Monday, June 25, 2012

အစ္စရေးနိုင်ငံဘဏ်ဖျက်ဆီးသူများအား ဖမ်းဆီးချုပ်နှောင်ခြင်း

Posted by Anonymous Monday, June 25, 2012, under | No comments


Tel Aviv မြို့ရှိဘဏ်ကိုဖျက်ဆီးမှုဖြင့် ဆန့်ကျင်ကန့်ကွက်သူ ၈၅ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားခဲ့ရကြောင်း အစ္စရေးတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။ မြို့တော် Tel Aviv အတွင်း ဘဏ်ကိုဖျက်ဆီးသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဆန့်ကျင်ကန့်ကွက်သူ ၈၅ ဦးကို ထိန်းသိမ်းခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေး၌ ဆန္ဒပြသူများသည် Tel Aviv မြို့လယ်တွင် ဇွန်လ ၂၄ ရက်နေ့နံနက်အစောပိုင်း၌ ဘဏ်ပြတင်းပေါက်များရိုက်ချိုး ဖျက်ဆီးပြီး ကားလမ်းများပိတ်ဆို့ခဲ့ကြပါသည်။ နောက်လိုက်များက ရက်အတွင်း လူထုအား ဖွဲ့စည်း၍ ကန့်ကွက်မှုပြုလုပ်ခဲ့ကြပါသည်။ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် လမ်းများပေါ်၌ရာ ပေါင်းများစွာသော လူစုကြီးရောက်ရှိနေပြီး အချို့မှာ ကားလမ်းမကြီးများအား ပိတ်ဆို့ခြင်း၊ ရဲများနှင့် လုံးထွေးသတ်ပုတ်ခြင်းများပြုလုပ်ခဲ့ကြပါသည်။ ရဲများက ကန့်ကွက်ဆန္ဒပြသူများ သည် ဘဏ် ခု၏ ပြတင်းပေါက်များအား ရိုက်ချိုးဖျက်ဆီးခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။ (
Aljazeera.com;Jun-24(sun)
)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်