Monday, June 25, 2012

အီရန်-ကာဇက်စတန်မီးရထားလမ်းဖောက်လုပ်မှု

Posted by Anonymous Monday, June 25, 2012, under | No comments

အီရန်-ကာဇက်စတန်မီးရထားလမ်း ဆက်သွယ်ဖောက်လုပ်ခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အီရန်ဆိုင်ရာ ကာဇက်စတန်သံအမတ်ကြီးက တောင်းဆိုခဲ့ပါသည်။ အဆိုပါ မီးရထားလမ်းဖြင့်
နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုများ   တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အီရန်နှင့် ကာဇက်စတန်နိုင်ငံတို့အကြားအပြန်အလှန် ကုန်သွယ်မှုသည် လာမည့်နှစ်များအတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်လွန်မည်ဟု မျှော်လင့်ရကြောင်း၊ သို့ရာတွင် ယခုကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာမှုအား မိမိအနေဖြင့် ကျေနပ်အားရကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံသည် အာရှ အလယ်ပိုင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများချဲ့ထွင်ရန် သံတမန် နည်းလမ်းများဖြင့် စတင်ခဲ့ကြောင်း သိရှိရပါသည်။ အီရန်နိုင်ငံအနေဖြင့် ဥဇဘက်ကစ္စတန်၊ ကာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်တို့နှင့် စီးပွားရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအား အထူးအလေးထားဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်