရေးအဖွဲ့က တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။

ထို့နောက် သြစတြေးလျအရာရှိများက အနောက်အိန္ဒိယသမုဒ္ဒရာတွင် အရာဝတ္ထုနှစ်ခုကို တွေ့ရှိကြောင်း ထပ်မံပြောဆိုလိုက်ပြီးနောက် မလေးရှားဝန်ကြီးချုပ်က အတည်ပြုချက်ထုတ်ပြန်လိုက်သည်။

ယင်းပစ္စည်းများမှာ မီးခိုးရောင် (သို့) အစိမ်းရောင်ခပ်ဝိုင်းဝိုင်း အရာဝတ္ထုနှင့် လိမ္မော်ရောင်လေး ထောင့်ပုံရှိ ပစ္စည်းဖြစ်သည်ဟု ဆိုသည်။ ယင်းတို့မှာ လေယာဉ် ပျက်မှဖြစ်နိုင်ဖွယ်ရှိသော နောက် ဆုံးတွေ့ရှိထားသည့် ပစ္စည်းများ ဖြစ်သည်။ သို့သော် လေယာဉ်မှ အကြွင်းအကျန်ဟု ကံသေကံမ ပြောဆိုနိုင်ခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်း ပစ္စည်းများကို ဝေဟင်မှ တွေ့ရ ခြင်းဖြစ်ပြီး လက်ဝယ်ရရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံအသီးသီး မှ ရှာဖွေရေးအဖွဲ့များက ဂြိုဟ်တုမှ နောက်ဆုံးမြင်တွေ့ရသည့် ပစ္စည်းများကို ရရှိရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး လက်ဝယ်အပျက်အစီးမရှိ၍ စိစစ်နိုင်ခြင်းမရှိဘဲ ခန့်မှန်းချက်အဖြစ်သာ ရှိနေဦးမည်ဖြစ်သည်။

နောက်ဆုံးအကြိမ် လေ ယာဉ်နှင့် လေကြောင်းထိန်းသိမ်း သူများအဆက်သွယ်ရခဲ့ချိန်မှာ ဗီယက်နမ်လေကြောင်းပိုင်နက်အ တွင်းသို့ စတင်ဝင်ရောက်ချိန်ဖြစ် ပြီး အမြင့်ပေပေါင်း ၃၅၀၀၀ မှ ပျံသန်းနေခဲ့သည်။ ထိုအချိန်မှာ ပင် အနောက်ဘက်ကို ထောင့်ချိုးကွေ့ပြီး မာလက္ကာ ရေလက် ကြားဆီသို့ ဦးတည်ပျံသန်းသွား ကြောင်း စစ်တပ်ရေဒါက ဖမ်းယူ ရရှိခဲ့သည်။ ရေဒါမှ ပျောက်ကွယ် မသွားမီ လေယာဉ်သည် ပေ ၁၂၀၀၀ အထိနှိမ့်ပြီး ပျံသန်းခဲ့ သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်သည့် သတင်းရပ်ကွက် က စီအင်န်အင်န်သို့ ပြောဆိုခဲ့ သည်။

‘‘အရင်က နားမလည်နိုင်ခဲ့ တာတွေက အခုဆက်စပ်နေတာ တွေ့ရပါတယ်။ လေယာဉ်က ရုတ်တရက် ပြန်ကွေ့ပြီး ပေသုံး သောင်းငါးထောင်ကနေ ပေတစ် သောင်းနှစ်ထောင်အနိမ့်မှာ ပျံ သန်းတယ်ဆိုတာက လေယာဉ် ပေါ်မှာ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ် တယ်။ မီးလောင်တာ ပေါက်ကွဲတာဆိုတာမျိုးလည်း ဖြစ်နိုင် တယ်။ ဒါကြောင့် လေယာဉ်မှူး က ပေအနိမ့်ကနေပဲ လေယာဉ် ကွင်းတစ်ခုခုဆီကို ပြန်မောင်းပြီး အကူအညီရအောင် ပြန်လှည့်ဖို့ ကြိုးစားတာပါပဲ’’ ဟု အမေရိကန် ကူးသန်းသွားလာရေးဝန်ကြီးဌာန မှ ယခင်စုံစမ်းရေးအရာရှိနှင့် လေ ကြောင်း သုံးသပ်သူ မေရီရှိအာဗို ကရှင်းပြသည်။

