Thursday, June 21, 2012

အီရန်အပေါ်စစ်ပွဲဆင်နွှဲရန်လေလုံးထွားနေမှုများ လျှော့ချသွားရန် အစ္စရေးအစိုးရအပေါ် မော့ဆက်အကြီးအကဲဟောင်းက သတိပေးပြောကြားလိုက်ခြင်း

Posted by drmyochit Thursday, June 21, 2012, under | No comments


Farsnew.com;June-19(Tue)
အီရန်နိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်မှုပြုလုပ်ခဲ့ပါက နောက်ဆက်တွဲ ရလဒ်အဖြစ် အကြီးအကျယ် ထိခိုက် ပျက်စီးမှုဖြစ်ပေါ်စေလိမ့် မည်ဖြစ်ကြောင်း အစ္စရေးလျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ (မော့ဆက်) ၏ ညွှန်ကြားရေးမှူးဟောင်း Meir Dagan က ၎င်းင်းအစိုးရ အရာရှိများကို ထပ်လောင်းပြော ကြားခဲ့ပါသည်။ 


အီရန်အပေါ် တိုက်ခိုက်မှုပြုလုပ်ခဲ့ပါက နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်လာ လိမ့်မည်ဖြစ်ကြောင်း အငြိမ်းစားယူခဲ့ချိန်တွင် ၎င်းင်းက သတိပေးပြောကြားခဲ့ပြီး အီရန်အပေါ် တိုက်ခိုက်ရေး လေလုံးထွားနေမှု များအား လျော့ချရန် အစ္စရေးအစိုးရ အရာရှိများအပေါ် ၎င်းင်းကတောင်း ဆိုခဲ့ပါသည်။ Meir Dagan ၏ ထင်မြင်ယူဆချက်များအပေါ် အစ္စရေးနိုင်ငံရှိ အချို့ လူများထံမှ  ပြစ်တင်ဝေ ဖန်မှု များပြုလုပ်ခဲ့ကြပြီး အထူးသဖြင့် ပြည်တွင်း ပြဿနာအား ရှောင်လွှဲ ရန်အတွက် အီရန်နျူကလီးယား အစီအစဉ်အပေါ် ခြိမ်းခြောက်မှု အဖြစ်ဖော်ပြရန် လိုအပ်လျက်ရှိသည့် အစ္စရေး အစိုးရအရာရှိ များက ပြစ်တင် ဝေဖန်ခဲ့ကြပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်