Thursday, June 21, 2012

အီရန်နိုင်ငံတွင် ပြည်တွင်း၌ စစ်သင်္ဘောတည်ဆောက်လျက်ရှိခြင်း

Posted by drmyochit Thursday, June 21, 2012, under | No comments


 အီရန်နိုင်ငံအနေဖြင့် ပြည်တွင်းလုပ်ဖရီးဂိတ်စစ်သင်္ဘောနှင့် ဖျက်သင်္ဘော ၁၀ စီးအား ထုတ်ဖော် ပြသရန် စီစဉ်လျက်ရှိကြောင်း အီရန်ရေတပ်နည်းပညာဆိုင်ရာ ဒုတိယအကြီးအကဲရေတပ်ဗိုလ်ချုပ် Abbas Zamini ကပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ၏ အဓိက ဖျက်သင်္ဘော တည်ဆောက်ရေးစီမံကိန်း ၂ ခုဖြစ်သည့်   Mowj-1 အတန်းအစားဖျက်သင်္ဘောတည်ဆောက်ရေး Velayat 

စီမံကိန်းနှင့် Mowj-2 အတန်းအစား ဖျက်သင်္ဘော တည်ဆောက်ရေး Velayat စီမံကိန်းများအား ၂၀၁၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက် ခဲ့ပြီးနောက် စစ်ရေယာဉ် ၁၀ စီးကျော်အား ထပ်မံတည်ဆောက်ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း Zamini က ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါစစ်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများသည် လက်ရှိအချိန်၌ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လက်ရှိအီရန်ပြက္ခဒိန်နှ စ်ကုန်ပိုင်းတွင် ပြီးဆုံး လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။အဆိုပါ သင်္ဘောတည်ဆောက်ရေးစီမံကိန်းသစ်များတွင် Mowj နှင့် Sina အတန်းအစားဖျက်သင်္ဘောများနှင့် ဒုံးပျံတင် ဖရီးဂိတ်စစ်သင်္ဘောများပါဝင်ကြောင်း Zamini က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်