သို့သော် အချို့လေ့လာသူ များက နောက်ဆုံးရရှိသည့် သ တင်းအချက်အလက်များအပေါ် ယုံကြည့် စိတ်ချနိုင်မှုရှိ၊ မရှိနှင့် ယင်းတို့၏ မှန်ကန်မှုအပေါ် သံသ ယရှိနေဆဲဖြစ်ပြီး ကောက်ချက်ဆွဲ ရန် မသင့်သေး ဟု ဆိုသည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ဇုန်ကို ဘာကြောင့်ရှာဖွေရသနည်း။

ဂြိုဟ်တု အချက်အ လက်များအရ အိန္ဒိယသမုဒ္ဒရာတွင် သြစတြေးလျနိုင်ငံနှင့် မိုင် ၁၄၃၀ အကွာတွင် မျောနေသော အပျက်အစီးတွေ့ရကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေကပြောဆို သည်။ ယင်းကို မလေးရှား အာဏာပိုင်များထံသို့ ပေးပို့ခဲ့သည်ဟုလည်း ဆိုသည်။

အစောပိုင်းသြစတြေးလျနှင့် တရုတ်အာဏာပိုင်များကလည်း အလားတူ ဂြိုဟ်တုပုံများကို ထုတ်ပြန်ခဲ့သည်။ တရုတ် ဂြိုဟ်တုပုံအရ ၇၄ ပေနှင့် ၄၃ ပေအရွယ်ရှိ အရာဝတ္ထုကို တွေ့ရှိရသည်။ သို့သော် သြစတြေးလျ ရှာဖွေရေးအဖွဲ့က အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် မတ် ၂၂ ရက်အထိ တစ်စုံတစ်ရာမတွေ့ခဲ့ရပေ။

ရှာဖွေသည့်နေရာ တကယ်မှန်ကန်ပါသလား။

အသေအချာတော့လည်း မ ပြောနိုင်ပေ။ အားလုံးက ခန့်မှန်း ချက်နှင့် အနီးစပ်ဆုံးရှာဖွေနေခြင်း သာဖြစ်သည်။ ရေပြင်တွင် မျော နေသော သစ်ခံပြားနှင့် အခြား ပစ္စည်းများကို တွေ့ရုံမျှဖြင့် လေ ယာဉ်အစိတ်အပိုင်းဟု မပြောနိုင်ကြောင်း လေ့လာသူများကဆိုသည်။ နောက်ဆုံး တွေ့ရှိထားသော အရာဝတ္ထုနှစ်ခုကို လက်ဝယ်ရချိန်တွင် ပို၍ တိကျသော အဖြေတစ်ခုခု ထွက်လာနိုင်ပါသည်။

လက်ရှိတွင်မူ ဂြိုဟ်တုမှပုံများနှင့် ဝေဟင်မှ ပုံများကို အခြေခံပြီး ဖြစ်နိုင်ခြေများကို ခန့် မှန်းနေရချိန်သာ ရှိနေသေးသည်။ မလေးရှားဝန်ကြီးချုပ်က သမုဒ္ဒ ရာအတွင်းသို့ လေယာဉ်ပျက်ကျ ကြောင်း အတည်ပြုချက်ထုတ် ပြန်ခဲ့သော်လည်း လေယာဉ်ခရီး သည် မိသားစု အားလုံးကမူလက်မခံကြသေးပါ။ ဆက်လက် ရှာဖွေနေဆဲ အဖွဲ့တစ်ခုခုက တိ ကျသော အထောက်အထားရရှိ ချိန်အထိ ဆက်လက်စောင့်မျှော် နေကြဦးမည်ဖြစ်ပါသည်။

