Monday, June 25, 2012

ဖိလစ်ပိုင်နိုင်ငံတွင် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း

Posted by Anonymous Monday, June 25, 2012, under | No comments


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ Jose Abad Santos နှင့် Davao del Sur မြို့တို့ရှိ ပြည်သူ တပ်မတ်ာအမည်ခံသောင်းကျန်းသူတပ်ဖွဲ့များနှင့် ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့ဝင်များအကြား ဇွန်လ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ သောင်းကျန်းသူ ၃ ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၂၄ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ နံနက် ၀၇၁၅ အချိန်ခန့်တွင် အစိုးရတပ်ဖွဲ့ဝင်များသည် Sitio Datalab မြို့ဝန်းကျင်တွင် တစ်နာရီခွဲခန့် အကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ သောင်းကျန်းသူများဖမ်းဆီးရမိခဲ့ကြောင်း အရေအတွက်အတိအကျ တွက်ချက်မှု မပြုလုပ်နိုင်သေးကြောင်း အမှတ်(၁၀)ခြေမြန်တပ်မမှပြောရေးဆိုခွင့်ရှိသူ Lyndon Paniza ကပြောကြားခဲ့ပါသည်။ သောင်းကျန်းသူများသည် ရှုံးနိမ့်ဆုတ်ခွာသွားခဲ့ကြောင်း၊ သောင်းကျန်းသူအဖွဲ့များ၏အကြွင်းအကျန်များကိုအစိုးရတပ်ဖွဲ့ဝင်များကထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ (Xinhuanet.com;Jun-24(sun))


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်