Thursday, June 21, 2012

ရိုဟင်ဂျာဒုက္ခသည် ၁၁ ဦးအား ပြန်လည်စေလွှတ်ခဲ့ခြင်း

Posted by drmyochit Thursday, June 21, 2012, under | No comments

bdnews24.com;June-19(Tue)
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB သည် Teknaf နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ပိုင်နက် အတွင်းသို့ ကျူးကျော် ၀င်ရောက်ရန် ကြိုးပမ်းခဲ့သော ရိုဟင်ဂျာ ၁၁ ဦးအား မြန်မာနိုင်ငံ ဘက်သို့ြ ပန်လည်စေလွှတ် ခဲ့ပါသည်။ 


အဆိုပါ ရိုဟင်ဂျာများအား ဇွန်လ ၁၈     ရက်နေ့ ၁၇၀၀ အချိန်ဝန်းကျင်တွင် စက်လှေတစ်စီးဖြင့်  မြန်မာ နိုင်ငံ မောင်တောမြို့သို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း BGB ၏ အမှတ်(၄၂) သေနတ်ကိုင် တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး ဇာဟစ်ဟာဆမ် က bdnews24 သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ၎င်းင်းရိုဟင်ဂျာ ၁၁ ဦး သည် ဇွန်လ ၁၈ ရက်နေ့ ၂၂၀၀ အချိန်တွင် Cox's Bazar ခရိုင်Teknaf upazila  ဒေသရှိ Sabrang ဧရိယာတွင် ဖမ်းဆီးခံခဲ့ရပါသည်။ ဇွန်လ ၁၉ ရက်နေ့ ၁၉၀၀ အချိန်ထိတိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ကျူးကျော် ၀င်ရောက်နေမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း BGB အရာရှိများက ပြောကြားခဲ့ပါသည်။

                                                                                 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်