(နိုင်ငံတကာ သတင်းဌာနများ၏ ရေးသားချက်များကို ခင်မေဇော် နှင့် ရဲမင်း စုစည်းဘာသာပြန်ဆိုသည်)

From: 7Day News Journal

MH370 အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျ၊ အသက်ရှင်ကျန်ရစ်သူမရှိလို့ဆို

Posted by drmyochit Tuesday, March 25, 2014, under | No comments


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ သွားပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူအားလုံး အသက်ရှင်ကျန်ရစ်တာ မရှိနိုင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် Najib Razak က ပြောလိုက်ပါတယ်။

နောက်ဆုံးရရှိခဲ့တဲ့ သတင်းအချက် အလက်တွေအရ ဝေးလံခေါင်ဖျားတဲ့ အိန္ဒိယ သမုဒ္ဒရာ ထဲမှာ လေယာဉ် ပျက်ကျ ခဲ့တာ ဖြစ်ကြောင်း နဲ့ ဒီလေယာဉ်ပျောက်ကို ခြေရာခံတဲ့ နည်းပညာတွေဟာ အရင်တုန်းက တခါမှ အသုံးမပြုဖူးတဲ့ အဆင့်မြင့် နည်းပညာတွေကို အသုံးပြု ခဲ့တယ်လို့လည်း မလေးရှား ၀န်ကြီးချုပ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ ကိုလည်း မလေးရှား လေကြောင်းလိုင်းက ဆက်သွယ်ပြီး တယ်လီဖုန်း ကနေတဆင့် သတင်း စကားတွေ ပြောပြ လိုက်ပြီလို့ ဆိုပါတယ်။

လူပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ လေယာဉ်အမှတ် MH 370 ဟာ မတ်လ ၈ ရက်နေ့ ကတည်းက ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ပျံသန်းနေခဲ့ရာကနေ လမ်းကြောင်းသွေဖီပြီး ဘာကြောင့် အိန္ဒိယ သမုဒ္ဒရာထဲရောက်ခဲ့သလဲ ဆိုတာကိုတော့ အခုချိန်အထိ မသိရှိရသေးပါဘူး။

ABC Radio Australia

MH 370 အိန္ဒိယသမုဒ္ဒရာမှာ ပျက်ကျခဲ့ကြောင်း မလေးဝန်ကြီးချုပ် ကြေညာ

Posted by drmyochit Tuesday, March 25, 2014, under | No comments

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ သွားတာကို ဒီ ကနေ့ လုပ်တဲ့ မလေးရှား ဝန်ကြီးချုပ် Datuk Seri Najib Tun Razak ရဲ့ သတင်းစာရှင်း လင်းပွဲမှာ အတည်ပြု ပြောကြား လိုက်ပါတယ်။
 ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မလေးရှား ဝန်ကြီးချုပ်

Air Accidents Investigation Branch (AAIB) ဆိုတဲ့ ဗြိတိန် စုံစမ်းရေးသမားတွေရဲ့ အတည်ပြုချက် အပေါ် အခြေခံပြီး အခုလို မလေးရှား ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောသွားတာဖြစ် ပါ တယ်။

မလေးရှား ဝန်ကြီးချုပ်က ပြောသွားရာမှာ Immarsat ကုမ္ပဏီက ညွှန်ပြချက်တွေအရ လေယာဉ်ပျံသန်း သွားတဲ့ နောက်ဆုံး လမ်းကြောင်းကို အိန္ဒိယသမုဒ္ဒရာ တောင်ဘက် အခြမ်းမှာဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ပြီး မလေးရှား လေကြောင်းလိုင်းနဲ့ AAIB တို့ ပူးပေါင်းကာ လေယာဉ်ဟာ အဲဒီလမ်းကြောင်းမှာ ပျံသန်းသွားခဲ့တယ်လို့ ကောက်ချက်ချခဲ့ကြတာပါ။

