Monday, June 25, 2012

အီရန်အပေါ်အရေးယူပိတ်ဆို့မှုအကျိုးသက်ရောက်မှုရှိမည်မဟုတ်

Posted by Anonymous Monday, June 25, 2012, under | No comments


အီရန်၏ရေနံတင်ပို့မှုများအပေါ် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများသည် အီရန်၏ ရေနံလုပ်ငန်းအား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ကြောင်း အီရန်ရေနံဝန်ကြီး Rostam Qasemi ကဇွန်လ ၂၄ ရက်နေ့ကပြောကြားခဲ့သည်ဟု ISNA သတင်းဌာနကထုတ်ပြန် ကြေညာခဲ့ပါသည်။ အီရန်ကိုဆန့်ကျင်သော ဥရောပသမဂ္ဂ၏အရေးယူပိတ်ဆို့မှုများသည်စတင် ခဲ့ပြီဖြစ်သော်လည်း ၂၀၁၂ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင်ပြီးမြောက်မည်ဖြစ်ကြောင်း Qasemi ၏ပြောကြားမှုအား ကိုးကား၍ ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများသည် အီရန်နိုင်ငံအတွက် အခက်အခဲဖြစ်စေမည်မဟုတ်သလို ၎င်း၏ နျူကလီးယားအစီအစဉ်အားလည်း တားဆီးနိုင်မည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အီရန်၏နျူကလီးယားအစီအစဉ်သည် စစ်ရေးအတွက် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အနောက်အုပ်စုနိုင်ငံများက သံသယရှိနေသော်လည်း အီရန် နိုင်ငံအနေဖြင့် ထိုစွပ်စွဲချက်များအား ငြင်းဆန်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ (Xinhuanet.com;Jun-24(sun)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်