လေယာဉ်ရဲ့ နောက်ဆုံး အနေအထားဟာ သြစတြေးလျ နိုင်ငံ ပတ် ( Perth ) မြို့ရဲ့ အနောက်တောင် ဘက်၊ အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ဒီအချက်အလက်အသစ်တွေအရ အထူးကြေကွဲဝမ်းနည်းစွာနဲ့ ပြောရမယ်ဆိုရင် MH 370 လေယာဉ် ဟာ အိန္ဒိယ သမုဒ္ဒရာတောင်းပိုင်းမှာ အဆုံးသတ်သွားခဲ့ပါပြီ” လို့ မလေးရှား ဝန်ကြီးချုပ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

သူက ဆက်ပြောတာမှာ နောက်ဆုံး တွေ့ရှိချက်တွေအပေါ် အခြေခံတဲ့ အသေးစိပ်အချက်အလက်တွေကို မနက်ဖြန် အင်္ဂါနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောသွားမှာဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ဆိုပါတယ်။

ဝန်ကြီးချုပ် နာဂျစ်က ပြောတာမှာတော့ အစောဆုံး အခွင့်အလမ်းမှာ ရရှိတဲ့ သတင်းအချက်အလက် အသစ်တွေကို လေယာဉ်မိသားစုတွေနဲ့ ဒီစုံစမ်းရေးကို ဦးဆောင်တာဝန်ယူတဲ့ တာဝန်ခံ ၂ ဦးတို့ ကို လေးစားတဲ့ အနေနဲ့ ပွင့်လင်း မြင် သာစွာနဲ့ လေးလေးစားစား အခုလို သတင်းထုတ်ပြန်လိုက်တာဖြစ်တ ယ်လို့ ဆိုပါတယ်။

မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့ကို အသွား လူပေါင်း ၂၃၉ ဦး တင်ဆောင်ထားတဲ့ မလေးရှားလေယာဉ် ပျောက်ဆုံးပြီး ၁၇ ရက်ကျော်ကြာပြီးတဲ့အခါမှာ မလေးရှား ဝန်ကြီးချုပ်က အခုလို လေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ပြီး ခရီးသည်အားလုံး အသက်ရှင် မယ်လို့ မမျှော်လင့်တဲ့အကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို သတင်းထုတ်ပြန်လိုက်မှုကြောင့် MH 370 လေယာဉ် အမှုထမ်းတွေနဲ့ ခရီးသည် မိသားစုတွေက
တော့ မျှော်လင့်ချက်တွေ အကုန်ပျက်သုံးသွားပြီး ငိုကြွေး ကုန်ကြပါပြီ။

မလေးရှားလေကြောင်းလိုင်းကလည်း ခရီးသည် မိသားစုတွေကိုလည်း ဝမ်းနည်းကြောင်းပြောကြားပြီး အတည်ပြုချက်ကို အကြောင်းကြားလိုက်ပြီလို့ သိရပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

Monday, March 24, 2014

ပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းရေး ရခိုင်အမျိုးသမီးများ ဆွေးနွေး

Posted by drmyochit Monday, March 24, 2014, under | No comments


ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ ပါဝင်ဆောင်ရွက်နိုင်မယ့် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို ရခိုင်အမျိုး သမီးတွေက တိုင်ပင်ဆွေးနွေးနေကြပါတယ်။

ပြည်တွင်းပြည်ပက ရာနဲ့ချီတဲ့ ရခိုင်အမျိုးသမီးကိုယ်စားလှယ်တွေဟာ စစ်တွေမြို့က အလိုတော်ပြည့်ကျောင်း တိုက်မှာကျင်းပတဲ့ ရခိုင်အမျိုးသမီးအစည်းအရုံး ညီလာခံမှာ ရခိုင်ပြည်နယ်အရေး ဆွေးနွေးနေကြတာပါ။

ရခိုင်ပြည်နယ်ထဲဖြစ်ပွားတဲ့ ပဋိပက္ခတွေကို အကြမ်းမဖက်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းစေလိုပြီး အမျိုးသ မီးတွေအနေနဲ့ လည်း တဖက်တလမ်းက ပါဝင်ဖြေရှင်းဖို့ ရည်ရွယ်ထားတယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဒုတိ ယခေါင်းဆောင် စောစံငြိမ်းသူက ပြောပါတယ်။

ရခိုင်အမျိုးသမီးတွေအနေနဲ့ မိမိပြည်နယ်နဲ့တကွ နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်တွေ ရှိလာအောင်နဲ့ ရခိုင်အမျိုးသမီးတွေရဲ့ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းအောင် ဒီညီလာခံကနေ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်သွားမယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသမီးတွေရဲ့ အမည်ရှေ့မှာ စောဆိုတဲ့ အမည်ကို ပိုပြီးတွင်ကျယ်စွာ ပြန်လည်ဖော်ထုတ်သုံးစွဲလာကြဖို့လည်း ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်အမျိုးသမီးညီလာခံကို အရင်က ပြည်ပမှာ ကျင်းပခဲ့ရပြီး ဒီနှစ်တော့ ပြည်တွင်းမှာ အလွှာစုံ၊ မြို့နယ်စုံက အမျိုးသမီးတွေနဲ့ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့တာပါ။

မတ်လ ၂၃ ရက်ကနေ ၂၆ ရက်နေ့ထိ ၄ ရက်တာ ကျင်းပတဲ့ ဒီညီလာခံဟာ ရခိုင်အမျိုးသမီး အစည်းအရုံးရဲ့ စတုတ္ထအကြိမ်မြောက်ညီလာခံဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ မြို့က အမျိုးသမီး ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ဆွေးနွေးနေတာဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



By နန်းမြနဒီ
DVB TV News

ထိုင်းက ဖမ်းမိထားတဲ့ တရုတ်မွတ်စလင်တွေ ဘယ်သူတွေလဲ

Posted by drmyochit Monday, March 24, 2014, under | No comments



တူရကီနိုင်ငံကို သွားပြီး အကြမ်းဖက် အစီအစဉ်တွေ သင်ကြားပေးဖို့ တရားမ၀င် ၀င်လာကြတဲ့ မွတ်စလင် ရွှေ့ပြောင်း နေထိုင်သူတွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ကြားခံ အဖြစ် အသုံး ပြုခဲ့ တာကို မကြာခင်ကတွေ့ရှိခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။

 တရုတ် မွတ်စလင်တွေ ထိုင်းကို ဖြတ်လာတဲ့ လမ်းကြောင်းပြမြေပုံ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

မွတ်စလင် ၂၉၆ ဦးနဲ့ ၁၂၂ ဦးအဖွဲ့ဟာ ထိုင်းနိုင်ငံထဲကို ၀င်နည်းမျိုးစုံနဲ့ ၀င်ရောက်လာတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိ တဲ့ အကြောင်း ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းတခုမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲက ပထမဆုံး အုပ်စုတခုကို မနှစ်က ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Suan Phlu လ၀က စခန်း မှာ ထိန်းသိမ်းထားပါတယ်။

တဆက်တည်းဆိုသလို Songkhla အရပ်မှာ ဒုတိယအုပ်စုကို ဖမ်းဆီးခဲ့ပါတယ်။ ဒုတိယအသုပ်အုပ်စုအဖြစ် မတ်လ ၁၂ ရက်နေ့က ရာဘာစိုက်ခင်းလုပ်ကွက် တခုထဲကနေ မွတ်စလင် ၂၁၉ ဦးနဲ့ မတ် လ ၂၀ ရက်နေ့ က Sadao ခရိုင် ဒေသ၊ ကျောင်းတခုမှာ ၇၇ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

အခု ဖမ်းဆီးမိထားတဲ့ တရား မ၀င် ၀င်ရောက်လာသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာ သဲသဲကွဲကွဲ မသိရသေးပေ မယ့် အဲဒီ ၁၁၂ ဦးအုပ်စုထဲ လူ ၃၀ က တော့ တရုတ်နိုင်ငံက ခွဲထွက်ရေး ကြိုးစားနေကြတဲ့ ဇီကျန်ပြည်နယ် အနောက် ခြမ်းက ဝှေကာလူမျိုးတွေဖြစ်တယ်လို့ အတည်ပြုချက်ရထားတယ်လို့ ဆိုပါ တယ်။

ရာဘာစိုက်ခင်းထဲဖမ်းမိခဲ့တဲ့ မွတ်စလင်အုပ်စုတခုကတော့ သူတို့ဟာ တူရကီနိုင်ငံက ၀င်ရောက်လာ သူတွေ လို့ ပြော ကြတယ်လို့ သိရပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက်မှာတော့ အဲဒီ ၂၁၉ ဦး အုပ်စုနဲ့ ၁၁၂ ဦးအုပ်စုတို့ဟာ အတူတဖွဲ့ တည်းဖြစ် တယ် လို့ ထိုင်းလ၀က အကြီးအကဲတဦးဖြစ်တဲ့ Panu Kerdlarppol က ဘန်ကောက်ပို့စ်ကို ပြော ပါ တယ်။

ဒါပေမယ့် မကြာသေးခင်က ဘန်ကောက်ပို့စ်နဲ့ အင်တာဗျူးတခုမှာတော့ လ၀က ဒု ဗိုလ်ချုပ် Panu က နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်မှာ စိုးလို့ ဖမ်းဆီးရမိသူတွေရဲ့ နိုင်ငံသား ဆိုင်ရာ ကိစ္စကို အသေးစိပ် ပြောဆိုဖို့ ငြင်းဆို ထား တယ်လို့ ဆိုပါတယ်။

အခု ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ အဲဒီ မွတ်စလင်တွေကို တူရကီအစိုးရကတော့ တူရကီနိုင်ငံကို အုပ်စု လိုက် ခေါ်ယူ ရေး အကူအညီပေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ပြောစဉ်မှာပဲ တရုတ်အစိုးရကတော့ အဲဒီမွတ်စလင်တွေဟာ တရုတ် လူမျိုးတွေဖြစ်ပြီး တရုတ်ပြည်ကို ပြန်ခေါ်မှာဖြစ်တယ်လို့ ပြောထားပါတယ်။

ထိုင်း လ၀က ဗျူရိုနဲ့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရ သူတွေဟာ တရုတ် နိုင်ငံက လာကြတဲ့ မွတ်စလင်တွေ ဖြစ်ပုံရတယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရုတ်နိုင်ငံက ဝှေကာမွတ်စလင်တွေနဲ့ပတ်သက်ပြီး အထူး ဂရု စိုက်လာခဲ့တာ ကတော့ ထိုင်းနိုင်ငံ လ ၀ က အကြီးအကဲ မစ္စတာ Panu နဲ့ တရုတ်နိုင်ငံ ကူမင်းရဲတပ်ဖွဲ့ အာဏာပိုင်တွေ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တွေ့ပြီး အဲဒီ ဝှေကာ မွတ်စလင် အရေး ဆွေးနွေးပြီးကတည်းကလို့ ဆိုပါတယ်။

တချို့ တရုတ် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တရုတ် မွတ်စလင် ရွှေ့ပြောင်းသူတွေဟာ တူရကီနိုင်ငံကို သွားလိုခဲ့ကြပြီး တူရကီနိုင်ငံမှာ စစ်လက်ပစ္စည်းတွေ ဘယ်လိုအသုံးပြုရတယ်ဆိုတဲ့ သင်တန်းတွေ တက်ပြီးရင် တရုတ် နိုင်ငံထဲ ပြန်ဝင်ကာ တရုတ်ကနေ ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ အထောက်အပံ့ တွေရဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီ တရုတ်မွတ်စလင်တွေဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရင် ၁၄ ရက်ကြာတယ်လို့ သိရပါ တယ်။

အဆိုပါ တရုတ်မွတ်စလင်တွေဟာ တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမှာ တွေ့ဆုံပြီးတဲ့အခါ အုပ်စု ၄ စု ခွဲပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီး ယားနိုင်ငံတွေကို ဖြတ်ကာ ထိုင်းပင်လယ်ကွေ့နဲ့ နီးတဲ့ ထိုင်းနိုင်ငံ Songkhla ခရိုင်ကို ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ထိုင်း လ၀က သတင်းရင်းမြစ်တခုကို ကိုးကားပြီးဘန်ကောက်ပို့စ်က ဆိုပါတယ်။

အခုဖမ်းဆီးခံရသူတွေဟာ သူတို့ကိုယ် သူတို့ တူရကီတွေလို့ ပြောဆိုနေကြပေမယ့် ကနဦးစုံစမ်းစစ်ဆေး မှုတွေအရ သူတို့ဟာ တရုတ်ပြည်က မွတ်စလင်ရွှေ့ပြောင်းလာသူတွေဖြစ်နိုင်တယ်လို့ ဆိုခဲ့တာပါ။

ဒါပေမယ့်လို့ သူတို့ဟာ တရုတ်စကားပြောတာ၊ သူတို့ရဲ့ အသုံးအဆောက်တွေ၊ ကားလက်မှတ်တွေစတဲ့ အခြား ပုဂ္ဂလိက သုံးပစ္စည်းတွေကို ထိုင်း လ၀က အာဏာပိုင်တွေက စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါ တယ်။

ထိုင်း လ၀က အရာရှိတဦးကတော့ ထိုင်း လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေဟာ မမိုက်မဲကြောင်း သူတို့ ဘာတွေဆိုတာ သိတဲ့အကြောင်းပြောထားတာလည်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။

အဲဒီဖမ်းဆီးထားသူတွေကို တူရကီတာဝန်ရှိသူတွေနဲ့ ထိုင်း လ၀က က တူရကီ စကားပြန်အကူအညီ နဲ့ တွေ့ပေးခဲ့ပေ မယ့် သူတို့ဟာ တူရကီစကားကို ကောင်းကောင်း နားမလည်ခဲ့တာကြောင့် အပြန် အလှန် ကောင်းကောင်း မပြောဆို နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

“သူတို့ ( ဖမ်းဆီးခံထားရသူ မွတ်စလင် ရွှေ့ပြောင်းလာသူတွေ) ဟာ တူရကီဘာသာစကားကို နားမ လည်ကြဘူးလို့ စကားပြန်က ယုံကြည်ထားပါတယ်”လို့ ထိုင်း လ၀က အရာရှိတဦးက ပြောထားပါတယ်။

အခု အုပ်စုကတော့ တူရကီ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ မလေးရှားနိုင်ငံမြို့တော်ကို သွားဖို့ အစီအစဉ် ရှိခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတာကြောင့် သူတို့ရဲ့ တူရကီသွားမယ့် အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာ ရပ်သွားရတာဖြစ်ပါတယ်။

ထိုင်း လ၀က အကြီးအကဲ မစ္စတာ Panu က ပြောတာမှာတော့ အခုကိစ္စမှာ တူရကီနဲ့ တရုတ်နိုင်ငံတို့ ပါဝင်နေတာ ကြောင့် အထူးသတိထား ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။

လင်းသန့်
ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်